မမြင်နိုင်တဲ့ ကံကြမ္မာ
မဖိတ်ခေါ်လဲ ရောက်ရောက်လာ
ကြံရာမရတဲ့ ငါ့အဖြစ်မှာ
ရေနှစ်နေတဲ့ ပုရွက်ဆိတ်ပမာ
ပျောက်ရှသွားတာ နားခိုရာ...
ခြောက်လှန့်နေတဲ့ စက္ကန့်သံ
တစ်ချက်တစ်ချက် စီးချက်ဟန်
မရောက်ချင်တော့တဲ့ မနက်ဖြန်
တွေးရင်းတွေးရင်း လထွက်ပြန်
ရပ်တန့်ပေးပါ သန်းခေါင်ယံ...
မဆုံနိုင်တော့တဲ့ လူတစ်ယောက်အတွက်
ဆန္ဒတွေမဲ့ တည်ဆောက်ခဲ့အိပ်မက်
လည်ပတ်နေတဲ့ ကမ္ဘာကြီးအတွက်
ခန္ဓာတစ်ခုက တစစီပျက်
သုညအကြွင်းနဲ့ စီးကျခဲ့မျက်ရည်စက်…
ပျက်ကြွေခဲ့ နေရက်တွေနဲ့
ထပ်နေခဲ့ အတိတ်ရက်တွေအတွက်
လွမ်းတတ်နေတဲ့ သွေးတစက်က
မချစ်တတ်တဲ့ မင်းတစ်ယောက်ကို
မိုးပြေးလိုထွက်ပြေးမှာ ကြောက်နေမိတယ်…
အတ္တများကို ခ၀ါချ
မာန်မာနကို မြေမှာချလို့
မင်းစေလိုရာစေဖို့ ငါအဆင်သင့်ပါ
ဖြေခွင့်မရှိတဲ့ နှလုံးသားအတွက်
အဆုံးစကားတွေ မပြောကြရအောင်လား…
ကမ္ဘာကျော်ရှုံးတဲ့ မင်းအပြုံးအတွက်
မပျက်သုဉ်းအောင် နှလုံးသားနဲ့ကာကွယ်
ယဉ်ယဉ်လေးလှတဲ့ ကောင်မလေးရယ်
သနားခါးလေးနဲ့ဆို ပိုလို့တင့်တယ်
ပြင်ဆင်ထားတဲ့ ငါ့ရင်ခွင်ဝယ်
မင်းတစ်ယောက်တာ ခိုးနာဖို့ကွယ်...
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment