ရောင်တောင်တောင် နေ့တွေကို
ကြောင်တောင်တောင် ဆိုတဲ့ငါက
ငေါင်တောင်တောင် ဖြတ်ကျော်ခဲ့တယ်...
ပျော်ရွင်စရာ အပေါင်းအသင်း
ချစ်စရာကောင်းတဲ့ ချစ်သူ
နေရာတကားသွားဖို့ ကားလေးနဲ့
မနက်ခင်းအချိန် တွေ့ဆုံကြ
နေ့လည်ခင်မှာ ပျော်ပါးကြ
ညအချိန်တော့ အိမ်ပြန်ခဲ့ကြတယ်...
စိတ်ညစ်စရာ ဘာမှန်းမသိ
အခက်အခဲဆိုတာ ဘာမှမရှိ
အထီးကျန်ခြင်းကို အဝေးမှာထားလို့
အေးချမ်းလှတဲ့ မိဘအရိပ်အောက်
နွေးနွေးထွေးထွေး အသက်ရှင်ခဲ့တယ်...
ရန်ကုန်ကပျောက်လို့ စင်္ကပူကိုရောက်
အလင်းရောက်မဲ့လို့ အမှောင်ထဲရောက်သလို
ငါ့ဘ၀ထဲ ပျော်စရာတွေမှောက်လို့
အစားထိုးလာတာ စိတ်ညစ်စရာ
အထီးကျန်ခြင်းက နေရာတကာ
ပတ်ဝန်းကျင်ကလည်း စိမ်းလွန်းနေတယ်...
ထင်ရာဆိုင်းခဲ့တဲ့ စင်္ကပူနေ့မှာ
ငါ့ Diary ကို လှန်ကြည့်လိုက်တိုင်း
စာရွက်တိုင်းဟာ ထပ်နေသလို
အကြောင်းအရာက တစ်ခုထပ်မပို
ချစ်နေခဲ့တာ သူ့တစ်ယောက်ကို
လွမ်းစရာတွေက အရာရာထပ်ပို...
"မင်းကိုချစ်တဲ့သူ"
Sunday, January 24, 2010
Monday, January 18, 2010
11.02.10
မပျော်တဲ့နေ့များ မျှော်ခဲ့တဲ့ညများ
ပြန်ဆုံမဲ့ရက်ကို ရေတွက်နေရင်း
ပုံစံခွက်ထဲက ခဏထွက်ရဖို့
၂၂ ရက်တာ လိုတော့တယ်....
သူ့ကိုပြန်တွေ့ဖို့ အတွေးတွေဝင်
အလုပ်ချိန်တွေမှာ စိတ်ကူးယဉ်
ပျော်ရွင်ခဲ့တဲ့ ရန်ကုန်မြို့တွင်
ပြန်လည်ဆုံဖို့ ကြည်နူးပျော်ရွင်
အိပ်မက်ထဲထိ ပုံရိပ်တွေထင်...
ပျော်စရာကောင်းမယ် နောင် ၂၂ ရက်
ဖြတ်သန်းနေရင်း ရင်တလက်လက်
နိုးထလာတဲ့ ဒီမနက်တွေမှာ
ပျော်စရာတွေဝေလို့ အသက်ပင်ဝင်
အမှတ်မထင် ငါရောက်နေတဲ့
စင်္ကာပူကိုပင် မေ့လျှော့နေခဲ့...
ပျော်ရွင်ရမယ့် ရန်ကုန်က ၁၈ ရက်
မမြင်နိုင်တဲ့ ကံကြမ္မာကြောင့်
ပျော်ရွင်စရာတွေ မပျောက်ပျက်ရအောင်
သစ္စာတရားရယ် ဖေးမှကာဆောင်လို့
ချစ်သူအနားကို နေခွင့်ရဖို့
ငါ့ကိုညှာတာ သံသရာ နဲ့ ကံကြမ္မာ...
"မင်းကိုချစ်တဲ့သူ"
ပြန်ဆုံမဲ့ရက်ကို ရေတွက်နေရင်း
ပုံစံခွက်ထဲက ခဏထွက်ရဖို့
၂၂ ရက်တာ လိုတော့တယ်....
သူ့ကိုပြန်တွေ့ဖို့ အတွေးတွေဝင်
အလုပ်ချိန်တွေမှာ စိတ်ကူးယဉ်
ပျော်ရွင်ခဲ့တဲ့ ရန်ကုန်မြို့တွင်
ပြန်လည်ဆုံဖို့ ကြည်နူးပျော်ရွင်
အိပ်မက်ထဲထိ ပုံရိပ်တွေထင်...
ပျော်စရာကောင်းမယ် နောင် ၂၂ ရက်
ဖြတ်သန်းနေရင်း ရင်တလက်လက်
နိုးထလာတဲ့ ဒီမနက်တွေမှာ
ပျော်စရာတွေဝေလို့ အသက်ပင်ဝင်
အမှတ်မထင် ငါရောက်နေတဲ့
စင်္ကာပူကိုပင် မေ့လျှော့နေခဲ့...
ပျော်ရွင်ရမယ့် ရန်ကုန်က ၁၈ ရက်
မမြင်နိုင်တဲ့ ကံကြမ္မာကြောင့်
ပျော်ရွင်စရာတွေ မပျောက်ပျက်ရအောင်
သစ္စာတရားရယ် ဖေးမှကာဆောင်လို့
ချစ်သူအနားကို နေခွင့်ရဖို့
ငါ့ကိုညှာတာ သံသရာ နဲ့ ကံကြမ္မာ...
"မင်းကိုချစ်တဲ့သူ"
Tuesday, January 5, 2010
ဘ၀ သင်ခန်းစာ
ဆုံဖို့မရှိတော့တဲ့ ဒီလမ်းမမှာစောင့်နေခဲ့တဲ့
လူတစ်ယောက် ခြေဦးတည့်ရာလမ်းနှင်လို့
ကမ်းမမြင်နိုင်တဲ့ ပင်လယ်ပြင်မှာကူးခတ်ရင်း
အလှမ်းပင်ဝေးခဲ့တယ်...
အသိအမြင်မရှိတဲ့ သတ္တ၀ါတွေမှာ
နေ့စဉ်လုပ်ငန်း ဆောင်တာတွေနဲ့
သက်ရှင်လုပ်ရှား နေကြလည်း
ငါ့မှာတော့ ရောက်ရာကိုသွားရမလို
လျှောက်စရာလမ်းတွေမှားပြီးရင်းမှာနေခဲ့ပြီ...
အနှစ်သာရမရှိတဲ့ နေညတိုင်းကို
အပြစ်ရှာကြည့်ရင်လည်း ငါ့အမှားတွေပဲလို့
တွေးတောရင်း ဘ၀နာဇာတ်တစ်ခန်းကိုရပ်ရအောင်
အသစ်ကပြန်စချင်တယ်...
မနေ့ကဆိုတာ အိပ်မက်
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်
ဒီနေ့တာ ဘ၀လို့ဆိုရင်လည်းပြိုကွဲနေတဲ့
ဘ၀ကိုမထုဆစ်မှီအတုအစစ်ခွဲရင်း
မျှော်လင့်ချက်တွေကို ပုံဖမ်း
ရုန်းရလွန်းလို့ အင်အားလည်းကုန်ခန်းနေပါပြီ...
ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို
နှမြောတသစွာ ရေတွက်ရင်း
ကံကြမ္မာနဲ့ စီးခြင်းထိုးပွဲမှာအနိုင်ရအောင်ကြံဆောင်
လှောင်ပြောင်နေတဲ့ လူတွေကိုအလံဖြူပြလို့
ရန်တွေကင်းအောင်ဖြတ်သန်းပါရစေ.......
"မင်းကိုချစ်တဲ့သူ"
လူတစ်ယောက် ခြေဦးတည့်ရာလမ်းနှင်လို့
ကမ်းမမြင်နိုင်တဲ့ ပင်လယ်ပြင်မှာကူးခတ်ရင်း
အလှမ်းပင်ဝေးခဲ့တယ်...
အသိအမြင်မရှိတဲ့ သတ္တ၀ါတွေမှာ
နေ့စဉ်လုပ်ငန်း ဆောင်တာတွေနဲ့
သက်ရှင်လုပ်ရှား နေကြလည်း
ငါ့မှာတော့ ရောက်ရာကိုသွားရမလို
လျှောက်စရာလမ်းတွေမှားပြီးရင်းမှာနေခဲ့ပြီ...
အနှစ်သာရမရှိတဲ့ နေညတိုင်းကို
အပြစ်ရှာကြည့်ရင်လည်း ငါ့အမှားတွေပဲလို့
တွေးတောရင်း ဘ၀နာဇာတ်တစ်ခန်းကိုရပ်ရအောင်
အသစ်ကပြန်စချင်တယ်...
မနေ့ကဆိုတာ အိပ်မက်
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်
ဒီနေ့တာ ဘ၀လို့ဆိုရင်လည်းပြိုကွဲနေတဲ့
ဘ၀ကိုမထုဆစ်မှီအတုအစစ်ခွဲရင်း
မျှော်လင့်ချက်တွေကို ပုံဖမ်း
ရုန်းရလွန်းလို့ အင်အားလည်းကုန်ခန်းနေပါပြီ...
ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို
နှမြောတသစွာ ရေတွက်ရင်း
ကံကြမ္မာနဲ့ စီးခြင်းထိုးပွဲမှာအနိုင်ရအောင်ကြံဆောင်
လှောင်ပြောင်နေတဲ့ လူတွေကိုအလံဖြူပြလို့
ရန်တွေကင်းအောင်ဖြတ်သန်းပါရစေ.......
"မင်းကိုချစ်တဲ့သူ"