Wednesday, April 29, 2009

ကျွန်တော်အခု သီချင်းဆိုက်လေးလုပ်ထားပါတယ်... သီချင်းကတော့ အများကြီးမရှိသေးပါဘူး... လုပ်နေတုန်းပေါ့...
အဆင်ပြေရင် ၀င်ကြည့်ပေးကြပါ... လိုအပ်ချက်တွေကိုလဲ ပြောပေးကြပါ... သီချင်းဆိုက်ကိုသွားချင်ရင် "MUSIC" ဆိုတဲ့ TAB လေးကို နှိပ်ပြီးဝင်ကြည့်လို့ရပါတယ်.... လာရောက်ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....


လူတိုင်းကိုလေးစားတဲ့
"မင်းကိုချစ်တဲ့သူ"

Friday, April 17, 2009

နှစ်သစ်ကဗျာ

နှစ်သစ်ချိန်ခါ ပျော်ရွင်စရာ
ကျက်သရေမင်္ဂလာ ပြည့်စုံစွာ
ဘုးရားကျောင်းကန် သွားကြပါ
မိဘစကား နားထောင်ကြ
ဆရာကိုလည်း ရိုသေမှ
ရည်းစားစကား နားမှာကြား
ငါ့ကဗျာကို အမှတ်ထား
အဟောင်းစွန့်ကာ အသစ်ပြောင်း
အပြစ်ရှိရင် ၀န်ခံကြောင်း
ကျန်တာတွေလည်းညောင်း
အဟောင်းဆိုတာ ရည်းစားမပါ
ပစ္စည်းကိုပဲ ဆိုလိုတာ
အမှားရှိရင် ခွင့်လွှတ်ကြ
နှစ်သစ်ကူးမှာ စိတ်မဆိုးရ...




"မင်းကိုချစ်တဲ့သူ"

Thursday, April 16, 2009

သင်္ကြန်အလွမ်း

အတာတန်ခူး နှစ်ကူးသင်္ကြန်
တစ်နှစ်တစ်ခေါက် ရောက်ရောက်လာပြန်
နှစ်ပေါင်းများစွာ ပျော်ရွင်ခဲ့ရ
ဒီနှစ်မှာတော့ အလုပ်ထဲပေါ့
ပျောဖို့ကြံရွယ် စင်္ကပူဝယ်
သင်္ကြန်ဆိုတာ ရိုးရာမဟုတ်
ကြံကာသော်လည်း တစ်ရက်တစ်ရက်
ကုန်ကုန်ခဲ့ရ ဒီနေ့မှာတော့
သင်္ကြန်အတက် ရောက်နှင့်ပြီပဲ
နောင်နှစ်များမှာ မလွတ်ရအောင်
ကြိုတင်ပြင်ကာ Leave ရက်ကိုယူ
အမိမြေကို ပြန်ခဲ့မယ်ဟေ့
စင်္ကပူက ခံစားချက်လေး........



"မင်းကိုချစ်တဲ့သူ"

Sunday, April 12, 2009

အတွေးတွေထဲ လွင့်နေဆဲ
အဆက်အသွယ်လဲ ပျက်နေဆဲ
မင်းကိုအမြဲ စောင့်နေဆဲ

အလွမ်းတွေထဲ မျောနေဆဲ
အိပ်မပျော်လဲ အိပ်နေဆဲ
မင်းကိုအမြဲ ချစ်နေဆဲ

အဝေးကိုလဲ သွားနေဆဲ
အတိတ်တွေလဲ မှေးမိန်ခဲ့
မင်းကိုအမြဲ အပြစ်မမြင်ဆဲ

မသွားပါနဲ့ တားနေလဲ
စကားတွေက နားမ၀င်းခဲ့
အချစ်ကိုလဲ နင်းဖြတ်ခဲ့
မင်းအတွက်ပဲ စတေးနေမြဲ
တစ်သတ်တာချစ်မဲ့ မင်းကိုပဲ...



"မင်းကိုချစ်တဲ့သူ"

Saturday, April 4, 2009

မတွေးရဲဘူး တွေးလဲမထူး
မင်းလည်းအခု အနားမရှိဘူး
မဆွေးချင်ဘူး ဆွေးလဲမထူး
ငါလည်းအခု တစ်ယောက်တည်းရူး
မဝေးချင်ဘူး နီးလည်းမထူး
မင်းစိတ်အခု အနားမရှိဘူး
မနွေးထွေးဘူး ငါ့အချစ်ဦး
ချစ်တာသိရက် ဂရုမစိုက်ဘူး
မနေတော့ဘူး နေလည်းမထူး
မင်းကိုတွေးလို့ ငါ့မှာရူး
ငါရှိနေလည်း မင်းကအခု
တစ်ယောက်ယောက်နဲ့ ပျော်ရွင်မြူး
ငါရခဲ့တဲ့ အချစ်ရဲ့ဆု...



"မင်းကိုချစ်တဲ့သူ"