Sunday, August 30, 2009

မခံစားကြေး



နားထောင်ဖြစ်တာလေးပါ... ကြာတော့ကြာပါပြီ... ORIGINAL က ဇော်ဝင်းထွဋ် ဆိုတာပါ... ဒါတော့ မြင့်မြတ်ပြန်ဆိုထားတာ...
အရမ်းဆွေးတယ်... အသည်းကွဲတဲ့သူတွေအတွက်ပဲ... ကျန်တဲ့လူမနားထောင်ရ....(စတာပါ ကြိုက်တဲ့လူနားထောင် မခံစားနဲ့ပေါ့)


"မင်းကိုချစ်တဲ့သူ"
အကယ်ေ၇ွ့ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ
သူများကသူကိုချစ်ဖို့အခွင့်အေ၇းပေးလိုက်ပါ....

အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ
တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့....

တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ.....
တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်၇မယ်....

ဘ၀မှာအမျိုးမျိုး၇ှိတယ်.....
ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။
တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ...
တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး...
လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ...
ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ ကောင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ.....

ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ်
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်၇လို့ဖြစ်တယ်


အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်.....
အကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်....
အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........
အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ?????
အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား?????
အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ?????
အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ??????

ကိစ္စတော်တော်များဟာ ပြီးသွားမှ ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်....ဖြစ်နေချိန်မှာ ဒုက္ခဆို၇င်တောင် ဒုက္ခလို့မခံစားမိဘူး...........
ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲ အဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်...

ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း

၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ
၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ပေးပါ
၃။ ယောက်ကျားလေးကတက်ကြွစွာဦးဆောင်ပါ
၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင်ထွက်လည်ပါ
၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှုမလုပ်ပါစေနဲ့
၆။ သူမအားနေ့တိုင်းပျော်၇ွှင်နိုင်ပါစေ
၇။ ချစ်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ
၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ
၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါစေနဲ့
၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက်ချင်းသူမကိုကာကွယ်စောင့်ရှောက်ပါ
၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထားပါနဲ့
၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့

------------------------------------------------------------
ဒါလေးကသူငယ်ချင်းတယောက်ရဲ့ FWD MAIL ပါ... ဖတ်ပြီးတော့သဘောကျလို့
မျှဝေပေးလိုက်ပါတယ်... အထက်ကဖော်ပြတဲ့ ၁၂ ချက်လို ကျင့်သုံးနိုင်ရင်တော့
အကောင်းဆုံးပေါ့...

ပျော်ရွင်နိုင်ကြပါစေ...

"မင်းကိုချစ်တဲ့သူ"

Saturday, August 29, 2009

လေလွင့်သူ


ပေတရာလမ်းမကြီးတစ်လျှောက်
မသေချာတဲ့အရာတွေနဲ့
မရေရာတဲ့အကြင်နာ
မဖြေသာတဲ့ ခံစားချက်တွေနဲ့
မနေသာတဲ့ ရင်ခွင်တစုံ
ပြေစရာမရှိတဲ့ အခြေအနေတွေကြောင့်
ငါတစ်ယောက် အချိန်ကိုစောင့်နေခဲ့တယ်...
လေလွင့်နေတဲ့လူတစ်ယောက်
အထီးကျန်တဲ့ အချိန်တွေနဲ့
အလင်းမမြင်နိုင်တော့သလို
အမှောင်ရံ အခန်းထဲမှာ
စွယ်တော်ရွက်တွေကိုကြည့်ရင်း
အားကျနေမိခဲ့တယ်...
လမ်းပျောက်နေတဲ့လူတစ်ယောက်
သူရှိနေတယ်ဆိုတဲ့အတွေးနဲ့
အချိန်ကိုဖြတ်သန်းနေဆဲ
ပြန်လာမယ်ဆိုတဲ့ ဆန္ဒလေးတစ်ခုနဲ့
ဘ၀တခုလုံး ကုန်သွားပါစေ
အကယ်လို့ တွယ်တာစရာရှိနေရင်လည်း
တချိန်က မြင်ဖူးတဲ့လူတယောက်အနေနဲ့
မင်းရဲ့ ရာဇ၀င်မှာ မှတ်တမ်းတင်ပေးပါ....
အပြစ်ရှိတဲ့ လူတစ်ယောက်
အဖြစ်မရှိလို့ အပြစ်ဖြစ်ခဲ့တာ
ပြန်တွေးကြည့်ရင် မနေ့ကလိုပါပဲ
အသည်းကွဲဒဏ်ရာက
Valentine ကိုရောက်တိုင်း
သတိပေးနေခဲ့တယ်...
Valentine ရောက်ရင် တစ်ခါသေရသလိုပဲ
မချစ်ရင် မနေနိုင်တော့လဲ
အသက်ဆုံးတဲ့အထိ ချစ်နေပါရစေ...

P.S "ဝေးသွားတာ ဆွေးစရာမဟုတ်ပါဘူး... အဓိက က သစ္စာရှိဖို့ပါပဲ"

Valentine ကိုမုန်းတဲ့
"မင်းကိုချစ်တဲ့သူ"

Friday, August 28, 2009

ကော်ဖီခါးခါးနဲ့ မိုးသည်းညများ


ညိုမည်းကောင်းကင် ၀န်းကျင်တခွင်
ကြယ်ရောင်ပျောက်လို့ လမိုက်ညတွင်
အလွမ်းအဆွေး ထပ်ဆင့်တွေး၍
အတိတ်ကောက်ကြောင်း ပြန်လည်တွေးမြင်
မိုးသည်းညတွင် ကော်ဖီခါးခါး
အလွမ်းတွေပွား မမေ့နိုင်ပါလား....
ဆုံချင်တော့လည်း ခြေရာဖျောက်မြဲ
အဝေးကပဲ ကြည့်နေရဆဲ
ပျော်တဲ့ရက်နည်း ရင်ခုန်သံလည်း
အက်ကြောင်းထက်လို့ ရင်ကွဲမတတ်
မျက်ရည်စက်တွေ မိုးများပမာ
စီးဆင်းကားသွား မမေ့နိုင်ပါလား...
မျက်ဝန်းတစုံ မြင်ရရုံနှင့်
ရင်တွေလှုပ်ရှား အတွေးဆင့်ပွား
ရင်ခွင်ပျောက်တဲ့ ငါ့နှလုံးသား
အသက်ဝင်လို့ ပြန်လည်လှုပ်ရှား
တခဏမှာ မျက်ဝန်းပျောက်ကာ
မဆုံနိုင်တဲ့ ငါ့ဘ၀က
ကော်ဖီခါးခါး မိုးသည်းညများ...


P.S "ဒီမျက်ဝန်းတစုံကို ဘယ်လိုမေ့ဖျောက်ရမလဲ... လူလဲဆောက်တည်ရာမရဖြစ်နေပြီ... တချက်လောက် လှည့်ကြည့်ပါဦးလား"


မဆုံးသောလမ်းက စောင့်နေတဲ့
"မင်းကိုချစ်တဲ့သူ"

Tuesday, August 25, 2009

အတွေးများနဲ့ အဆွေးသမားလေး

ဒုက္ခတွေ သုခတွေနဲ့
ဖြစ်တည်နေတဲ့ ငါ့ဘဝ
အတွေးတွေနဲ့လဲ ကြုံနေရ
မမြဲမှုတွေကို လက်ကိုင်ထား
ငါလျှောက်နေတဲ့ လမ်းမများ
အတွေးများနဲ့ အဆွေးသမား...
သူ့ကိုတွေ့တဲ့ အချိန်ခဏ
အသက်ရှူဖို့ မေ့နေကြ
သူ့ရဲ့အပြုံးက တကယ်ဖမ်းစား
ကမ္ဘာကြီးတောင် ရပ်တန့်သွား
သူ့ရဲ့နှုတ်ခမ်းက ချိုသောစကား
အိပ်မက်ထိတောင် ကြားနေရ
မကြာသေးခင်က သိခဲ့ရ
သူ့နှလုံးသားကို ပိုင်လို့မရ
အတွေးများနဲ့ အဆွေးသမားဘ၀...


P.S. သူပျော်နေရင် ကျွန်တော်လည်းပျော်တယ်... ကျေနပ်ပါတယ်...


အချစ်များစွာနဲ့
"မင်းကိုချစ်တဲ့သူ"

23/08/09

စလုံးကိုငါ ရောက်လာတာ
၁ နှစ်ပြည့်တာ နှစ်ဆယ့်သုံးမှာ
ယောင်ချာချာနဲ့ ဘ၀ကိုရုန်း
ရည်းမှန်းချက်က ပျောက်နေတုန်း
Blogger တွေနဲ့ ရင်နှီးခဲ့
စလုံးရောက်တဲ့ သုံးရာခြောက်ဆယ့်လေးရက်
လျစ်လျူရှုတဲ့ ပျော်ရွင်မှု
မဖိတ်ခေါ်လဲ ရောက်လာအခု
ုအိပ်ငိုက်တာကို မေ့နေတာ
Chattin လေးနဲ့ အလုပ်ထဲမှာ
Blogger တွေနဲ့ Chat ရင်းသာ
အလုပ်ချိန်တွေ ကုန်ခဲ့တာ...
ချစ်တယ်ဆိုတဲ့ ငါ့ရည်းစား
မသွားခင်တော့ အတင်းတား
ရောက်လာတော့လည်း ပျော်နေသား
မနေတတ်ဘူး ပြောတဲ့စကား
သူငယ်ချင်းတွေနဲ့ တနေကုန်သွား
ငါဆိုတာကို မေ့ကာထား
ငါ့ကိုချစ်တာ ဒါပဲလား......


P.S. လူတယောက်ရဲ့လုပ်ရပ်က မှန်တချပ်လိုပဲတဲ့... ဘာလို့ ကျွန်တော့်အဖြစ်ကပြောင်းပြန်ဖြစ်နေတာလဲ...


ထ၀ရထက်တစ်ရက်ပိုချစ်မဲ့
"မင်းကိုချစ်တဲ့သူ"

Sunday, August 23, 2009

22/08/09

ကျွန်တော်အစကတော့ ရေးဖို့အစီအစဉ်မရှိပါဘူး၊ ဒါပေမယ့် Blog မောင်နှမတွေရဲ့
အရမ်းကို ချစ်ခင်တတ်တဲ့စိတ်တွေက ကျွန်တော့်ကို ဒီစာရေးဖြစ်ဖို့အားတွေပေးခဲ့
ပါတယ်။ မှတ်မှတ်ရရပြောရရင် ဒီနေ့ဆိုတာကျွန်တော် စလုံးရောက်တာ ၁ နှစ်တိတိ
ပြည့်တဲ့နေပါ။ ကျွန်တော့်ဘ၀က စလုံးရောက်ကတည်းက အသက်မရှိတဲ့လူသားတစ်
ယောက်လိုပါပဲ၊ မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်စလုံးရောက်တာ ၁နှစ်
ပြည့်ဖို့ ၁ ပတ်အလိုမှာ မမေလေးနဲ့သိခွင့်ရခဲ့တယ်။ ဒီလိုနဲ့ တဆင့် မမေးလေးဖိတ်ခဲ့တဲ့
မနေ့ကပွဲကို ကျွန်တော်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်စလုံးမှာနေတဲ့ဘ၀က
အသက်စ၀င်လာပါတယ်။ ကျွန်တော် မပြုံးရတာ စလုံးရောက်ကတည်းကပါပဲ။
မနေ့ကပွဲက ကျွန်တော့်ဘ၀အတွက်အရမ်းကို အဓိပ္ပာယ်ရှိတဲ့ပွဲပါ။ ကျွန်တော်ကို့
တိုင်းပြည်ကိုပြန်ရောက်သွားသလိုခံစားရပါတယ်။ ဒါပေမယ့် ပျော်နေရင် ချက်ချင်း
စိတ်ညစ်ခဲ့ရတယ်။ ကျွန်တော်ပြန်တော့ ဓာတ်လှေခါးမှာ ကြားလိုက်ရတဲ့စကားကြောင့်
စိတ်တော်တော်ညစ်သွားတယ်။ စလုံးကဖုန်းပြောနေတာကြားတော့ အသိပြန်ဝင်လာခဲ့တယ်။
သြော် ငါက စလုံးမှာပဲကိုဆိုတာပါပဲ။ ဒီလိုပဲ တပတ်မှာ ၇ ရက် ၅ ရက်လောက်က
စက်ရုပ်ဖြစ်နေတယ်။ မနက်စောစောထ ရုံးသွား ရုံးဆင်းချိန်မှာ ရုံးဆင်း
အိမ်ပြန် ပြီးတော့ အိပ်ရတာပဲ။ ဒါကိုနေစဉ်နဲ့အမျှလုပ်နေရတယ်။
ကာတော့လည်းရှင်သန်နေရတာ အဓိပ္ပာယ်မဲ့နေသလိုပဲ။ ကျွန်တော်ဒီကနေပဲ
ကျေးဇူးတင်လိုက်ပါရစေ။ မနေ့ကပွဲမှာတွေ့ခဲ့တဲ့ Blogger မောင်နှမများ
အားလုံးရဲ့ နွေးထွေးစွာ ဆက်ဆံခြင်း၊ ကျွန်တော့်ကို ငယ်ငယ်ကသူငယ်ချင်း
တယောက်လိုသဘောထားပေးနိုင်ခြင်း၊ကျွန်တော့်ရဲ့ အထီးကျန် ဘ၀ ပျော်ရွင်မှု
ကင်းမဲ့နေတဲ့ဘ၀ ကို ပျော်ရွင်ခြင်း တွေတွေ့အောင် လမ်းပြခေါ်ဆောင်ပေးခဲ့လို့
ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ကို Blogger မောင်နှမတွေနဲ့ ခင်ခွင့်ပေးတဲ့
မမေလေးကိုကျေးဇူးအရမ်းတင်ပါတယ်။ Blogger မောင်နှမများ ကျန်းမာချမ်းသာပြီး
လိုအင်ဆန္ဒ ပြည့်ပါစေ... ရည်းစားမရှိသေးသောသူများ ကိုချစ်တဲ့လူနဲ့
အမြန်ဆုံးအဆင်ပြေပါစေ... ရည်းစားရှိသောသူများကလည်း ဘ၀ဆိုတဲ့ခရီးကြမ်းကို
လက်တွဲပြီး မမောတမ်း ဖြတ်သန်းနိုင်ပါစေ... အိမ်ထောင်ရှိသောသူများကတော့
သာယာတဲ့မိသားစုဘ၀ကို မြန်မြန်ရောက်နိုင်ပါစေ...

P.S အမှတ်တရလေးပါ၊ ကျွန်တော် Blog မှာစာအရှည်ရေးတာ
ကျွန်တော်စလုံးရောက်တာ ၁ နှစ်ပြည့်တဲ့နေ့ပါပဲ။ ကျွန်တော်တို့ဘ၀တူအတွက
အရိုးဆိုထားတဲ့ အာရှလူလည်ဆိုတဲ့သီချင်းကို တင်လိုက်ပါတယ်........


Saturday, August 22, 2009

ယုံကြည်မဲ့ အချစ်

ကင်းမဲ့နေတဲ့ ယုံကြည်ချက်နဲ့
အတင်းကပ်တွယ်နေတဲ့ သံသရ
အဓိပ္ပယ်မဲ့နေတဲ့ အချစ်တွေနဲ့
ပြိုလဲသွားခဲ့တဲ့ ကျွန်တော့်မာန
သူဘယ်ရောက်နေလဲ မသိတော့
မျှော်နေမိတာပေါ့..
ကျွန်တော်နုတ်ပစ်ခဲ့တဲ့ သံသရသစ်ပင်တွေကို
သူက သူငယ်ချင်းအားကိုးနဲ့ တယုတယ စိုက်ပျိုးခဲ့တယ်
ကျွန်တော်ပျိုးခဲ့တဲ့ အချစ်သင်ပင်ကိုတော့
ူသူက ပြန်မရှင်သန်နိုင်အောင်
အဆိပ်ရေတိုက် မျိုးသုဉ်းစေတယ်...
ကျွန်တော့်အတွက်တော့ သူကကျွန်တော့်ဘ၀ရဲ့
မာတိကာ လေးပေါ့...
သူအတွက်တော့ ကျွန်တော်ဆိုတာက
အမှာစာပေါ့...
အနေဝေးသွားလို့ အချစ်တွေအေးသွားပြီလား
တကယ်ဆွေးလို့ မျက်ရည်ကျနေတာလား
ဒါမှမဟုတ် ကျွန်တော်နဲ့ ချစ်မိလို့
နောင်တရတာလား....
အချစ်ဆိုတာ ဖြူစင်တယ်
သန့်ရှင်းတယ် အရောင်မရှိဘူး
ဘာလို့ သူအချစ်က
ရောင်စုံသန်းနေတာလဲ
ရှေးအဆိုတွေ မှားနေပြီလား......


"မင်းကိုချစ်တဲ့သူ"

Tuesday, August 18, 2009

Family Issue

A young man went to his father one day to tell him that he wanted to get married.

His father was happy for him. He asked his son who the girl was, and he told him that it was Samantha, a girl from the neighborhood.

With a sad face the old man said to his son, ''I'm sorry to say this son but I have to. The girl you want to marry is your sister, but please don't tell your mother.''

The young man again brought three more names to his father but ended up frustrated because the response was still the same.

So he decides to go to his mother. ''Mom I want to get married but all the girls that I love, dad said they are my sisters and I mustn't tell you.''

His mother smiling said to him, ''Don't worry my son, you can marry any of those girls. You're not his son.

It's a joke. I hope u all will like tis...
As we al r human being, we huv to overcome
wit many embarrassed things.
By readin tis, it can help u feel happy n u can also tell tis to ur fri when he/she is feeling sad...

P.S. Life is short... try to b happy in evry seconds...


"U VUl OHW 3NO 3HT"

သေခြင်းတရား

ချစ်တဲ့သူနဲ့ကွေကွင်းတဲ့ဒုက္ခ ဖြေသိမ်လို့မရနိုင်
တစ်ဖက်ပဲ့နေတဲ့စွယ်တော်ရွက်လို မျှော်သူမဲ့နေခဲ့တယ်
အချိန်တစ်နာရီခွဲခြားသွားတာက ကမ္ဘာခြားသွားသလိုပဲ
အတွေးတွေကလည်းပြန့် အိပ်မက်ကလည်းခြောက်လန့်
ကြမ္မာဆိုးကြီးကလည်း မကြိုဆိုပဲ တည့်တည့်ရောက်လာတယ်
ချစ်သူရယ် နောက်ဆိုတွေ့နိုင်ပါ့မလား
သေခြင်းတရားကလည်း ရပ်တန့်လို့ရမလား
ဒီကင်ဆာဆိုတဲ့တောင်ကိုဖြတ်နိုင်ပါ့မလား
ငါဘာဆက်လုပ်ရမလဲ ချစ်သူကိုပြန်တွေ့မလား
ဒါမှမဟုတ် ဘယ်သူမှမသိအောင်ထွက်သွားရမလား
အကောင်းနဲ့အဆိုးက ဒွံတွဲနေတယ်ဆို
ဘာလို့ငါ့အတွက် အဆိုးကထပ်ဆင့်ဖြစ်နေတာလဲ
ရုန်းထွက်လို့မရနိုင်တော့ဘူးလား....................

P.S. မဝေးခင်ပျော်ကြပါ... ဝေးမှနောင်တမရပါနဲ့...

"မင်းကိုချစ်တဲ့သူ"

Sunday, August 16, 2009

ဘ၀အိပ်မက်

အလွမ်းတွေက များလိုက်တာကွာ
တကိုယ်လုံးကို နေရာယူနေတယ်
အသက်ရှင်ဖို့ လေတောင်နေစရာမရှိဘူး
အမုန်းဆိုတာကလည်း တဖက်ကနေ
အချစ်ကိုတားဆီး ငါ့ဘ၀ကြီးကို
ချုပ်ကိုင်ထားတယ်.....
အလင်းပျောက်နေတဲ့ ဘဝ
နေ့ ညအလှည့်ကျမရှိတဲ့ ဘဝ
အဆုံးဆိုတာကိုမသိတဲ့ ဘဝ
ကျင်လည်နေရတာ ငြီးငွေ့လွန်းတယ်
မြားနတ်မောင်ကလဲ မျက်နှာလိုက်
ရူပါကလဲ ကြင်နာစရာမရှိအောင်
ချူချာနေလို့လား...
ဒီဘ၀မှာ ရည်းစားများများထားဖို့
မတောင်းတပါဘူး
ကို ချစ်တဲ့ကောင်မလေးရဲ့လက်ကိုတွဲရရင်
လက်တွဲမဖြုတ်ပဲ အပျော်ဆုံးလူသားပမာ
ကန်ပေါင်ရိုးတလျှောက် လမ်းထွက်လျှောက်
ညနေဆည်းဆာအလှကို ခံစားပစ်မယ်...
ဒီဘ၀ ဘယ်တော့ရောက်မလဲ
ငါ့ဘ၀ရဲ့ ပါရမီဖြည့်ဖက်ကိုရှာဖွေဆဲ.........


"မင်းကိုချစ်တဲ့သူ"

Wednesday, August 12, 2009

ငါ့...ဘဝ

စရွက်အဖြူနဲ့ စာသင်ကြ
ငယ်ငယ်တုန်းကကျောင်းသားဘဝ
အဖြူနဲ့အစိမ်း ၀တ်ကာရယ်
ကျောင်းတက်ချိန်မှာကျောင်းတက်တယ်
ကျောပိုးအိပ်ထဲ စာအုပ်ထည့်
စာဂျပိုးလို အိုက်တင်နဲ့
ကျောင်းမသွားခင် အမေ့ထံတွင်
မုန့်ဖိုးတောင်းကာ ချွဲနေချင်
တခါတရံ ကျောင်းမတက်ရန်
နေမကောင်းအောင်ဟန်ဆောင်ပြန်
သူငယ်ချင်းတွေနဲ့ ဂိမ်းတွေချ
ကျူရှင်အချိန်ဆို လစ်နေကြ
ဒီအချိန်တွေကို သတိရ
ငယ်ငယ်တုန်းက ကျောင်းသားဘ၀...
ကွန်ပြူတာနဲ့ အလုပ်လုပ်ကြ
အခုအချိန်က လူပျိုဘဝ
STYLE PANT ကိုဝတ်ကာရယ်
စောစောထကာ ရုံးတက်တယ်
iPhone ထဲကိုသီချင်းထည့်
BusY MaN လိုအိုက်တင်နဲ့
မနက်စောစော အိပ်ရာထ
ရုံးနောက်ကျမှာ စိုးရိမ်ရ
တခါတရံ ဆရာဝန်ထံ
MC စာရွက် ယူရပြန်
ကောင်မလေးက စိတ်ကောက်ပြ
ရုံးပြန်နောက်ကျ ချော့နေရ
ဒီအချိန်ကို မေ့ချင်လှ
ဖြတ်သန်းနေတဲ့ ငါ့ဘ၀...



"မင်းကိုချစ်တဲ့သူ"

Tuesday, August 11, 2009

ဖန်ဆင်းရှင်တန်ခိုး

အဝေးကိုလွန်နေတဲ့ အဆွေးတွေက
အမြဲကိုကျွံနေတဲ့ အတွေးတွေနဲ့
ပေါင်းဆပ်မိတဲ့အခါ ခံစားချက်တွေဟာ
ကမ္ဘာအပြင်ဘက်ကို ရောက်ရောက်သွားတယ်
အမုန်းစစ်ပွဲတွေအပြီးမှာ အချစ်သစ်ပင်တွေက
အဆိပ်ခပ်ခံရသလို ပျက်သုဉ်းကုန်တယ်
ကောင်းကင်ပေါ်က ကြယ်ပွင့်တွေကလဲ
ပျောက်ဆုံး လရောင်ကလည်း ညိုမှိုင်သွားတယ်
ပတ်ဝန်းကျင်တခွင်လည်း အညိုရောင်သန်းလို့
တယောသံကတောင် မသာယာနိုင်တော့ပါဘူး
ငါ့ဘ၀ကလည်း ကြိုးပျက်နေတဲ့ ဂစ်တာအိုက
ထွက်လာတဲ့ သံစဉ်တွေလို မငိုနိုင်တဲ့ လူတွေပမာ
တွယ်တာရာမဲ့ခဲ့ပါပြီ
ပြိုလာမဲ့မိုးကောင်းကင် ကြိုနေမဲ့သံယောဇဉ်
ပြင်ဆင်ခဲ့ဘ၀သစ်တွင် မာယာမဲ့အချစ်ကိုပင်
လိုချင်တဲ့ ငါ့အတွက် ဖန်ဆင်းရှင်ဘုရားသခင်က
ကောင်မလေးတယောက်ကို ဖန်ဆင်းပေးခဲ့တယ်......
တွယ်ရာမဲ့လက်ကလေး အဖော်မဲ့နေတဲ့ငါက
ကြယ်ရောင်စုံ ကောင်းကင်ပေါ်ပျံနေတဲ့ ငှက်လို
သေနှစ်စေ့ရင် သေပျော်ပါပြီ.............


"မင်းကိုချစ်တဲ့သူ"

Monday, August 10, 2009

အဖော်ကောင်း


စိတ်ညစ် စိတ်ပျက် စိတ်ဓာတ်ကျတဲ့အချိန်
အဖော်ကောင်းတစ်ယောက်ရရှိခဲ့တယ်
တခါရှိုက်လိုက်ယုံနဲ့ လောကကြီးက
အေးချမ်းသွားတယ်....
ပူနေတဲ့နေ အိုက်နေတဲ့စိတ်က
အေးမြတဲ့လေနဲ့ တည်ငြိမ်တဲ့ရေကန်လို
ပြောင်းလဲသွားတယ်...
ချစ်သူနဲ့ စကားများတိုင်းလဲ
ရန်မဖြစ်ခဲ့ဘူး အမြဲရှောင်ပြီး
အဖော်ကောင်းရဲ့ဖြေသိမ့်မှုကိုယူခဲ့တယ်
ဒါကိုချစ်သူက မချစ်လို့ ရန်မဖြစ်ဘူးတဲ့
ဒီလိုအဖြစ်မျိုးလဲ ရှိခဲ့တယ်...
ရှေးလူကြီး ဆေးစာအုပ်တွေမှဖတ်ခဲ့ဘူးတယ်
တစ်နေ့တစ်ဗူး မှန်မှန်သောက်ရင်
အနှစ်ခြောက်ဆယ်အထိနေနိုင်တယ်တဲ့...
မနည်းတဲ့ အသက်နော်...
တော်တော်နေလို့ရတယ်...
ကျွန်တော်ဆိုနောက်ထပ် ငါ့ဆယ့်ခုနစ်နှစ်နေလို့ရတယ်...
ဘာရွေးမလဲ... စိတ်ချမ်းသာစွာနဲ့
အနှစ်ခြောက်ဆယ်ကို ဖြတ်ကျော်မလား
စိတ်ဆင်းရဲစွာ အသက်ရှင်ကြမလား.....


"မင်းကိုချစ်တဲ့သူ"

ငိုတဲ့ကောင်းကင်

ပျော်ရွင်ခြင်း ရင်ခုန်ခြင်း
သာယာခြင်း ကြည်နူးခြင်း
မာယာကင်း သံသရရှင်းတဲ့
ကောင်းကင်ပြာကြီးအောက်
ကျောင်းဆောင်ကြီးရဲ့ တစ်ဖတ်တစ်ချက်
ဘွဲ့နှင်းသဘင်ဆီကို လမ်းပြတဲ့
အဓီပတိလမ်းမကြီးပေါ်မှာ
သူငယ်ချင်း ငါးယောက် အပူပင်ကင်းစွာ
ကျောင်းဆောင်ဆီကို ချီတက်နေကြတယ်...
ကောင်လေး ၃ ယောက်နဲ့ ကောင်မလေး ၂ ယောက်ပေါ့
၎င်းအနက် ကောင်လေး ၁ ယောက်က ဘာသာကွဲ
ကျန်သူလေးယောက်က နှစ်ယောက်ဆီ ဘာသာတူကြသတဲ့
ဒီလိုနေ့ တနေ့တော့ လူငယ်သဘာဝ သူတို့ကြား
အချစ်ဆိုတဲ့အရာကြီးက ခြေစုံပစ်ပြီးဝင်ရောက်လာခဲ့တယ်
ကောင်မလေး ၁ ယောက်ကို ကောင်လေး ၂ ယောက်
ကြိုက်တဲ့ဇာတ်လမ်းလေးကစခဲ့တာပါပဲ
ပဋိပက္ခ အထင်အမြင်လွဲ ဖြူစင်တယ်ဆိုတဲ့ ကောင်းကင်ကြီးကတောင်
ဒါကိုကြည့်ပြီး စိတ်မချမ်းသာစွာ ငိုချခဲ့တယ်
နောက်ဆုံးတော့ အပူပင်ကင်းတဲ့ သူငယ်ချင်းတွေ စိတ်ဝမ်းကွဲသွားခဲ့တယ်
ဒီလိုပါပဲ အချစ်ဆိုတာက အပေးအယူကြမ်းတယ်
အထိအခိုက်မခံဘူး တဖက်က နူးညံ့တဲ့အရသာ...
ကျန်တဖက်က တော့ ခါးသီးတဲ့အရသာ ပေးတတ်စမြဲ...
ဒီလိုစိတ်ဝမ်းကွဲခဲ့ပြီးနောက် သူတို့လည်းကျောင်းတော်ကြီးကိုအပြစ်မြင်
မတော်တစ တွေ့ဖြစ်ရင်တောင် မျက်နှာချင်းမဆိုင်ကြတော့ဘူး...
နောက်ဆုံးတော့ တိတ်ဆိတ်စွာကျောင်းပြီးခဲ့ပြီး ကျောင်းနဲ့လဲဝေးသွားခဲ့တယ်...
ဒါပေမဲ့ ကောင်းကင်ကြီးကတော့ အမှတ်ရအောင်
သူတို့တွေစိတ်ဝမ်းကွဲခဲ့တဲ့နေ့တွေရောက်ရင်
အမြဲငိုပြီး သတိပေးနေခဲ့တယ်....
သြော်ကေင်းကင်ကြီးတောင်ငိုတာအခုဆို ငါးနှစ်လောက်ရှိနေပြီ...
ဘယ်တော့မှအငိုတိတ်မလဲ ကောင်းကင်ကြီးရယ်....

P.S ဘယ်သူတွေလဲလို့မမေးပါ့နဲ့


"မင်းကိုချစ်တဲ့သူ"

Sunday, August 9, 2009

BestFriend

As we go together and enjoy together
the time we make our life for better...
We have to take our own duty in later
I have to leave you but it doesn't matter
cuz we are friend in need and indeed...
the distance is not important and i don't mind...
i just afraid the fate and sake...
I will always b ur friend
Help your day brighter and brighter
Leave you out never and never...

F r i e n d s h i p
R e a r
A n d
N e v e r
C a n
E n d

"U VUl OHW 3NO 3HT"

Saturday, August 8, 2009

ခဏတာထွက်ခွာသူ

တစ်ရက် တစ်ရက် ကြက်ခြေခတ်ခဲ့တဲ့ ပြက္ခဒိန်
တစ်ရွက် တစ်ရွက် ကြွေကျခဲ့တဲ့ သစ်ရွက်တွေ
အိပ်ရာဝင်ချိန် စဉ်းစားမိတဲ့ အတွေးတွေနဲ့
အိပ်မက်ထဲမှာတွေ့ဖို့ ဘုရားမှာအကြိမ်ကြိမ်
ဆုတောင်းခဲ့ဖူးတယ်.....
မနေ့က မနှစ်က အချိန်တွေကို သွားလို့မရတဲ့လူ့ဘဝ
မနက်ဖြန် တဘက်ခါဆိုတဲ့ အခေါ်အဝေါ်တွေကြားမှာ
အလွမ်းအဆွေးခံစားချက်တွေများကြောင့်
ရှင်သန်နေတဲ့ဒီနေ့လေးကို မေ့လျော့နေခဲ့တယ်....
တွေးလိုက်တိုင်း ဒဏ်ရာကသွေးထွက်မတတ်
အနာမကျတ်သလို ခံစားနေရတယ်
ကျွန်တော်ဟာထွက်ခွာခဲ့သူတစ်ယောက်အနေနဲ့
ကျန်ရစ်နေခဲ့တဲ့ သူ့ကို နှစ်သိမ့်ခဲ့တာမဟုတ်ခဲ့ဘူး...
ကံကြမ္မာက စေခိုင်းတဲ့ တာဝန်ကိုထမ်းဆောင်ဖို့ရာ
သူ့အနားက ခဏခွာခဲ့တာပါ...
ပြန်လာမယ်ဆိုတဲ့စကားကို သူယုံအောင်ဘယ်လိုပြောရမလဲ...
ဘုရားမှာ သစ္စာဆိုခဲ့တာက ကလေးကစားစရာတွေလား...
သိပ်ချစ်ဖို့ကောင်းတဲ့ သူ့မျက်နှာ
နှာတံစင်းစင်းလေးနဲ့ ရှုမ၀တဲ့
သူ့ပုံရိပ်တွေက ဘယ်အရာကိုကြည့်ကြည့်
သူ့ကိုပဲ မြင်ယောင်နေမိခဲ့တယ်....
ကျွန်တော့်အတွက် သူရှိနေသရွေ့
အသက်ရှင်ရမဲ့ နေရက်တွေက
အသက်ဝင်နေဦးမှာ
အကယ်၍ သူမရှိတော့ရင်..............................

P.S. သက်ရှိတွေအတွက်အသက်ရှင်ဖို့ အောက်ဆီဂျင်ကလိုအပ်သလို
ကျွန်တော့်အတွက်တော့ အောက်ဆီဂျင်ကသူပါပဲ....


"မင်းကိုချစ်တဲ့သူ"

Thursday, August 6, 2009

နှလုံးသားမဲ့လူသား

အေးချမ်းတဲ့ည အတွေးများနဲ့ဘဝ
အေးစက်စက်နေ ဆောင်းဦးရွက်ကြွေ
အလွမ်းတွေဝေေ၀ ငါ့ဘ၀ရဲ့မေ......
မင်းမရှိတဲ့ည အလင်းမဲ့ခဲ့ရ
ရန်ခုန်တာက မင်းရဲ့အလှ
ဇာတ်လမ်းလေးက FRIENDSTER ကစ
ဆုံခဲ့တဲခဏ တသတ်တာအမှတ်တရ
ဒီရေအတက်အကျ ငါတို့ရဲ့ဘ၀.....
မနေ့ညက မင်းကိုသတိရ
အသက်ရှူတိုင်း ငါ့မှာမေ့မရ
ဖျော်တိုက်တဲ့ကော်ဖီ တောင်းတခဲ့ရ....
မင်းပျော်နေလား မင်းခြေရာများ
ငါ့မှာစောင့်စား ရက်တွေကဖျား
လက်မှိုင်ချထား ငါ့ရဲ့လက်များ
ငါ့နှလုံးသား မြေမြှုပ်ကာထား
ရွေ့လျားနေတဲ့ ကျန်နေ့ရက်များ
တစ်ယောက်ထဲလား နှလုံးမဲ့လူသား....


"မင်းကိုချစ်တဲ့သူ"

Tuesday, August 4, 2009

River beyond the trees,
flows thru the sea...
Daffodils beyond the bees,
dance in the breeze...
Blood from my heart,
beat out the rhyme to make me luv...
Thought from my mind,
deep into ur smile and forget the time...
Cell from my brain,
freeze all the things and make day dream...
tears from my eyes,
seek all ur pain and cry like rain drops from the sky...
gal... give a chance to love me once...

"U VUl OHW 3NO 3HT"

Monday, August 3, 2009

Sunday, August 2, 2009

ငါ့ကိုချစ်တဲ့သူ

ဝေဟင်မှာရှင်သန်နေတဲ့ ငှက်တစ်ကောင်နဲ့
ရေပြင်မှာရှင်သန်နေတဲ့ ငါးတစ်ကောင်လို
ရန်ကုန်မှာဇိမ်ခံနေတဲ့ သူနဲ့
စင်္ကာပူမှာကျွန်ခံနေတဲ့ ငါ့လိုပဲ
အရမ်းကွာဟနေတယ်....
မတူညီတဲ့ ပတ်ဝန်းကျင်
ကွာခြားလှတဲ့ အတွေးအခေါ်
အသုံးမ၀င်တဲ့ အပေါင်းအသင်းတွေကြားမှာ
ငါတို့ ဗျာများနေရပြီ...
အရမ်းကိုချစ်ခဲ့ဖူးတယ်...
အရမ်းကိုမြတ်နိုးခဲ့ဖူးတယ်...
အရမ်းကိုလိုချင်ခဲ့ဖူးတယ်...
အရမ်းကိုတွယ်တာခဲ့ဖူးတယ်...
မင်းကိုယုံကြည်လို့ နားလည်ခဲ့တယ်
နာလည်မှုမှာ ရည်းစားထားဖို့မပါဘူး....

P.S အနေဝေးတာနဲ့ အချစ်တွေပါအေးသွားတာလား...


"မင်းကိုချစ်တဲ့သူ"

နှုတ်ဆက် အရှုံး


ဝေဒနာနဲ့ သံသရာ
ပြန်မလာတဲ့ အကြင်နာ
မြန်စွာထွက်ခွာတဲ့ မိုးပေါ်ကစန္ဒာ

စက္ကန့်သံနဲ့ ရင်ခုန်သံ
စီးချက်ညီ ခုန်နေဟန်
သူ့အလှကြောင့် ရင်ခုန်သံဗြောင်းဆံ

မျက်ဝန်းက လပြည့်ည
အကြည့်ကဆွဲငင်လှ
အပြုံးက အရာရာကို ရှုံးစေတယ်

အခုတော့......ငါ့အတွက်
ဒီမျက်ဝန်းက လမိုက်ည
ဒီအကြည့်က ကန္တာရ
ဒီအပြုံးကတော့ လောကကြီးကိုမုန်းစေတယ်

နှုတ်ဆက်ပြီး ထွက်ခွာလို့
ဟိုးအဝေးကို ပြန်မလာတော့ဘူးပေါ့
နောက်ဆုံးတော့ ငါရတဲ့ရလာဒ်က...... အရှုံးပေါ့.....

P.S ထွက်ခွာရင်လည်း နှုတ်မဆက်သင့်ပါဘူး... မျှော်လင့်ချက်လေးနဲ့
ရှင်သန်ခွင့်ပေးသင့်တယ်....

"မင်းကိုချစ်တဲ့သူ"