Tuesday, September 29, 2009

အထီးကျန်

အမုန်းအတွက် အချစ်ကိုစတေး
ဘ၀အတွက် အသက်ကိုပေး
အဝေးရောက်နေတဲ့ ငါ့အတွက်
ချမ်းအေးတဲ့နှင်းတောင် ပူလောင်မှုကို
မလွမ်းခြုံပေးနိုင်ပါလား...
ပျော်ရွင်မှုအတွက် မာနကိုစတေး
ကြည်နူးမှုအတွက် ကျေနပ်မှုကိုပေး
ပြန်မရနိုင်တဲ့ အချစ်တွေအတွက်
ကျန်ခဲ့တဲ့အတိတ်က ခြေရာတွေက
အမှတ်တရမဖြစ်နိုင်တော့ပါလား...
အတူလျှောက်ခဲ့တဲ့ အိမ်ပြန်ချိန်
ငါတို့ရဲ့ပျော်ရွင်မှုကို ရှုစားနေတဲ့ နေမင်း
ငါတို့နှစ်ယောက်ကို ခဏတာခွဲတဲ့ လမင်း
အခြေအနေတစ်ခုကြောင့် ပြန်ဆုံနိုင်မဲ့
မျှော်လင့်ချက်ရေးတေးတေးကို ရင်မှာပိုက်
အထီးကျန်လှတဲ့ Singapore Nite မှာ
စိတ်အိုက်လို့ နှလုံးသားကလဲ
ဒဏ်ရာတိုက် ဖြစ်ခဲ့လေပြီ...


P.S     不用擔心太多... 我會一直好好過,,,(dun't worry... i will b ok...)

မင်းကိုချစ်တဲ့သူ
          

Wednesday, September 23, 2009

I Luv U Gal...

The Day When We Stay Together
The Nite When The Moon Bright
Belongs to the Joyful Life...
The Day When We're Away
The Nite When No Moon Bright
Belongs To The Sadness Life...
Thou I nvr Lie u...
but u nvr trust me...
There is no truth things... Or...
Ta truth isn't belong to me...
If there is NO u,
Wat is ta meanin of Being Alive...
Wat is ta meanin of Being Luv...
Wat is ta meanin of Being evrythin...
WithOut u, i dunt want to live juz a second...
Gal, u means evrythin to me...
I LUV U will nvr change n ended...


Hope for ta endless luv
U VUl OHW 3NO 3HT

Sunday, September 20, 2009

အချစ်ဆုံးသို့

အရာရာကို သံသယပိုလို့
ဝေဒနာကို ရင်မှာပိုက်တဲ့
ကိုချစ်ရတဲ့ ကောင်မလေး
အကြင်နာကို မယုံတာတွေနဲ့
အကြိမ်တစ်ရာ ဖုံးလွမ်းလို့
အမှန်ကို မရှာဖွေခဲ့
ဆုံချင်တဲ့ စိတ်ကလေးနဲ့
ပြန်ဆုံဖို့ တွေးတွေးနေရင်း
ဝေးဝေးသွားခဲ့ ပြီ
ဒီလိုနဲ့ ချစ်ခဲ့ကြရင်း
ချစ်သက်တမ်း ငါးနှစ်ပြည့်မှာ
အနှစ်သာရမဲ့လို့ အချစ်သာ
ဒဏ်ရာရခဲ့ပြီ.............

အဝေးကပဲချစ်နေမဲ့
"မင်းကိုချစ်တဲ့သူ"

ကံကြမ္မာရဲ့  ရိုက်ချက်

အရိပ်လို မင်းအနားမှာ
အတွေးပို ငါ့စိတ်တွေကို
ရုတ်သိမ်းဖို့ စဉ်းစားမိတယ်...
အခုဆို အပျော်တွေနဲ့
အရှေ့ ကို တွေးမိတဲ့အခါ
တွေ့ ရဲ့ တဲ့ ၀မ်းနည်းစရာ...
အတွေးကို အကောင်အထည်ဖော်
စိတ်ကူးကို အရူးလိုလုပ်
ရုပ်ရှင်လို သရုပ်ဆောင်ခဲ့တယ်...
ရင်ထဲမှာ အပူတွေနဲ့
အမြင်မှာ စိတ်ချမ်းသာစွာ
အပြင်မှာ အကြင်နာမဲ့လို့...
ချစ်ရတာ တရက်ထက်မကြာ
ခွဲရမှာ ဒီတသတ်ပါ
ပြန်ဆုံဖို့ လမ်းမရှိလို့
ကံကြမ္မာသို့  ဘ၀ကိုအပ်လို့
စီရင်ဖို့ ငါအဆင်သင့်စောင်နေမယ်
မဆုံနိုင်တဲ့ လမ်းများရဲ့  အလယ်....

P.S.  ကံကြမ္မာရယ်... မင်းနိုင်ပါတယ်...

ကံကြမ္မာကို အရွက်တိုက်ခဲ့တဲ့
မင်းကိုချစ်တဲ့သူ

Friday, September 18, 2009

ထွက်ခွာတတ်သူ

ရင်နာစရာ စိတ်ညစ်စရာတွေကိုပိုက်လို့
ပျော်ရွင်ခြင်းများစွာကို ရှာဖွေစဉ်
အမှတ်မထင် သံယောဇဉ်
ကြိုးတစ်ချောင်းလေးကြောင့်
ဒီတသတ်မတွေ့နိုင်တော့တဲ့
လူတယောက်ကို ပြန်တွေ့ခဲ့တယ်...
စိတ်ညစ်စရာ ခဏမေ့လို့
စိတ်ပျက်စရာကို အိပ်ဆေးခပ်
ပျော်ရွင်စရာကိုပဲ ယူဆောင်ကာ
အမုန်းကမ္ဘာထဲ ကထွက်ခဲ့တယ်...
အချိန်တွေကိုမေ့သွားလောက်အောင်
ကြည်နူးလို့ အဲ့ဒီအချိန်ကို
မကုန်ဆုံးအောင် ဆုတောင်းခဲ့တယ်...
ကျွန်တော့်အတွက်သူက ပျော်ရွင်စရာယူလာပေးသူ
သူ့အတွက်တော့ ကျွန်တော်က အဆိပ်ခွက်လေးပေါ့
ဒီပျော်ရွင်မှုတွေက မထင်မှတ်ချိန်မှာပဲ
ကျွန်တော်မသိအောင် ထွက်သွားတော့မယ်
"သူ့ကိုချစ်တယ်" ကျွန်တော့်စိတ်ထဲမှာ
သူ့ကိုမြင်တိုင်း ပြောဖြစ်ခဲ့တယ်
"သူ့ကိုမြတ်နိုးတယ်" သူ့ကိုတွေ့တိုင်း
စိတ်ထဲမှာ ရေရွတ်မိတယ်
ဒါပေမယ့် သူက ကျွန်တော်မသိအောင် ထွက်ခွာသွားနေမှာ...


P.S. သူကိုမပိုင်ဆိုင်ရတော့လဲ ရပါတယ်... အဝေးကပဲစောင့်ကြည့်တော့မယ်...

မြတ်မြတ်နိုးနိုးနဲ့ချစ်တဲ့
"မင်းကိုချစ်တဲ့သူ"

Tuesday, September 15, 2009

ထိချက်ပြင်းတဲ့ခံစားချက်

မေတ္တာဟာ ရောင်ပြန်ဟပ်တတ်တယ်တဲ့
လူတကာကို အကောင်းမြင် အပြစ်မမြင်တတ်တဲ့စိတ်က
အချစ်ဆိုတာရောက်လာတော့ ပြောင်းပြန်ဖြစ်ခဲ့တယ်...
အချစ်တဲ့ 'အ' လို့ ချစ်ခဲ့တာလား
ချစ်လို့ပဲ 'အ' သွားတာလား
မရေရာတာတွေရဲ့ ကြား
နှလုံးသားမှာ လုံးပါးပါးခဲ့တယ်...
လူတကာနဲ့ ဆက်ဆံတာ မကြိုက်တဲ့သူနဲ့
အပေါင်းအသင်းတွေကို ခုံမင်တဲ့ကျွန်တော်
တွေ့ ဖြစ်ခဲ့တော့ ချစ်တဲ့စိတ်နဲ့ သူ့အလိုက်နေရင်း
သူ့အတ္တကိုကြီးထွားလာအောင် မွေးဖွားပေးခဲ့တယ်...
ကျွန်တော့်မှာတော့ အတ္တကိုဘေးချ
မာနကိုခ၀ါချ  ပြန်ရခဲ့တဲ့
ဝေခွဲမရတဲ့အချစ်ကို အဟုတ်ထင်
အစစ်ကိုပင်တွေခဲ့သလို အချိန်နဲ့အမျှ
ကြားရတဲ့ သတင်းတွေက မှားသယောင်
အမှန်တောင်မသိနိုင်တော့ဘူး
သူပဲဟန်ဆောင် ကောင်းခဲ့တာလား
ကျွန်တော်ပဲ လူကဲခတ်ညံ့ခဲ့တာလား
ကြိုတင်မပြင်ဆင်နိုင်တဲ့ အချိန်တော့
ရင်ကွဲမတတ် ခံစားချက်များက
နှလုံးသားမှာ မ၀င်ဆံ့နိုင်ပဲ
ကြေကွဲခြင်းအဖြစ်နဲ့ ဆုံးဆည်းခြင်းမရှိအောင်
ပြိုကွဲခြင်းနဲ့ အဆုံးသတ်ခဲ့ရတော့တယ်...


"မင်းကိုချစ်တဲ့သူ"

အပြုံးပိုင်ရှင်

အရှုံးတွေ အမုန်းတွေနဲ့
ဒုက္ခတွေကြား ရုန်းကန်ရတဲ့
ငါတယောက် မရေရာတဲ့လမ်းတလျှောက်
လေစုန်မျှောရင်း သာယာတဲ့နေရာသစ်မှာ
ပန်းလေးတွေဝင်းလို့ ရနံ့သင်းသင်းတွေကြား
မြင်တွေ့ ခဲ့ရတဲ့ နတ်သမီးတပါး
အပြုံးချိုချိုနဲ့ မမုန်းတတ်တဲ့အကြည့်
လခြမ်းသဏ္ဍာန် ပါးချိုင့်လေးနဲ့
ပြုံးပြလို့ အတိတ်ကိုမေ့သွားသလို
ငါ့အရိပ်တွေလည်း သူ့အနားမှာတ၀ဲဝဲ
အကြည့်ကို ဆွဲငင်နိုင်လှအောင်
ချစ်စရာကောင်းလှပေတယ်...
သူ့ကိုမြင်မြင်ချင်း ငါ့ဒုက္ခတွေ
လာရာလမ်းအတိုင်း ပြန်လှည့်သလိုပဲ
ပျော်ရွင်မှုတွေက နေရာပြန်ယူခဲ့ကြတယ်
ရင်ထဲမှာ အတွေးတစရောက်လာလို့
တွေးနေရင်း အချိန်တွေကုန်လို့
သူ့ရဲ့ ကကြီးသဏ္ဍာန် နှုတ်ခမ်းက
ထွက်မဲ့ စကားသံကို နားထောင်ချင်ခဲ့တယ်
အပြုံးမှာတင် ထပ်ခါရှုံးခဲ့ပါပြီ
သူ့အနားမှာနေခွင့်ရရင်
သူထားရာနေ စေရာသွား
သူ့စကားကိုပဲ နားထောင်ဖို့
အဆင်သင့်ပါပဲ...


"မင်းကိုချစ်တဲ့သူ"

Monday, September 14, 2009

ချစ်သူဒိုင်ယာရီ

ချစ်သူစဖြစ်တဲ့ပထမနှစ်
လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်တော်ရဲ့မွေးနေ့ မိုးရာသီအစ ဇွန်လ ၂၀ ၂၀၀၄ ခုနှစ်ပေါ့... ချစ်သူနဲ့စတွေခဲ့တရ် (သူငယ်ချင်းတယောက်က မိတ်ဆက်ပေးခဲ့)... ဇန်လ ၂၁ မှ စက်တင်ဘာလ ၁၉ နေ့ မနက် ၉ နာရီ ၁၉ မိနစ် အထိ သူငယ်ချင်းဘ၀နေ့ ပျော်ရွင်စွာဖြတ်သန်းခဲ့တယ်... ၉ နာရီနဲ့ ၂၀ မှာတော့ သူဟာ ကို့ဘ၀ရဲ့ ရည်မှန်းချက် မျှော်လင့်ချက် ဖြစ်လာခဲ့တယ်... မှတ်မှတ်ရရ အဲ့ဒီနေ့မှာ ချစ်သူထံမှ Alter Shirt တစ်ထည် လက်ဆောင်ရခဲ့တယ်... ဒီလိုနဲ့ ချစ်သူတွေရဲ့ နေဖြစ်တဲ့ ဖေဖ၀ါရီလ ၁၄ ရက်နေ့ ၂၀၀၅ မှာ ပန်းစည်း နှင့် Giordano အင်္ကျီလက်ဆောင်ရခဲ့... ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၁၈ နှစ်မြောက်မွေ့နေ့ ရောက်ရှိလာတယ်... လက်စွပ်လေးတစ်ကွင်းနဲ့ ချစ်သူက ကျွန်တော့်ဘ၀ ကို ချုပ်ကိုင်ထားခဲ့တယ်(အမေပြောတဲ့စကား)... ကျွန်တော်တို့ရဲ့ တစ်နှစ်ပြည့်နေမှာတော့ အင်္ကျီဆင်တူဝတ်လို့ သူငယ်ချင်းတွေကို နေ့လည်စာကျွေး တိရစ္ဆာန်ရုံမှာ ပဲ ၁၉.၉.၀၅ ကိုပျော်ရွင်စွာပြီးဆုံးခဲ့...
ချစ်သူဖြစ်တဲ့ ဒုတိယနှစ်
Chirstmas eve  ဒီဇင်ဘာ ၂၄, ၂၀၀၅ မှာတော့ ချစ်သူနဲ့ ပထမဆုံး Hip-Hop ရှိုးကိုသွားကြည့်ခဲ့... New Year မှာတော့ မျှော်စင်ကျွန်းက ရှိုးလေးတစ်ပွဲ ကို ချစ်သူအပါအ၀င် ညီအကိုများစွနဲ့ ကြည့်ခဲ့တယ်...
ဒီလိုနဲ့ ဖေဖ၀ါရီလ ၁၄ မှာ မသိအောင် ပန်းစည်းအပြန်အလှန်ပေး ချောကလက်ကျွေးရင်းနဲ့... ၉ ရက် ၄လ မှာတော့ ချစ်သူမွေးနေ့ လက်စွပ်မောင်းကွင်းလေးပေးခဲ့တယ်... ဒီလိုနဲ့ပဲ ကျွန်တော့်မွေးနေကို တဖန်ပြန်ရောက်လာခဲ့တယ်... ကိတ်မုန့်လေးနဲ့ အကိုတစ်ယောက်အိမ်မှာ အကင်လုပ်စားရင်းပျော်ခဲ့ကြတယ်... ကျွန်တော်တို့ရဲ့ နှစ်နှစ်ပြည့်နေ့မှာတော့ သူငယ်ချင်းတွေကို ခေါ် M3 ကိုသွား သီချင်းဆို... ပျော်ကြပါးကြ သောက်ကြနဲ့ စိမ်းလန်းစိုပြေ ကို သွားခဲ့တယ်...
ချစ်သူဖြစ်တဲ့ တတိယနှစ်
တန်ဆောင်တိုင်မှာတော့ ချစ်သူအိမ်နားက နိဗ္ဗာန်ဈေးကို သွားလည်ရင်း... Christmas နေ့မှာတော့ ရှိုးမသွားခင် မိဘနဲ့မိတ်ဆက်ပေးခဲ့တယ်... New Year ရောက်တော့ မခွဲဖို့ဆုတောင်း ထ၀ရချစ်ကြောင်း တစ်ဦးကိုတစ်ဦး ပြောကြားခဲ့တယ်... Valentine ရောက်တော့ ချော့ကလက်ကျွေး ပန်းစည်းပေးလို့...
သူ့မွေးနေ့မှာတော့ မွေးနေ့လက်ဆောင်အဖြစ် Foot Chain ပေးခဲ့တယ်... ကျွန်တော်မွေးနေ့ရောက် တော့လည်း သူ့စီက ဒုတိယမြောက် မောင်းကွင်းလေးတစ်ခုရရှိခဲ့... ၀မ်းနည်းစရာ ဒီသုံးနှစ်မြောက်နေ့ မှာတော့ တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲကြောင့် စာတွေနဲ့ လုံးပန်းရင် မပျော်ခဲ့ရဘူး... ဒီလိုနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နောက်ဆုံးစာမေးပွဲ ကို အဆုံးသတ်ခဲ့တယ်... သူကကြတော့ မပြီးခဲ့... နောက်ဆုံးနှစ်တနှစ်ကျန်တော့ သူ့ကို ကျောင်းကြိုကျောင်းပို့လုပ်ပေးခဲ့တယ်...
ချစ်သူဖြစ်တဲ့ စတုတ္ထနှစ်
Valentine မှာတော့ Chocolate နဲ့ အရုပ်ပါသော ပန်းစည်းကို လက်ဆောင်ရခဲ့... ဒီနှစ်တော့ကျွန်တော်က ပန်းစည်းမပေးပဲ ဆွဲကြိုးတစ်ကုန်းပေးခဲ့တယ်... ဖေဖ၀ါရီလ ၂၃ မှာတော့ မိခင်... ညီအစ်ကို... တစ်ဦးတည်းသောချစ်သူ နဲ့ ဘွဲ့ နှင်းသဘင်ကိုသွား... ဘွဲ့ယူခဲ့တယ်... ချစ်သူရဲ့  ၂၁ နှစ်မြောက်မွေ့နေ့မှာတော့ အမေနဲ့အတူသွားဝယ်တဲ့ Hand Chain ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တယ်... သြဂုတ်လ ၂၃ မှာတော့  စလုံးကို သွားဖို့ အချိန်ရောက်ခဲ့တယ်... ချစ်သူခမျာ မပြုံးနိုင်... ချစ်သူမျက်နှာကိုကြည့်ပြီးအားပေးခဲ့ တယ်... ဒီလိုနဲ့ စလုံးရောက်လာတော့ အလုပ်ရှာရင်း ချစ်သူနဲ့ Gtalk မှာ တစ်နေ့ ငါးကြိမ်ထက်မနည်းတွေ့ဖြစ် တယ်... ဒီ လေးနှစ်ပြည့်တဲ့နေ့မှာတော့ ဘာမှထွေထွေးထူးထူးမရှိခဲ့ဘူး... ဘုရားမှာ ငွေ ၉၀၀၀ လှူခဲ့တယ်...
ချစ်သူဖြစ်ဖို့ ငါးနှစ်မပြည့်မှီ တပါတ်
အောက်တိုဘာ ၂၂ မှာတော့ အလုပ်ရလို့ ၀မ်းသာမဆုံး ပျော်ရွင်လို့ ပျော်ရွင်ခြင်းကို ချစ်သူနဲ့ ဝေငှခဲ့တယ်... နိုဝင်ဘာ ၁၁ မှာတော့ အလုပ်ခွင်ထဲစ၀င်လို့ အလုပ်ရှုပ် ကံဆိုးမိုးမှောင်ကျတာပဲ... ဒုက္ခရောက် ခေါင်းမထောင်နိုင်အောင်ရုန်းရလို့ လူဘ၀ အဓိပ္ပာယ်ကို စသိခဲ့ရတယ်... Christmas နေ့ကဘာမှမထူးသလို ပဲ... New Year ညတော့ မခံစားဘူးတဲ့ ခံစားချက်လေးပေါ့... နှစ်သစ်ကို နှစ်ခါဆုတောင်းခဲ့တယ်... (မြန်မာစံတော်ချိန် နဲ့ စလုံးကစံတော်ချိန်)... ဇန်န၀ါရီလ ၁၁ ရက်နေ့မှာတော့ မင်းကိုချစ်တဲ့သူနာမည်နဲ့ မင်းအနားမှာ Blog ကိုစရေးခဲ့တယ်... ချစ်သူကိုတော့အသိမပေးခဲ့ (သ၀န်တိုတတ်လို့)... ချစ်သူများနေ့ရောက်တော့လည်း လူကြုံမရှိတာနဲ့ ဘာမှမပေးလိုက်ရဘူး... I LUV U Forever ဆိုတဲ့ ကဒ်လေးနဲ့ ချစ်သူကို နှစ်သိမ့်ခဲ့တယ်... ချစ်သူ မွေးနေ့မှာတော့ New iPod Shuffle ကိုပေးခဲ့တယ်... ကျွန်တော့်မွေးနေ့မှာတော့ မထင်မှတ်ပဲ ချစ်သူထံမှ လက်ဆောင်ရခဲ့တယ်... စက်တင်ဘာလ ၁၂ ရက်နေ့ လွန်ခဲ့တဲ့ စနေနေ့ပေါ့ ညီတစ်ရောက်မွေးနေ့ကို East Coast မှာလုပ်တော့ သွားစားရင် ပြန်မအိပ်တဲ့ အပြစ်နဲ့ မနက် ၃:၀၀ တိတိမှာ လမ်းခွဲဖို့ဆိုခဲ့တယ်... ဆောက်တည်ရာမရဖြစ်လို့ လူလဲ ဆွဲ့ အသွားခဲ့တယ်... ချစ်သူထံမှ မကြားချင်ဆုံး စကားကို ကြားခဲ့ရလို့... လာမည့် ၁၉ ရက် ဆို ငါးနှစ်ပြည့်တော့မယ်... ချစ်သူအတွက် ၀ယ်ထားတဲ့ လက်စွပ်နဲ့ ပေးမဲ့ ဖုန်း ကိုဘာလုပ်ရမလဲ?????????











နေမ၀င်တဲ့ ညများလို
ပြန်ဆုံမဲ့အတွေးတွေနဲ့
သူ့ကိုချစ်တဲ့ အချစ်တွေက
ရင်ထဲမှာ ပြည့်လျှံလို့
နေ့ရက်တွေကလည်း ရင်ခုန်စရာအပြည့်နဲ့
ဖြတ်ကျော်ခဲ့ဖူးတယ်...
နောက်တပတ် စနေနေ့
ကျွန်တော်တို့ရဲ့  ငါ့နှစ်ပြည့်မဲ့နေ့တနေ့
ပျော်ရွင်စွာနဲ့ စောင့်မျှော်ရင်း
မနေ့က စနေမှာ
အပြီးပြတ် ချစ်သူထံမှ
လမ်းခွဲစကား ကြားခဲ့တယ်...
သံသရတွေ ပေါင်းစုလို့
ယုံကြည်မှုက မှေးမှိန်
ပျော်ရွင်မှုတွေက ပြန်မလာတဲ့
အချိန်တွေကို လျစ်လျူရှုခဲ့တယ်...
၅ နှစ်ပြည့်လက်ဆောင် အဖြစ်
လက်စွပ်နဲ့ဖုန်း လက်ခံပေးပါကောင်မလေး
ကျန်တဲ့အရှုံးနဲ့ အမုန်းကိုတော့
ကျွန်တော့်ကို အဖေါ်အဖြစ်ထားခဲ့ပေးပါ...


မျှော်လင့်ခြင်းများစွာနဲ့
မင်းကိုချစ်တဲ့သူ

Saturday, September 12, 2009

အချစ်ရဲ့ နောက်ကွယ်

လူအမျိုးမျိုး ဘ၀အထွေထွေ
မတူညီကြတဲ့ ကံကြမ္မာရေ
အမုန်းအတွက် အသက်ရှင်ပြီး
အဆိပ်လေကို ရှူသွင်းနေသလို...
ပြန်ဆုံချိန်ကို မှန်းဆပျော်လို့
ဒီရင်ခွင်မှာ ခိုဝင်နိုင်ဖို့
ပြင်ဆင်ချိန် တခဏ
ကြားကြားနေရ သတင်းများက
အကောင်းမဲ့လို့ အဆိုးတွေထင်
ငါစိတ်ထဲ့တော့ အဆိုးမမြင်
ချစ်သူကိုပင် ဆက်ချစ်နေချင်...
သူ့အတွက်ဆို အတ္တကိုမေ့
ဘ၀စတေး မာနမြေချ
အချစ်ဝေငှ အမုန်းကိုဖုံး
သူ့အတွက်ဆို ဘ၀ရှုံးပစေ
အသက်သေစေ ပေးဆပ်နေမယ်...
ကျခဲ့တဲ့ သိက္ခာ ကောက်မရတဲ့အတိတ်မှာ
ထင်ကျန်နေခဲ့တဲ့ ဘ၀အိပ်မက်တွေ
တိမ်တွေလို လွင့်မျောရင်း
အချစ်တွေလည်း တန်ဖိုးမဲ့ခဲ့ပြီ....


ဘာဖြစ်ဖြစ်သူ့ကိုပဲ ချစ်နေဆဲ
"မင်းကိုချစ်တဲ့သူ" 

Tuesday, September 8, 2009

11:11

မျက်ဝန်းတစုံ အဓိပ္ပာယ်အစုံနဲ့
ပြန်ဆုံမယ်လို့ သူပေးခဲ့တဲ့
မျှော်လင့်ချက်နဲ့ 11:11 ရောက်တိုင်း
စတွေ့ ခဲ့တဲ့ နေရာဟောင်းလေးကို
ခြေမလှမ်းပဲ ရောက်ရောက်နေခဲ့တယ်...
တိမ်ပြာပြာနေရာတကာ စိတ်ညစ်စရာမရှိအောင်
သာယာတဲ့နေ့လေးပေါ့ အတွေးလေးနဲ့ လေစုန်မျှောရင်း
11:11 မရောက်ခင် တစက္ကန့်အလို
နေရာဟောင်းလေးမှာ ထပ်တွေ့ ဖြစ်ခဲ့တယ်...
ဒီလိုနဲ့ပဲ မျက်စိနဲ့စကားပြော
နှလုံးသားလဲလှယ်ဖို့ စတင်ခဲ့တယ်
မိုးဖွဲဖွဲနဲ့ စိုရွဲရွဲလေးပေါ့
အေးစက်တဲ့လက်လေး မျက်နှာပေါ်ကိုကျလာတဲ့ ဆံမျှင်လေး
ချမ်းလို့ ကိုက်ထားတဲ့ သူ့နှုတ်ခမ်းလေး
နွေးအောင်လုပ်ပေးချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒက
သူ့အနားရောက်အောင် အင်အားတွေပေးခဲ့တယ်...
ကျွန်တော့်ရဲ့  အတ္တနဲ့ မာနက
သူ့အကြည့်ကြောင့် အရည်ပျော်ခဲ့ပြီ
ဆန္ဒကိုရှေတန်းတင် သူ့ အနားကိုမရောက်ခင်
ကျွန်တော့်မျက်ရည်လည်း  မိုးနဲ့အတူရွာချခဲ့ပါပြီ
11:11 မှာပဲ သူ့ချစ်သူရောက်လာလို့
နှစ်ယောက်သား တပျော်တပါး
မိုးရေတွေကြားမှာ အချင်းချင်းကြင်နာရင်း
ကျွန်တော်ကတော့ မျှော်လင့်ချက်တွေပေးခဲ့တဲ့
11:11 ကိုပဲ အပြစ်တင်ရတာပေါ့...

P.S. "အချိန်မတန်ပဲရောက်တဲ့အချစ်နဲ့... အချိန်လွန်မှရောက်တဲ့အချစ်က လူကိုခံစားစေတယ်"


11:11 ကို အမြဲ အမှတ်ရနေမယ့်
"မင်းကိုချစ်တဲ့သူ"

Sunday, September 6, 2009

Let Me Go Hom!!!




 Verse 1
Another summer day has come and gone away
In Paris and Rome, I wanna go home
Maybe surrounded by a million people I
Still feel all alone, I just wanna go home
Oh, I miss you, you know
And I've been keeping all the letters that I wrote to you
Each one a line or two, "'I'm fine baby how are you?"
Well, I would send them but I know that it's just not enough
My words were cold and flat and you deserve more than that
Another airplane, another sunny place I'm lucky I know
but I wanna go home, I've got to go home

Chorus
Let me go home
I'm just too far from where you are
I gotta come home
Let me go home
I've had my run, baby I'm done
I wanna come home

Verse 2
And I feel just like I'm living someone else's life
It's like I just stepped outside when everything was going right
And I know just why you could not come along with me
'Cause this was not your dream, but you always believed in me
Another winter day has come and gone away
In neither Paris nor Rome and I wanna go home
I miss you, you know

Chorus
Let me go home
I've had my run
Baby I'm done
I wanna go home
Let me go home
It'll all be alright
I'll be home tonight
I'm coming back home 

 ......................................
ရန်ကုန်ပြန်ချင်နေတယ်... ဒီအချိန်ကိုရောက်တိုင်း အတိတ်က အပိုင်းလေးတပိုင်းကို အမှတ်ရနေမိတယ်...
ပြန်မယ်ဆိုတော့လည်းမဖြစ်... နေမယ်ဆိုတော့လည်းမနေချင်... ဘာလုပ်ရမလဲ???


အပတ်စဉ် ခံစားချက်


(ပျင်းလိုက်တဲ့ တနင်္ဂနွေ... 
 ရုံးမသွားချင်မဲ့ တနင်္လာ... 
 စိတ်ညစ်မဲ့ အင်္ဂါ... 
 အလုပ်ရှုပ်မဲ့ ဗုဒ္ဓဟူး... 
 ပုံမှန်ဖြစ်မဲ့ကြာသပတေး... 
 အမှန်ပျော်မဲ့သောကြာ... 
 ပြန်ရောက်လာမဲ့ စနေ...) x time living in sg...





"မင်းကိုချစ်တဲ့သူ"

စိတ်ကူးယဉ်ကမ္ဘာလေးထဲက ချစ်သူ

မြူနှင်းတွေဝေတဲ့ ဆောင်းတွင်းညမှာ
ကြယ်လေးတွေကိုငေးရင်း ကြည်နူးနေတဲ့
ချစ်သူနှစ်ယောက် ရယ်မောလို့
နှစ်ယောက်ထဲကမ္ဘာ တည်ဆောက်နေကြတယ်...
ရေပြင်ကလည်း ငြိမ်သက်လျက်
အစိမ်းရောင်အရွက်ပေါ်က အဖြူရောင်ကြာပန်းလေးတွေက
အကျီးတန်ခြင်းကိုကင်းမဲ့လို့
ဘ၀အမောတွေကိုပါ ဖြေဖျောက်စေတယ်...
ခုံတန်းပေါ်က ချစ်သူနှစ်ယောက်ကလည်း
တဦးကိုတဦး မဝေးဘူးဆိုတဲ့ ယုံကြည်ချက်နဲ့
ရင်ခုန်သံတွေကို ဖလှယ်နေရင်း
အတိတ်ကိုတွေး ပစ္စုပ္ပန်ကိုငေး
အနာဂါတ်ကို မေးလို့
မဝေးရအောင် ပွေ့ ဖက်ထားကြတယ်...
အောက်ဆီဂျင်မရှိရင်ဖြစ်တယ် 
သူမရှိရင်မဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့
သူရှိရင် လမှာတောင်နေလို့ရတယ်
အချစ်ကိုရှေ့ တန်းတင်တဲ့ သူတို့အဖို့
ဘ၀ဆိုတာက မပြောပလောက်စရာ
ဘယ်လောက်ကြမ်းတမ်းနေပစေ
သူရှိနေရင် ပန်းခင်းလမ်းပါပဲ...
ကို့ရဲ့ ဘ၀တစိတ်တပိုင်းလို ယူဆတဲ့
ချစ်သူတို့နှစ်ယောက် သာယာပုံများ
Shakespeare ကို သနားတယ်တဲ့
ပဋိပက္ခဆိုတာ သူစိမ်းကြီးတစ်ယောက်လိုပဲ
တုန်လှုပ်စရာကို မရှိလောက်အောင်
ခိုင်မြဲတဲ့ ယုံကြည်ချက်နဲ့
ဘယ်တော့မှ မပြတ်နိုင်တဲ့
မျက်စိနဲ့ မမြင်နိုင်လောက်တဲ့
သံယောဇဉ် ကြိုးလေးတမျှင်နဲ့
သူရှိနေရင် ကျင်လည်နေတဲ့
ပတ်ဝန်းကျင်က အသက်ဝင်လို့
အမျက်ပင် မရှိလောက်အောင်
သာယာလွန်းလှပါတယ်...


P.S. "အလွန်ရှားလှပေမယ့်... ရှိပါတယ်..."



စိတ်ကူးယဉ်မှုကို အရူးလို့မထင်စေချင်တဲ့
"မင်းကိုချစ်တဲ့သူ"

Wednesday, September 2, 2009

မင်းအနားမှာ

အခြေအနေတွေ ခြားနားနေ
အချိန်အခါတွေ ပြောင်းလဲလေ
ရင်နာစရာ အဖြစ်အပျက်တွေ
ရရှိခဲ့တဲ့ အချစ်သက်သေ
ပြန်မြင်ယောင်နေ မင်းမျက်ရည်
မိုင်ထောင်ချီက အလွမ်းငွေ့တွေ
ရင်ခုန်စရာ အတွေးတွေဝေ
နှလုံးသားက ဒဏ်ရာတွေ
ချစ် ချစ် ချစ်နဲ့ အော်ခေါ်နေ
သုံးမရတဲ့ မင်းအတ္တ
မညှာတာတဲ့ မင်းမာယာ
မစာနာတဲ့ ဒီကမ္ဘာ
ရင်နာစရာက ငါ့ဖက်မှာ
ချစ်မိခဲ့တာ မင်းတယောက်ပါ
နေချင်တာလည်း မင်းအနားမှာ


P.S. တကယ်လို့ အတိတ်ကိုပြန်သွားလို့ရရင် ဖြုတ်ချခဲ့တဲ့လက်ကို ပြန်တွဲပြီး မင်းအနားမှာပဲ အမြဲနေချင်တယ်...


မင်းအနားမှာနေချင်တဲ့
"မင်းကိုချစ်တဲ့သူ"