Friday, May 29, 2009

တစ်ချက်လောက်

အဆုံးမရောက် အစကပျောက်
အချစ်မရောက် အမုန်းကစောင့်
အတွေးမပေါက် မင်းလုပ်ရပ်ကြောင့်
ငါဘာမှားလဲ တစ်ချက်လောက်ထောက်...

တစ်ရက်နှစ်ရက် အဆုံးမသတ်
သုံးလေးငါးရက် ခံစားရခက်
အချစ်အတွက် စတေးတတ်ခဲ့
မင်းအမုန်းနဲ့ အသက်ဆက်လျက်

Facebook ကိုတက် မင်းကိုမြင်ခဲ့
ငါ့အာရုံပျက် မင်းအပြုံးတစ်ချက်
တစ်ချက်လောက်ငဲ့ မင်းအမုန်းဖျက်
ရောက်ရှိလာမဲ့ ကံကောင်းခြင်းမနက်
စောင့်မျှော်နေတဲ့ ငါ့ရဲ့အတွက်
နေ့ပေါင်းများစွာ ကြက်ခြေခတ်ခဲ့...


"မင်းကိုချစ်တဲ့သူ"

Monday, May 18, 2009

တစ်စက်တစ်စက် ရွာချတဲ့မိုးတွေ
တစ်ရက်တစ်ရက် ပြောင်းခဲ့တဲ့နေ့တွေ
တစ်ပွင့်တစ်ပွင့် ကြွေကျတဲ့ကြယ်တွေကို
ရေတွက်ရင်း အထီးကျန်နေတာကို
သတိမထားမိဘူး...
သတိတစ်ချက် လျှပ်တစ်ပြတ်
အသိပြန်ဝင်လာချိန် မင်းဘယ်ရောက်သွားလဲ
မင်းရဲ့အရိပ်ကိုမပြောနဲ့ သဲပြင်မှာမင်းခြေရာကို
လေတွေက အစဖျောက်ခဲ့တယ်...
ဘေးမှာလဲဘာမှမရှိဘူး
လူမပြောနဲ့ လေတောင်ငါနဲ့မနေတော့ဘူး
ငါဘယ်ရောက်သွားလဲ ငါဘယ်ရောက်သွားလဲ
လေဟုန်စီးပြီး ငှက်တွေကိုနှုတ်ဆက်တာတောင်
အရေးမလုပ်ဘူး...
တကယ်တော့...
ငါ့ဘ၀ထဲက ထွက်ခွာသွားတာ...
မင်းလား.... ငါပဲလား...........


"မင်းကိုချစ်တဲ့သူ"

Sunday, May 10, 2009

快樂的母親節...

အိမ်ကထွက်ခဲ့တာ ၉လကြာ
စင်္ကပူမှာ စိတ်ညစ်စရာ
အဆင်မပြေတာ ထပ်ခါထပ်ခါ
အမေ့အိမ်ကို ပြန်ချင်တာ

ပြန်ချင်နေလဲ မပြန်ရဲ
စိတ်ဆင်းရဲမှာ စိုးရိမ်မြဲ
စိတ်ညစ်စရာ ရှိရင်လဲ
လူမသိပဲ ငိုကျွေးဆဲ

ကျောင်းကပြီးတာ ဘွဲ့ရကာ
အရွယ်ရောက်လို့ ပိုက်ဆံရှာ
သားရှာသမျှ ငွေတွေဟာ
မိဘကျေးဇူး ဆပ်ဖို့ပါ

သားသမီးထဲမှာ အဆိုးဆုံး
မလိမ္မာတဲ့ သားအကြီးဆုံး
စိတ်လည်းမဆိုး စိတ်မပြတ်တုန်း
တန်းတူထားကာ ချစ်နေတုန်း

ကမ္ဘာ့မိခင်များနေ့ မေလ ၁၀ ရက်နေ့
သားကတော့ အဝေးကပေါ့
ဆုတောင်းပေးနေ ကျန်းမာစေ
လိုအင်ဆန္ဒ ပြည့်ပါစေ
လူသားအားလုံးတို့ရဲ့ အမေ...


"မင်းကိုချစ်တဲ့သူ"

Wednesday, May 6, 2009

အချစ်နဲ့ဝေးရသောသူတစ်ရောက်ရဲ့ခံစားချက်

ကျောင်းတက်ချိန် ကျောင်းသားဘဝ
မိုးတဖွဲဖွဲကျတုန်းက သူ့ကိုတွေ့ခဲ့တယ်
သူ့ရဲ့အပြုံးတချက် မြင်လိုက်ချိန်မှာ
ကျွန်တော့်ရင်ခုန်သံတွေ ဗြောင်းဆံသွားတယ်
မထင်မှတ်တဲ့အချိန်မှာ မမြင်အပ်တာကို
ိမြင်ရသလိုပါပဲ မ၀န်ခံချင်တဲ့စိတ်က
နှလုံးသားကို အရှုံးပေးခဲ့ရတယ်
သူ့ကိုတွေ့နေရတဲ့ ဘဝ
ဘာနဲ့မှလဲလို့မရပါဘူး....
ကံကြမ္မာဆိုးကြောင့် သူနဲ့ဝေးနေရတယ်
ဒါပေမယ့် ကျွန်တော့်စိတ်ကသူ့နားကတစ်ချက်မခွာခဲ့ပါဘူး
သူနဲ့ချစ်ခဲ့ပြီး ပစ္စုပ္ပန်ကိုမပြောနဲ့
အနာဂတ်မှာတောင် ဘယ်မိန်းကလေးကိုမှ
မိန်းကလေးလို့မမြင်တတ်တော့ဘူး
ဒီကမ္ဘာမှာ သူတာကျွန်တော့်အတွက်
အစားထိုးလို့မရတယ့်
တစ်ဦးတည်းသော ဘုရင်မပါ...
အချစ်စစ်က ဘယ်တော့မှမဖြောင့်ဖူးဘူးတဲ့
သူ့ကိုကျွန်တော် ဒီစကားပြောပြဖူးတယ်
ဒါကိုကျွန်တော်ရဲ့ အကြောင်းပြချက်တဲ့
သူ့ရဲ့နှုတ်ခမ်းက သံသရစကားကိုမကြားချင်ဘူး
ဖြစ်နိုင်ရင် ချစ်တယ် ဆိုတဲ့စကားပဲ ပြောစေချင်တယ်
ခဏလောက်ဝေးရတယ်ဆိုတာ
တသတ်လုံး နီးစပ်ဖို့ပါ
ယုံကြည်နေပါ.....
ကံကြမ္မာကို အောင်ပွဲခံနိုင်အောင်
ကြိုးစားရင်း ဝေးနေရတဲ့
မနက်ဖြန်ပေါင်းများစွာကို
ပြောင်းလဲနေတဲ့...


"မင်းကိုချစ်တဲ့သူ"

Monday, May 4, 2009

ဆုံနိုင်ခွင့်

တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ကိုလျှောက်
ပင်လယ်ခြားကာ သမုဒ္ဒရာဝိုင်းရံ
ငါထွက်ခဲ့တာ စင်္ကပူမှာ
၈လကြာခဲ့ပြီ...
ညရောက်တော့ ကြယ်တွေကိုငေး
အတွေးတွေဝေးနေပါပြီ
ကောင်းကင်က မှန်တစ်ချပ်ဆိုရင်
မင်းကိုမြင်နေရမှာ...
ကြယ်တွေကလည်း မင်းရှိရာ
အရပ်ကိုလမ်းညွန်နေတယ်
ငါဘယ်လိုလုပ်ရမလဲ
သိရပ်နဲ့မတွေ့ရတဲ့ဘ၀...
လွမ်းရလို့ မောနေပြီ
တမ်းတလို့ ပြန်ချင်နေပါပြီ
မင်းနဲ့သွားခဲ့တဲ့ အတိတ်ကနေရာမှာ
မင်းနဲ့ငါ့ရဲ့ ခြေရာတွေပါပဲ
ဒီခြေရာကို မဖျောက်ပစ်လိုက်ပါနဲ့
အမှတ်တရက ဒါတွေပါပဲ
မင်းတခြားတစ်ယောက်ရှိခဲ့ရင်
ငါနဲ့သွားခဲ့တဲ့နေရာကို မသွားပါနဲ့
ငါ့အတွက်ဘာမှမဟုတ်ပေမယ့်
လူတွေမင်းကိုအမြင်စောင်းကုန်မှာကြောက်လို့
ချစ်တယ်... မင်းကို...
နီးစပ်မယ့်ရက်ကို တွေးနေရင်း...
သစ္စာရှိရှိနဲ့ အသက်ရှင်နေမယ်.....



"မင်းကိုချစ်တဲ့သူ"