Friday, June 26, 2009

တစ်ရက်တာအချိန်ဆိုတာ ကုန်မြန်သော်လည်း
အိမ်ပြန်ရမယ့်ရက်ဝေးခဲ့ပါပြီ...
အိမ်ဆိုတာဘယ်လောက်ကောင်းကောင်း
ဘယ်လောက်ပြည့်စုံနေပစေ
မိဘမေတ္တာအရိပ်အောက်က အိမ်လောက်
မနွေးထွေးပါဘူး...
အစားအသောက်ကလည်းဘယ်လောက်ကောင်းကောင်း
အဟာရဘယ်လောက်ရှိရှိ
မိသားစု စုံစားရတဲ့ထမင်းဝိုင်းလောက်
မချိုမြိန်ဘူး...
ဒီလိုပါပဲ ငါဟာ
အဝေးကနေပြီး အလုပ်လုပ်
ဝင်ငွေရှိပေမယ့်...
မိဘပေးတဲ့ငွေ ၁၀၀၀ လောက်တောင်
သုံးလို့မကောင်းပါဘူး...
အမေးချက်တဲ့ထမင်း
အဖေနဲ့အတူတူစက်ပြင်ခဲ့တဲ့အချိန်
ညီအစ်ကိုတွေနဲ့လျောက်သွားခဲ့တဲ့နေရာ
ညီမတွေကိုသွန်သင်ပြောကြားတဲ့စကား
ဒါတွေဘယ်မှာ ထပ်လုပ်လို့ရမလဲ....

P.S လောကကြီးကပြဇာတ်တစ်ပုဒ်ဆိုရင် ငါနိုင်ငံခြားလာတဲ့အပိုင်းကိုဖြတ်ပစ်လိုက်မယ်......


"မင်းကိုချစ်တဲ့သူ"

Thursday, June 25, 2009

WELCOME TO SURVIVAL WORLD!!!

နောက်ဆက်တွဲဆိုတဲ့စကား......
လူတွေကပျော်ပြီးရင် ငိုရတယ်တဲ့
တိမ်တွေကလည်းလေဟုန်စီးလို့ပျော်နေရင်
မိုးခြိမ်းသံတွေက အဖော်အဖြစ်လိုက်ပျော်နေတယ်
ဒါပေမယ့်ပျော်ပြီးရင်တော့ မိုးအဖြစ်ဒဏ်ပေးခံရတယ်...
တိမ်တွေကပျော်ရင်တောင် အဖော်တွေနဲ့
ငါ့မှာတော့ အဖော်ဆိုလို့ Cigarette့ 
တစ်ဖွာပြီးတစ်ဖွာ အဆုတ်ကို အာဟာရဖြည့်ပေးရင်း
အတိုင်းအဆမရှိ အကာအရံမရှိ သုညဆိုတဲ့နေရာကို
ပျော်ရွင်ခြင်းမဲ့ ခံစားချက်နဲ့ ခဏ ခဏ ရောက်ခဲ့တယ်...
မွေးနေ့ဆိုတာပါလဲ... အသိအမှတ်ပြုတဲ့နေ့တစ်နေ့လား
အချိန်တွေ ရွေးလျားရင်းကျော်ဖြစ်သွားတဲ့သာမန်နေ့တနေ့လား
သူငယ်ချင်းဆိုတာပါလဲ... အတူသွား အတူစား
ခံစားချက်တွေကိုဝေငှ ဖေးမှကူညီကြတဲ့လူတွေလား
ဒါမှမဟုတ် ဆုံချက်မရှိတဲ့လမ်းပေါ်မှာခဏတာတွေ့ကြတဲ့
ခရီးသွားလား...
ငါမသိတော့ဘူး... ဒီနေ့ဆိုတာဘာလဲ...
မနက်ဖြန်လည်းမဟုတ်... မနေ့ကလည်းမဟုတ်တာလား...
အော်........
မရေရာတဲ့ ဒီလောကကြီးက မသေချာတဲ့ အခြေအနေတွေပေးပြီး
မညီညာတဲ့ လမ်းတွေကို လျှောက်ခိုင်းနေတယ်...
ငါကလဲ မဖြေသာတဲ့ခံစားချက်နဲ့ မစာနာတဲ့လူတွေရဲ့တံတွေးခွက်မှာ
ပက်လက်ကူးနေရတယ်...
ငါဘာမှားလို့လဲ...
အမှန်တရားကိုပြောတာ ငါ့အမှားလား...
ဒီလောကကြီးက အမှန်တရားဆိုတာ မရှိတော့ဘူးလား...
တိမ်အောသွားပြီလား...


"မင်းကိုချစ်တဲ့သူ"

Wednesday, June 17, 2009

လေညှင်းတွေတိုက်နေတယ် တိမ်တွေကချီတက်လျက်
ရေလှိုင်းတွေက ငါ့ရင်ခုန်သံတွေကို ဖော်ကျူးနေတယ်
ခရီးသွားတစ်ယောက် ခရီးပန်းလို့ ကန်ရေပြင်နားက
အုတ်နှစ်လုံး သစ်တစ်ချောင်းနဲ့လုပ်ထားတဲ့ ခုံတန်းပေါ်မှာ
နားခိုနေတယ်...
ဝန်းကျင်တစ်ခွင်ကလည်း စိမ်းလန်းတဲ့ အပင်တွေနဲ့
လတ်ဆတ်တဲ့လေပြေတွေ သာယာတဲ့ငှက်တွေနဲ့ပျော်မြူးသံ
သြော်...ဒါပေမဲ့...
ခရီးသွားတစ်ယောက်က ခရီးသွားတစ်ယောက်ပါပဲ
ဘယ်လောက်သာယာနေပစေ... ဒီနေရာက
သူ့အဖို့ ခဏတာနားခိုရာပါပဲ..........
ကျွန်တော့်ရင်ခွင်ကလည်း ဒီလိုဖြစ်နေပြီလား
သူပင်ပန်းတုန်း ခဏတာအမောဖြေ
အမောပြေတာနဲ့ ခြေရာဖျောက်လို့ပျောက်သွားပါလား...
နားလည်လိုက်ပါတယ်...
လူချင်းတူ ပေးဆပ်ချင်းတူတာတောင်...
ရယူးခြင်းကမတူပါလား...
ဘ၀က သုညကစခဲ့တယ်....
ဒီသုညမှာပဲ ဆုံးတော့မှာလား.......
မုန်းလိုက်တာကွာ.... ဒီကမ္ဘာကလူကလွဲလို့...


"မင်းကိုချစ်တဲ့သူ"

Tuesday, June 2, 2009

For U, Gal...



Lovely Gal
By Jay Chou


Want to have a helicopter
Want to fly to the universe with you
Want to melt together with you
Melt into the Milky Way

I am everyday, everyday, everyday thinking, thinking, thinking, thinking of you
This kind of sweetness
Lets me start to believe in fate
Grateful for the terrestrial gravity for
Letting me meet you

The lovable woman that's so beautiful that makes me blush
The lovable woman that's so mild that makes me heartache
The lovable woman that's so transparent that makes me feel moved
The lovable woman that's so bad that makes me go crazy

The world is so big and I and I am only a small, small, small ant
But I have to use all my strength to protect you



Posted By...

"U VUl OHW 3NO 3HT"