Thursday, June 25, 2009

WELCOME TO SURVIVAL WORLD!!!

နောက်ဆက်တွဲဆိုတဲ့စကား......
လူတွေကပျော်ပြီးရင် ငိုရတယ်တဲ့
တိမ်တွေကလည်းလေဟုန်စီးလို့ပျော်နေရင်
မိုးခြိမ်းသံတွေက အဖော်အဖြစ်လိုက်ပျော်နေတယ်
ဒါပေမယ့်ပျော်ပြီးရင်တော့ မိုးအဖြစ်ဒဏ်ပေးခံရတယ်...
တိမ်တွေကပျော်ရင်တောင် အဖော်တွေနဲ့
ငါ့မှာတော့ အဖော်ဆိုလို့ Cigarette့ 
တစ်ဖွာပြီးတစ်ဖွာ အဆုတ်ကို အာဟာရဖြည့်ပေးရင်း
အတိုင်းအဆမရှိ အကာအရံမရှိ သုညဆိုတဲ့နေရာကို
ပျော်ရွင်ခြင်းမဲ့ ခံစားချက်နဲ့ ခဏ ခဏ ရောက်ခဲ့တယ်...
မွေးနေ့ဆိုတာပါလဲ... အသိအမှတ်ပြုတဲ့နေ့တစ်နေ့လား
အချိန်တွေ ရွေးလျားရင်းကျော်ဖြစ်သွားတဲ့သာမန်နေ့တနေ့လား
သူငယ်ချင်းဆိုတာပါလဲ... အတူသွား အတူစား
ခံစားချက်တွေကိုဝေငှ ဖေးမှကူညီကြတဲ့လူတွေလား
ဒါမှမဟုတ် ဆုံချက်မရှိတဲ့လမ်းပေါ်မှာခဏတာတွေ့ကြတဲ့
ခရီးသွားလား...
ငါမသိတော့ဘူး... ဒီနေ့ဆိုတာဘာလဲ...
မနက်ဖြန်လည်းမဟုတ်... မနေ့ကလည်းမဟုတ်တာလား...
အော်........
မရေရာတဲ့ ဒီလောကကြီးက မသေချာတဲ့ အခြေအနေတွေပေးပြီး
မညီညာတဲ့ လမ်းတွေကို လျှောက်ခိုင်းနေတယ်...
ငါကလဲ မဖြေသာတဲ့ခံစားချက်နဲ့ မစာနာတဲ့လူတွေရဲ့တံတွေးခွက်မှာ
ပက်လက်ကူးနေရတယ်...
ငါဘာမှားလို့လဲ...
အမှန်တရားကိုပြောတာ ငါ့အမှားလား...
ဒီလောကကြီးက အမှန်တရားဆိုတာ မရှိတော့ဘူးလား...
တိမ်အောသွားပြီလား...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment