Monday, April 16, 2012

တယောက်သောသူတို့ရဲ့အလွမ်း

ဘာကိုမှမလိုချင်ပါဘူး
ငြိုငြင်မှုတွေကင်းတဲ့
အဖြူရောင်မနက်ခင်းတွေကို
ဖန်ဆင်းပေးပါ ကောင်မလေး...

တကယ်ဆို ငါကိုကမိုက်တာပါ
ကံကြမ္မာကို ယှဉ်ပြိုင်ဖို့
ငါ့ဘ၀ကို လောင်းကြေးထပ်
သွေးအေးအေး စစ်ပွဲတွေနဲ့ ငါတို့တွေ
တဖြည်းဖြည်း ဝေးသွားခဲ့ရတယ်...

လူမမြင်တဲ့ ဒဏ်ရာတွေနဲ့
ငါ့ရင်တွေ ဗလောင်ဆူနေခဲ့ရ
ကြင်နာသူမရှိတဲ့ လမ်းမထက်မှာ
ဘယ်အရာကို ယုံကြည်ရမလဲ...

စီးကရက်တဖွာရဲ့ နောက်ကွယ်မှာ
အတိတ်ဟောင်းတွေ စီဆင်း
အတွေးမြစ်တစင်းဟာ
အရောင်တွေ ကင်းတဲ့
ငါ့တို့ရဲ့ ချစ်ခြင်းတွေလိုပါပဲ...

ခံစားချက်တွေနဲ့ ကဗျာသီကုံး
အချစ်ဦးရယ် မမုန်းပါနဲ့
စိတ်တခြား ကိုယ်တခြားဘ၀မှာ
ဒီကဗျာတွေဟာ သူ့အတွက်တော့
နှစ်သိမ့်စာတွေများ ဖြစ်နေမလား...

အပြစ်တွေများနဲ့ ငါပါ
အကြိမ်တစ်ရာမက
ချစ်တယ်ပြောဖူးတယ်
ဒါပေမဲ့...
နှစ်ယောက်မရှိတဲ့
တစ်ယောက်သောသူကိုပါ...


"မင်းကိုချစ်တဲ့သူ"

အရိပ်

တိတ်တဆိတ်လေးပါပဲ...
ဘယ်သူမှ မသိသေး
ဘယ်သူမှ မရှိသေးတဲ့
ရင်ခွင်ကို အဆင်သင့်
ခင်းကျင်းထားခဲ့တာ
သူနားခိုဖို့အတွက်ပေါ့...

အကြိမ်ကြိမ်အခါခါဆုံးဖြတ်ပြီး
သေသေချာချာ ချစ်ပစ်ဖို့
ဘယ်အရာကိုမှ မမှုခဲ့သူပါ
ရေမကူးတတ်တော့လဲ
ရေတိမ်မှာနစ်တာ စာမဖွဲ့လောက်ဘူး...

ဆိတ်တွေ ရေကူးနေသလိုပေါ့
ငါလဲ စိတ်ကူးကြည့်ဖူးတယ်
ဘယ်အရာက ယစ်မူးစေခဲ့တာလဲ
ထူးထူးခြားခြား မရှိခဲ့ပေမယ့်
ဦးဦးဖျားဖျား ချစ်ခဲ့ဖူးသူပါပဲ...

သူ ခိုင်းရာစေ
သူ စေရာသွား မဟုတ်ပေမယ့်
သူ သွားရာနေ
သူ့ ခြေရာများ အနောက်မှာ
တကောက်ကောက်လိုက်ရတဲ့ အရိပ်လေးပါ
အခုတော့လဲ မှောင်မှာကိုကြောက်နေခဲ့ပြီ...

အလွမ်းဓာတ်ခံ နှလုံးသားအတွက်
အလွမ်းသံစဉ်တွေ ရပ်တန့်ပေးပါ
အဆွေးဓာတ်ခံ နှလုံးသားအတွက်
မိုးမင်းကြီးရယ် မိုးကိုရပ်တန့်ပေးပါ
အချစ်ငတ်နေတဲ့ နှလုံးသားအတွက်
အမုန်းစကားတွေ ရပ်တန့်ပေးပါ 

ဝေးစရာမရှိရအောင် မမှောင်နိုင်တဲ့
အတွေးကမ္ဘာမှာ ခစားပါ
မတည်မြဲတဲ့ လောကကြီးအတွက်
တည်မြဲနိုင်တဲ့ သူ့ရဲ့အရိပ်လေးဖြစ်ပါရစေဘုရား...


"မင်းကိုချစ်တဲ့သူ"

The Story of Dead Romeo

feel free to take my heart with you away
without you it's super hard to pass my day
with the innocent look u r like juliet from the play
touch dead romeo heart to let him alive again...

without the twinkle stars the sky is empty
which looks like my world without u babe
there is only one hope for me to meet u daily
the time being with u make me going crazy...

use ur real eyes to realize the real lies
sudden kinds of ur smile make my heart stop for a while
don't blame me for greedy i'm juz want ur everythings
don't think that i'm so jealousy, it's juz fear of losing u only...

you are a girl beautiful like an angel
and a guiding star wipe away my trouble
you got the power to take down my heart
and u also know how to lift it back up...

staying beside u to feel your heart beating
it's too complicated to know for whom ur heart is beating
being the last jerk for u is just in imagination
i have no word to prove that i'm not a drama king...



"U VUl OHW 3NO 3HT"

ဂျစ်ပစီတယောက်ရဲ့ အကြောင်း

ရွာချနေတဲ့ မိုးစက်မျက်ရည်တွေ
ဂျစ်ပစီတစ်ယောက်အတွက်
သာယာခြင်း သံစဉ်တွေဟာ
ခါးသီးခြင်းအပြင် ပြောင်းခဲ့ပါပြီ...

ပင်လယ်ပြင်ရဲ့ လှိုင်းခတ်သံတွေအတွက်
ရင်ခုန်သံတွေ စီးချက်မလိုက်နိုင်
နီးစပ်မယ့်အကြောင်းတွေးလိုက်တိုင်း
ကမ်းပျောက်လို့ အဝေးရောက်ခဲ့ရတယ်...

ကာရံမညီတဲ့ ချစ်ခြင်းဖွဲ့ အလွမ်းတွေနဲ့
လွမ်းနေရတာ တစ်ယောက်ထဲပါပဲ
ရင်ထဲက မိုးတွေကလည်း
July မိုးလို မစဲပါလားကွယ်...

မလွမ်းရဲတော့ဘူး မချစ်ရဲတော့ဘူး
တမ်းတလို့ရူးခဲ့တဲ့ နေ့တွေကလည်း
ကောင်မလေးရဲ့ အပြုံးနဲ့တွေ့မှ
အရည်ပျော်သွားခဲ့ပါပြီ...

ကျနော့်ကို ချစ်ပါ လွမ်းပါ
အမှတ်တမဲ့ သတိရပါလို့
ပြောခွင့်မရှိတဲ့ ဂျပစီတစ်ယောက်အတွက်
ချစ်လာမဲ့ရက်ကိုပဲ စောင့်မျှော်ရတာပေါ့...

သုညအဖြစ်နဲ့ ဂျစ်ပစီရဲ့ဘ၀မှာ
ပိုင်ဆိုင်းခြင်းဆိုတာ မရှိခဲ့ပါဘူး
အမည်မသိ လိပ်စာမရှိခြင်းကြောင့်
တခန်းရပ် ပြဇာတ်အဖြစ် သတ်မှတ်ပေးပါ
ကျေးဇူးပြု၍ မရယ်ကြပါနဲ့...



"မင်းကိုချစ်တဲ့သူ"

တချိန်က ' _ '

 မျှော်လင့်ခြင်းတွေ တရေးအိပ်
ပျော်ရွင်ခြင်းတွေ ချိတ်ပိတ်လို့
ကြည်နူးခြင်း အတိတ်တွေ
တိတ်တဆိတ် ထွက်ခွာသွားတယ်...

ကလေးလို ဘေးဖယ်ထားလို့
အရေးမပေးခဲ့တဲ့ တချိန်က ' _ '
ကြံရာမရတဲ့ ကာရန်တွေနဲ့
ရန်ခုန်သံတွေကို ဘာသာပြန်ပါရစေ...

ရှုပ်ထွေးနေတဲ့ အိပ်မက်တွေကို
မရှင်းတော့ပဲ ထပ်ရှုပ်ခဲ့တယ်
ဘ၀ဆိုတာကလဲ အစဉ်မကျမှုတွေနဲ့
စီချယ်ထားတဲ့ ပန်ချီးကားချပ်လိုပါပဲ...

ခံစားချက်တစ်ခုအတွက် အသက်ရှင်
ပြဌာန်းချက်မရှိတဲ့ အနာဂါတ်တွေအတွက်
'_' ကိုချစ်တယ်ဆိုတာကတော့
မုသားမပါတဲ့ အဖြူရောင်အနာဂါတ်ပါပဲ...

ပါးချိုင့်လေးနဲ့ အပြုံးပိုင်ရှင်ရယ်
မထပ်တဲ့ အပြုံးတွေပေးလို့
နှုတ်ဖျားနဲ့ ပြောတဲ့ "ချစ်တယ်" ဆိုတဲ့စကားကတော့
ကျနော့်အတွက် နားဝင်အချိုဆုံး ယုံတန်းစကားပါပဲ...

'_' စကားတွေနဲ့ ကျနော့်ကို
ပျော်သလောက် ကစားပါ
အပြုံးတချက် မပျက်အောင်ပေါ့
အပျင်းပြေရင်တော့ မခေါ်ပဲမနေပါနဲ့...

အမုန်းမရှိပေမယ့် အချစ်မရှိတော့ပါ
မျှော်လင့်ခြင်းတွေဆိတ်သုဉ်းလို့
မနက်ဖြန်များစွာကို စောင့်မျှော်ရင်း
ဒီနေ့မှာတော့ ဂျိုကာ ငိုနေသည်...
ဘုရားစူးပါ ဂျိုကာတကယ်ငိုနေပါသည်...


 "မင်းကိုချစ်တဲ့သူ"

အဝေးရောက် Valentine

ပျော်စရာတွေ ယူဆောင်လာတဲ့
ချစ်သူများရဲ့  အထိမ်းအမှတ်နေ့
အတူမရှိနိုင်တဲ့ နှစ်ထောင့်ဆယ့်နှစ်မှာ
အိပ်မက်ထဲမှာ ပျော်ရလို့
ငါ့ကို လာမနှိုးကြပါနဲ့...

ဆိုးဆိုးဝါးဝါး ဖြတ်ကျော်တဲ့အချိန်တွေ
ဝိုးတိုးဝါးတား အနာဂါတ်တွေအတွက်
အမှန်တရားကို ဆုတ်ကိုင်းထားတဲ့ကောင်က
ပေးခဲ့တဲ့ကတိကို သက်စေ့ဖြတ်ခဲ့တယ်
အမှန်တရားဆိုတာ ခါးမှာချိတ်ထားဖို့ပဲကောင်းပါတယ်...

ပိတ်ကားပေါ်လို ဘ၀ကမချိုမြိန်ဘူး
ကိုယ့်ဘ၀ကိုဆောက် ကိုယ့်လမ်းကိုဖောက်လို့
ကိုယ့်ကိုယ်ကို လျှောက်ဖို့ပါပဲ
အခြေအနေမပေးတော့လဲ
ကိုယ့်လမ်းကို ထမ်းထားရုံပေါ့...

ရှေ့ဆက်နေတဲ့ မင်းမရှိတဲ့
ငါ့ဘ၀ရဲ့ လမ်းတွေကတော့
ခြောက်ကပ်ကပ်နိုင်လွန်းတယ်
ဖြတ်လျှောက်သွားခဲ့တဲ့ လမ်းတွေကတော့
ငါ့မျက်ရည်တွေကြောင့် ပန်းတွေတောင်လန်းနေခဲ့ပြီ...

အဆွေးသမား တယောက်အတွက်
အဝေးရောက် Valentine ကတော့
အလွမ်းမိုးတွေကို ရွာချစေခဲ့တယ်
ဒီအဝေးရောက် Valentine ကတော့
ငါမင်းကို ဘယ်လောက်ချစ်လဲဆိုတာ
ငါ့ကိုငါသိအောင် မီးမောင်းထိုးပေးခဲ့ပါတယ်...

ချော့ကလပ် လိုမချိုမြိန်သလို
နာရီတလုံးလို အချိန်မပေးနိုင်ခဲ့ပါဘူး
အဝေးရောက်နေသူအတွက်
ဖြေသိမ့်စရာ ဒီစာလေးနဲ့
စကားလေးတခွန်းပဲရှိတယ်
ဘယ်သူနဲ့မှမတူအောင် မင်းကိုချစ်တယ်...



"မင်းကိုချစ်တဲ့သူ"

တစ်နှစ်တခါ လွမ်းခြင်း

ကုန်ခဲ့ပြန်ပြီ
အဓိပ္ပါယ်ရှိတဲ့ အချိန်တွေ
အခုတော့ နယ်နှင်ဒဏ်ခံရတဲ့လူတွေလို
ရှေ့ဆက်ရမဲ့ ရက်တွေကတော့
ခပ်ညံ့ညံ့ကော်ဖီကို သောက်နေရသလိုပဲ...

တွေဆုံခဲ့ပါတယ်
ပိုးသားလေကြောင်းအကူနဲ့
ပလောင်ဆူနေတဲ့ရင်ကို ကုစားဖို့
သူ့အပါး ခစားခဲ့တယ်
ပြောမပြတတ်တဲ့ ပျော်ရွင်မှုတွေနဲ့ပေါ့....

စိတ်ချနေပါ
ဟောင်းသွားပေမယ့် မနွမ်းခဲ့ဘူး
ပြောင်းလဲခြင်းနိယာမကို အံတုလို့
လိုရာဆုတောင်းဖြစ်ခဲ့တယ်
ဘယ်တော့မှ ဆန္ဒနဲ့ဘ၀တထပ်ထဲကျမလဲ...

ယုံကြည်ပေးပါ
တွေ့ မှထုတ်သုံးဖြစ်တဲ့ အပြုံးတွေဟာ
စမ်းသပ်စရာမလိုအောင် စစ်မှန်ခဲ့ပါတယ်
ကံကြမ္မာနဲ့ လောင်းတဲ့ပွဲမှာ
ငါ့ဖက်မပါနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်...

နှုတ်မဆက်ခဲ့ပါ
မနက်ဖြန်မရှိတဲ့ အချိန်တွေနဲ့
အတူတူ ခရီးဆက်ချင်ခဲ့သူပါ
ဒါပေမယ့် ဘ၀ဆိုတဲ့အရာကလဲ
အစီအစဉ်မကျခြင်းတွေကို
အစီအစဉ်တကျ ဖန်တီးထားလို့
ခဏတော့ ထပ်ခွဲရစမြဲပေါ့...



"မင်းကိုချစ်တဲ့သူ"

အဖြူရောင် ချစ်ခြင်း

မနက်ခင်းလို့ဆိုလိုက်တိုင်း
အလင်းတွေက အမှောင်ကိုဖယ်ရှား
အချိန်မှန်မြည်တဲ့ နှိုးစက်သံတွေက
ကြည်နူးခြင်း အိပ်မက်ထဲက
ကျနော့်ကိုဆွဲထုတ်ခဲ့တယ်...

ဘ၀ဆိုတာ ဒင်္ဂါးတစ်ပြားဖြစ်ခဲ့ရင်တောင်
ကျနော်က ခေါင်းနဲ့ ပန်းကို ပိုင်ဆိုင်ခွင့်မရှိသူပါ
အပေးအယူမသိတဲ့ ငယ်စဉ်ဘ၀က
အေးချမ်းလွန်းတယ်
ရေရာမှုကင်းမဲ့တဲ့ လူကြီးရဲ့ ဘ၀ကတော့
အလျော်အစားကြီးတယ်...

လမ်းကြုံတုန်း မေးကြည့်ချင်ပါရဲ့
"အိပ်မက်ဆိုတာ ဘာလဲ"
မနက်ဖြန်အစီအစဉ်ကို ကြေငြာခြင်းလား???
ဒါမှမဟုတ် အတိတ်ရဲ့ အရိပ်တွေထင်ဟပ်နေခြင်းလား???
ဘာပဲဖြစ်ဖြစ် သူနဲ့တွေ့တဲ့အိပ်မက်ကို မဆုံးတမ်းမက်ချင်တယ်...

အပြုံးလေးတွေ သီကုံးထားတဲ့
သူမရဲ့ မျက်လုံးတွေမှာ
ကျနော် ပျော်မွေ့ ဖူးတယ်
သူ့ရဲ့ နှုတ်ခမ်းပါးပါးလေးတွေက
ကျနော့်နှလုံးသားကို ထိန်းချုပ်လိုက်သလိုပဲ
သူ့ရဲ့ အမိန့်ကိုနာခံဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ...

လမင်းရဲ့ သံစဉ် ကြယ်စင်ရဲ့ တေးတွား
စီးချက်ညီပုံကတော့ ရိုင်းလွန်းစွာလှတယ်
တွယ်တာခြင်းကင်းတဲ့ မနက်အလင်းတွေက
မဆုံနိုင်တဲ့မျဉ်းနှစ်စင်းကို ယိုင်စေခဲ့တာပဲ
တို့တွေဘာလို့မှိုင်တွေနေတုန်းလဲ...

အချစ်ဆိုတာ...
ဓားဝှက်ထားတဲ့ လူသတ်သမားလား
အပြုံးတခက်နဲ့ လျှို့ ၀ှက်တတ်တဲ့မျက်လှည့်ဆရာလား
အနာဂါတ်တွေကိုတွက်တဲ့ Tarot ဖဲချက်တွေလား
ကျနော်ကတော့ စွန်းထင်းလွယ်တဲ့
အဖြူရောင်ကိုပဲ ရိုးရိုးစင်းစင်း ချစ်ခဲ့ခြင်းပါ...



"မင်းကိုချစ်တဲ့သူ"

ဘ၀ရဲ့ အချစ်ဖြစ်တည်မှု

ငါတို့တွေ...
နှုတ်ဆတ်ချိန်ရောက်တိုင်း မျက်နှာလွဲ
မျက်ရည်ဝဲနေတဲ့  ငါ့ကိုမကြည့်ချင်ပါနဲ့...

အဝေးဆုံးမှာနေပြီး အနီးဆုံးမှာရှိချင်သူပါ
သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ရင် ယုံချင်တယ်
အရင်လိုရိုးသား ဖြူစင်နေဆဲဆိုတာ...

အချစ်လို့ဆိုတိုင်း အပြစ်ဖြစ်ရမှာလား
ငါ့ဆိုတဲ့ ကံဆိုးကောင်အတွက်
ကံကောင်းမဲ့မနက်ဖြန် ရှိပါသေးတယ်...

ကမ္ဘာပျက်မဲ့ သတင်းကိုကြားမိတိုင်း
ငါဝမ်းနည်းမိတယ်
ငါသေမှာကို ကြောက်လို့မဟုတ်ဘူး
မင်းနဲ့ မပေါင်းဖက်လိုက်ရမှာကိုပဲ ကြောက်မိတာပါ...

အတင်းစကားတွေကြောင့် အငြင်းမပွားရအောင်
အဲ့ဒီအတင်းစကားတွေဆိုတာ
ငါ့တို့ချစ်ခြင်းကို ယှဉ်ပြိုင်နေသလိုပဲ
ငါတို့တွေ လက်တွဲမြဲဖို့ပဲလိုတာပါ...

ရုပ်ရှင်ဆန်ဆန်အတွေးတွေနဲ့
မင်းသူငယ်ချင်း ကောင်မလေးတွေကို
လာမကျီစားခို်င်းနဲ့
နှလုံးသားတံခါးကို လာခေါက်တိုင်း
မင်းမဟုတ်မှန်း ငါသိနေတယ်...

ဆန္ဒနဲ့ဘ၀ တထပ်ထဲမကျလို့
မင်းမရှိတဲ့ဘ၀မှာ ကျင်လည်နေရတယ်
ငါ့ကို အသုံးမကျတဲ့ကောင်လို့ပြောပါ
ငါဟာ မိဘစကားကိုလျစ်လျူရှုရအောင်
မမိုက်သေးလို့ပါ...



"မင်းကိုချစ်တဲ့သူ"

ချစ်သူသို့လွမ်းခြင်း

ဖတ်ဖြစ်ခဲ့တဲ့ စာမျက်နှာ
ခြစ်ချခဲတဲ့ ပြက္ခဒိန်စာရွက်တွေ
အလဲလှယ်ခံရတဲ့ နှလုံးသားကို ငဲ့ညာလို့
ငါ့ကိုတရက်တကြိမ်လောက်တော့လွမ်းပါ...

အချိန်နဲ့အမျှအလွမ်းတွေနဲ့
ပထမအနမ်း ပေးခဲ့တဲ့ကောင်မလေးရယ်
မနက်ဖြန်တွေကုန်မှာကိုမကြောက်
မနက်ဖြန် ပြန်မဆုံမှာကိုကြောက်မိတယ်...

ငါတို့တွေဆုံတွေ့ အချိန်က
ကကြီးခခွေး ပေးကျံနေတဲ့အရွယ်
အချစ်ဆိုတာကို မေတ္တာပိုပိုနဲ့
ဘုရားမှာလည်း သစ္စာဆိုခဲ့ဖူးတယ်...

သံသရာနဲ့ သံသယတွေကြား
နားလည်မှုကို အထားမှားလို့
စကားတွေနဲ့ ဗျာများရတယ်
တကယ်တော့ ဒါတွေဟာ
ကောလဟာလ သတင်းတွေပါ...

ငြင်းစရာမလိုလောက်အောင်
ငါတို့ အချစ်တွေခိုင်မာခဲ့တယ်
ဝေးသွားမှာမဟုတ်တဲ့ အချစ်တွေအတွက်
ငါ့ရဲ့ အလွမ်းတွေနဲ့ သက်သေထူမယ်
ဒီတခါနွေဦးကို စောင့်ရတာကြာလွန်းတယ်...

ကျေးဇူးပြုပြီး သိပ်မပြုံးပါနဲ့
မင်းအပြုံးက လူတွေကိုဖမ်းစားနိုင်လို့
ငါလဲသာမန်လူတယောက်မို့
မင်းကိုဆုံးရှုံးမှာ ကြောက်တယ်
ငါ့ကိုဘယ်တော့မှ မမုန်းအောင်
အဘိဓာန်ထဲက "မုန်း" ဆိုတဲ့စကားလုံးကို
ပယ်ထုတ်ခွင့်ပြုပါ...


"မင်းကိုချစ်တဲ့သူ"

ပန်းတိုင်

မနက်ဖြန်တွေများစွာအထိ
ငါ့မျှော်လင့်ချက်တွေကိုခင်းကျင်း
ရိုးသားခြင်းတွေကို အသက်သွင်းလို့
ကြိုးကြိုးစားစား လျှောက်လှမ်းနေသူပါ..

ဘ၀မှာ မှောင်တဲ့ဘက်ကချည်း
ရှုံးရမယ်ဆိုတာ ဓမ္မတာလား
ငါကတော့ အရှုံးတွေကို
ပြိုင်ဘက်မရှိ ဆွတ်ခူးတားရသူပေါ့...

ဒီမနက်ခင်းမှာတော့ တခါးမဖွင့်ပဲ
အလင်းတွေ အသင့်ဝင်လာတယ်
ထွန်းလင်းခွင့်မရှိတဲ့ ငါ့အတွက်တော့
ဒီအလင်းတွေက ကျီစားနေသလိုပဲ...

လူမသိသူမသိ ပေါက်ဖွားလာတဲ့
ခပ်ညံ့ညံ့ မြတ်ပင်တပင်လေးပေါ့
ကမ္ဘာကြီး စိမ်းလန်းစိုပြေဖို့
အသုံးဝင်ကောင်း ၀င်နိုင်တယ်
ဒါပေမယ့်
လူမလေး ခွေးမခန့်တာကိုတော့ နာတယ်...

ကံကြမ္မာနဲ့ လွန်ဆွဲတဲ့ပွဲမှာ
ငါပျော်ပျော်ကြီး အရှုံးပေးခဲ့တယ်
ပြောင်းပြန်တွေးလိုက်ရင်တော့
အားစိုက်မထုတ်ရပဲ အနိုင်ရခဲ့သူပေါ့...

ဘ၀ဆိုတာ...
အမှားတွေကြားထဲက အမှန်တရားလား
အမှန်တရားထဲက အမှားတွေလား
ဒီလိုဒွိဟတွေကြားမှာ အသက်ရှင်နေတဲ့လူတွေ
အချင်းချင်း တက်မနင်းကြပါနဲ့....


ရှင်းလင်းချက်
ပဉ္စမမြောက်အပိုဒ်ကတော့ စာရေးစရာ မင်းခိုက်စိုးစံရဲ့ အတွေးတစ်ခုပါ... သဘောကျမိတာကတကြောင်း ဒီကဗျာကိုဖတ်တဲ့သူတွေကို ရသတခုပေးခြင်တာကြောင့် ထည့်သုံးခဲ့တာပါ....
လွန်ဆွဲတယ်ဆိုတာ စည်းတားထားတဲ့မျဉ်းနဲ့ အဝေးဆုံးကိုရောက်နိုင်သူက အနိုင်ပါ... ဘ၀မှာတော့ စည်းတားထားတဲ့မျဉ်းကို ရောက်တဲ့သူက ပန်းတိုင်ကိရောက်တဲ့သူပေါ့ တနည်းပြောရရင် အနိုင်ရသူပေါ့... အဲ့လောက်ဆို စာဖတ်သူတွေနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်...

P.S. ရှင်းလင်းချက်ဆိုတာ ရှုတ်မသွားအောင်ပါ... ရှင်းလင်းချက်ကို ဖတ်ပြီးမှ ပိုရှုတ်သွားရင် တောင်းပန်ပါတယ်...


လေးစားလျက်
မင်းကိုချစ်တဲ့သူ

အတ္တ လောကသား

ကောင်းကင်တရွေ့ လေတဝှေ့မှာ
ငါ့ကိုငါ ပြန်မေးကြည့်မိတယ်
အတ္တဆိုတဲ့အရာကို ဘယ်သူကများ
မွေးဖွားပေးခဲ့တာလဲလို့...

ဝရန်တာသေးသေးလေးမှာ
လေးပြေအေးအေးနဲ့
ကြယ်ကလေးတွေကြွေတာကို
ငါ့မှာပီတိဖြစ်ဖူးတယ်... (မိုက်လိုက်တဲ့ငါ)

သဘာဝရဲ့ ဖြိုခွဲခြင်းကိုခံလို့
အလင်းတန်းအဖြစ် ပွင့်ထွက်လာတဲ့
နာကျင်မှုတွေနဲ့ ကြယ်ကလေးဘ၀ကို
ကြည့်လို့ လိုရာဆုတောင်းဖူးတယ်...

အတ္တကြီးပုံကတော့ သူလိုငါလိုပါပဲ
အဆုံးသတ်ခြင်းမရှိတဲ့ သဘာဝကို
အဆုံးသတ်နိုင်အောင် ကြိုးစားရင်း
တိတ်တဆိတ် ထွက်သွားကြတယ်...

အတ္တဆိုတာကြီးကို ဘယ်ကျောင်းကများ
သင်ကြားပေးခဲ့တာလဲ
ဘာသင်သင်မတတ်တဲ့ ငါ့အတွက်တော့
အတ္တဆိုတာကြီးကို အဆင့်မခွဲတော့ဘူး
ငါ့အတွက် အချိန်မရှိတော့လို့ပဲ...

တခါတလေတော့လဲ
ပြောင်းပြန်အတွေးအခေါ်တွေကို
ပြန်ပြောင်းပြီးတွေးကြည့်မိတယ်
အတ္တကြောင့် လောဘတွေရှိတာလား
လောဘကြောင့် အတ္တတွေရှိတာလားဆိုတာပါပဲ...



"မင်းကိုချစ်တဲ့သူ"

Wednesday, December 21, 2011

သုည

မနက်ဖြန်ဆိုတဲ့ အတွေးတွေနဲ့
ဘ၀ဆက်နေတဲ့ ပုရွက်ဆိတ်တွေ
စာရွက်တရွက် လှန်ဖို့ရာ
၂၄ နာရီကို အခက်အခဲများစွာနဲ့
ဖြတ်ကျော်ကြတယ်...

မြင်တွေ့နေရတဲ့ အပြုံးတွေကို
အတုနဲ့အစစ်ခွဲဖို့ ငါ့မျက်လုံးညောင်းတယ်
ငါဆိုတဲ့ကောင်က ရေထဲမှာအနည်ပါရင်တောင်
ဆယ်ထုတ်ဖို့ ဆန္ဒမရှိဘူး...

သုညဆိုတဲ့ ကိန်းဂဏန်းကို
ငါ့ကိုငါ ဆင်မြန်း
အခန်းထောင့်လေးမှာ နေခဲ့တာပါ
တန်းဖိုးတတ်ဖို့အတွက် သူများနောက်မနေခဲ့ဘူး...

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ...

အရေးမပါတာတွေကို အရာပေး
ကလေးသာသာ အတွေးတွေနဲ့
ငါ့ကို အိပ်မက်တွေသိပ်မပေးပါနဲ့
ငါအိပ်ရေးပျက်လွန်းလို့ပါ...


"မင်းကိုချစ်တဲ့သူ"

Sunday, December 18, 2011

All About U


i dreamed of u for many times
u r waving ur hand and saying GoodBye
i thought u can always be mine
no matter how hard i will be ur valentine...

fill up my emptiness with ur happiness
my heart is feeling sick of loneliness
i can't live without u is obvious
for u, my love is full of forgiveness

i swear i'm falling on you
and the three words are true
"I treasure U"
there is no meaning for night without moon
u r the reason of my life to continue...

the memory of us will still remain in the rain
the melody of love will play without any pain
for more than century our love will not change
right under my left chest, i will put a tattoo of ur name...

i took u for granted and broke my promise
making a mistake which u can't forgive
let me wipe away ur hate by giving u a kiss
without u, there is no meaning for me to live...



"U VUl OHW 3NO 3HT"

Thursday, December 15, 2011

အဆိပ်ခွက်

အေးစက်စက်အတွေးတွေကို
ဖန်ခွက်ထဲငဲ့လို့ မျှော်လင့်ချက်တွေနဲ့
အလွမ်းခါးခါး ပြင်မရတဲ့အမှားတွေကို
ခက်နာနာလေးဖျော်လို့
ငါ့ရဲ့ မနက်စာ ကော်ဖီအဖြစ်သောက်သုံးနေတယ်...

ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
နူးညံ့တဲ့ အချစ်တွေအတွက်
တန်ပြန်လာခြင်းတွေကတော့
ဒီဇင်ဘာနှင်းတွေလိုပဲ အေးစက်လွန်းတယ်...

သွားတလှည့် ရပ်တလှည့်နဲ့
အနာဂါတ်တွေ ပျက်သုဉ်းခဲ့
မမြဲခြင်းတရားကို ကိုင်ဆောင်တဲ့
ကံကြမ္မာဆိုတဲ့ ငနဲကတော့
မာယာတွေအထပ်ထပ်နဲ့ပေါ့...

လက်ကမ်းမမှီတဲ့ ပျော်ရွင်ခြင်းတွေကို
လက်လှမ်းမယူပဲ ထိုင်ကြည့်နေမိတယ်
မျက်ရည်ခံမှည့် ပါတဲ့လူတိုင်း
ငိုရမလားကွယ့်
ငါ့ကိုယ်က မျက်ရည်လွယ်လွန်းတာပါ...

အမေပေးတဲ့ အသိပညာ
အဖေပေးတဲ့ အတတ်ပညာနဲ့
ကံကြမ္မာကို စစ်ကြေငြာခဲ့တယ်
ဓားစာခံဖြစ်ခဲ့တဲ့ မင်းအတွက်တော့
ငါဟာ အဆိပ်ခွက်ပါပဲ....



"မင်းကိုချစ်တဲ့သူ"

Sunday, December 4, 2011

အချစ်ကိုသိချိန်

ပျော်စရာတွေ တစ်ထုပ်တစ်ပိုးနဲ့
ကိုတို့တွေ ပျော်ရွင်ခဲ့တဲ့အခိုက်
ဘယ်အရာကိုမှ မတွေးခဲ့တဲ့အတွက်
ဝေးရတဲ့အချိန်မှာ ကမ္ဘာပျက်ခဲ့ရသလိုပဲ...

ခံစားချက်တွေနဲ့ အတွေးကတဖက်
ပျော်ရွင်ခြင်းတွေ ပြည့်နှက်နေတဲ့
အေးမျှတဲ့ အတူရှိခဲ့တဲ့ညတွေမှာ
ရင်ခုန်ရလွန်းလို့ အိပ်မရခဲ့ပါဘူး...

အကြင်နာမဲ့လို့ ပျော်စရာတွေကပျက်
ခုံမင်စရာမရှိတဲ့ သူမရှိတဲ့ညတွေမှာ
အိပ်မက်ဆိုးတွေ နှောက်ယှက်လို့
ညရောက်မှာတောင် ကြေက်ကြေက်လာတယ်...

ရှုစားမဲ့အချစ်တွေကိုပဲ ချစ်နေမိသူပါ
အချစ်ဟာ မလှည့်စားတတ်ပါဘူးတဲ့
လှည့်ဖျားတတ်တဲ့ စကားချိုချိုတွေကတော့
ငါ့နှလုံးသားကို  ပြုစားတယ်...

အချစ်ဆိုတာဟာဘာလဲ????
အရိုက်ခံရပါများလို့ ထုံသလိုမျိုးပေါ့
အချစ်ခံရပါများတော့လဲ ယုံကြည်မှုတွေပျက်သုဉ်း
ကို့ရဲ့ လွတ်လပ်ခွင့်ပါ ဆုံးရှုံးတတ်တယ်...

မွန်းကျပ်မှုတွေအောက်က ရုန်းထွက်ခဲ့တဲ့ငါဟာ
အချစ်လွန်သွားတာလား အလွန်ချစ်မိသွားတာလား?
အဲ့ဒီနားမလည်နိုင်ခြင်းကိုပဲ နားလည်လိုက်ပါတယ်
မဖြစ်နိုင်ခြင်းများစွာကို စမ်းစစ်ကြည့်လိုက်မှ
ဖြစ်နိုင်ခြင်းလေးတစ်ခုကို သွားတွေ့မိတယ်
ကျနော်သူ့ကို အရမ်းချစ်မိသွားတယ်ဆိုတာပဲ....



"မင်းကိုချစ်တဲ့သူ"

Saturday, December 3, 2011

ပြန်ရောက်လာပြန်ပြီလား

မနက်ဖြန်နေသာမယ်တဲ့
လကွေးကွေးနဲ့ ညအေးအေးဆီက
ကြေးနန်း တစောင်ရတယ်
ဒါပေမယ့် ငါက မဖြေသာနိုင်သေးဘူး...

ဘ၀ခရီးဆိုတာမျိုးက
ကကြီးခခွေး လှလှရေးတတ်ရုံလောက်
မလွယ်ကူပါဘူး
ဒါပေမယ့် ငါက ၀လုံးကိုဝိုင်းအောင်
မရေးတတ်ခဲ့တဲ့သူပါ...

အပြုံးတွေက အတုအယောင်နဲ့
လောကကြီးမှာ သရုပ်ဆောင်နေတဲ့လူတွေ
ရေးကူးတတ်ယုံနဲ့လောက်တော့
ပင်လယ်ထဲမဆင်းချင်စမ်းနဲ့
သူများတံတွေးခွက်ထဲကလွတ်အောင် အရင်ကူးကြည့်ပါ...

ယုယမှုတွေကင်းတဲ့ အခိုက်အတန့်ဟာ
ငါ့ရဲ့ ပစ္စုပ္ပန်ကာလလိုပဲလား
တခါတလေတော့လဲ ပျော်ရွင်ခြင်းတွေက
နေကြတ်သလို ရောက်ရောက်လာတယ်
ဝေခွဲမရတဲ့ အနာဂတ်ကတော့ မျက်ရေတွေစို့လို့...

အတ္တပြင်းပြင်း ရက်စက်ခြင်းတွေကင်းလို့
ညနေခင်းတွေလို ပူလောင်ခြင်းမရှိ
ညအချိန်တွေလို မူယာမပိုတဲ့
မနက်ခင်းရယ် မင်းဟာအရမ်းအပြစ်ကင်းလွန်းတယ်...

ပြန်ရောက်လာပြန်ပြီလား...
နောင်တဆိုတဲ့ လူကြီးမင်းရယ်
ငါ့ရဲ့ဘ၀ထဲကို ၀င် ထွက်ခွင့်များ
Visa ရထားသလားကွယ်...

"မင်းကိုချစ်တဲ့သူ"

Wednesday, November 30, 2011

အဲ့ဒါငါပေါ့...

အဲ့ဒါငါပေါ့...
ရွေ့လျားနေတဲ့ လကလေးကို
မျက်စောင်းတချက်ထိုးလို့
ကျီစားနေခဲ့တာ
မနက်ဖြန် ရောက်မှာစိုးလို့...

မို်းခေါင်နေတဲ့ ငါ့ရင်ခွင်ထဲ
အလွမ်းနှစ်ဆကို အချစ်တစ်ဆနဲ့ပေါင်းလို့ရတဲ့
မျက်ရည်တွေနဲ့ ငါတို့ရဲ့အချစ်ပင်
မညှိုးအာင် ရေးလောင်းနေတယ်...

အမြင်မှာတော့ ငါကလူပျော်ပါပဲ
အတွင်းဒဏ်ရာဆိုတာ အော်ငိုလို့
ဆေးထည့်လို့ ပျောက်နိုင်တဲ့
ဒဏ်ရာမျိုးမှ မဟုတ်တာ
တခါတလေတော့လည်း ငိုချမိလိုက်တယ်...

မာတိကာနဲ့ အစီအစဉ်တကျ
ချမှတ်ထားတဲ့ လောကကြီးရေ
မင်းပေးတဲ့ ဥပက္ခာကိုစားလို့
ငါနေခဲ့တာ ၃ နှစ်ကြော်ခဲ့ပြီ
ရင့်ကျက်လာခြင်းက မင်းပေးတဲ့ဘွဲ့ပေါ့...

ဆေးခါးတွေသောက်လို့ ခါးတဲ့အရသာ
သကြားလုံးစားလို့ ပျောက်နိုင်သေး
အလွမ်းဆိုတဲ့ ခါးသက်ခြင်းမျိုးကိုတော့
ဘယ်သကြားလုံးမှ မဖြေဖျောက်နိုင်ပဲ
ဟုတ်တာပေါ့...
အလွမ်းဆိုတာက လျှာနဲ့ခံစားတာမှမဟုတ်ပဲ...

အဲ့ဒါငါပါပဲ
တနေ့လုံးစောင့်နေတာတောင်
ငါ့အတွက်ဘာမှထူးမလာခဲ့ဘူး
ဖြစ်နိုင်ရင် ငါ့ကိုငါစက္ကန့်တံတစ်ခုဖန်ဆင်းလို့
အချိန်တွေကို ရပ်တန့်လိုက်ချင်တယ်...
ဘယ်အရာမှ အခုအချိန်လောက်သေချာနိုင်လို့လဲ...


"မင်းကိုချစ်တဲ့သူ"

December


this has been a hell week
including the weekends, my days are sick
unpretendable feelings are dropping so deep
day by day i realized tat i had become a dead meat...

Time is moving too slow to meet each other
but it will pass like a light ray when we are together
Girl, i wish i can let ur chin to rest on my shoulder
after grabbing ur hand, i came to know the meaning of forever...

life is not a movie clip cuz there is no ending
the days of being in here are like a day dreaming
the smile beneath ur mask make me disgusting
cuz of the cruel ppl the surrounding is bleeding...

nobody will care about us as we are not popular
a simple love always emerge from the heart not from formula
without you tomorrow will not be a sweet december
Can i pass the december by tearing the 2011 calendar...





"The One Who Love U"



.

Friday, November 25, 2011

အားနည်းချက်

အတွေးခက်ခက်ထဲမှာလွင့်မျောရင်း
အေးစက်စက်ညတွေကိုသင်္ဂြိုလ်
ငါ့ကိုငါ ပုရွက်ဆိတ်လိုဖန်ဆင်း
အပြစ်ကင်းကင်းနဲ့ ဘ၀ခရီးကိုဆက်ချင်တယ်...

မနက်တိုင်းမှာမြည်တဲ့ နှိုးစက်သံဟာ
ချိန်ကိုက်ဗုံး ပေါက်ကွဲသွားသလို
ငါ့ရဲ့ မျှော်လင့်ခြင်းတွေကို ဖြိုခွဲ
ငါ့ရဲ့မနက်ခင်းလဲ ဖရိုဖရဲဖြစ်ခဲ့ပြီ...

ပတ်ဝန်းကျင်ရဲ့ အလိုတော်အရ
ငါ့ကိုငါဆေးလှလှချယ်ခဲ့တယ်
ဖေးမှမယ့်သူမရှိတဲ့ လမ်းမထက်မှာ
ကျေားခင်းလို့ နေနဲ့လတို့ရဲ့ ချစ်ခြင်းကိုအားကျမိတယ်...

ကျင်လည်နေတဲ့ ကမ္ဘာမြေထဲ
အသက်တခါ ရှူလိုက်တိုင်း
ငါဟာ ရိုင်းရိုင်းလာသလိုပဲ
အချိန်ကာလကလဲ လူသေဆော်နံနေပြီ...

သစ္စာတရား အထားမှားလို့
အမှားများနဲ့ အမှန်တရားကို
တသတ်မှာတခါတော့ဆိုချင်တယ်
သူ့အသည်းကို ခိုးတဲ့တရားခံက
ကျနော်ပါပဲ...

လောကကြီးရဲ့ တရားစီရင်ခန်းမှာ
ကံကြမ္မာရဲ့ လာဘ်စားမှုကြောင့်
နယ်နှင်ဒဏ်ခံရလို့
အချစ်နဲ့ဝေးရာကို ရောက်ခဲ့ရပြီ...

အတွေးကမ္ဘာမှာ အဆွေးကဗျာနဲ့
အနားမရှိတဲ့အချိန် ကြင်ရာမရှာခဲ့ဘူး
တသတ်မှာတယောက်ပဲချစ်တတ်တဲ့
မွေးရာပါအားနည်းချက်လေးကြောင့်ပါ....


"မင်းကိုချစ်တဲ့သူ"