Sunday, November 29, 2009

လူ့လောက

ပျော်ရွင်ခြင်းမဲ့ နေ့များစွာထဲ
ပုံစံခွက်ထဲ ရောက်ရှိနေတဲ့
ကိုမပိုင်တဲ့ ဒီအချိန်နဲ့
လည်ပတ်နေတဲ့ ဒီကမ္ဘာမြေ...

သံသရာက ၀ဋ်ကြွေးတွေကို
ဒီဘ၀မှာ အကုန်ဆပ်ဖို့
ငါ့ဘ၀ကို ကြမ္မာလက်ထဲ
လိုရာသုံးဖို့ ပေးအပ်ခဲ့ပြီ...

သုညအဖြစ် ဘ၀ကိုစ
အောင်မြင်မှုကို စိတ်မှာတောင်းတ
ယိုယွင်းမှုနဲ့ တည်ဆောင်ထားတဲ့
လမ်းပျောက်နေတဲ့ အခုဘ၀...

လူတွေလျှောက်တဲ့ ဒီလမ်းတွေက
ဆူးများစွာနဲ့ ကွေးကောက်လိမ်ဖယ်
ပညာအတတ် မဲ့တဲ့လူက
ဆူးကြားမှာတင် ဘ၀ဆုံးခဲ့...

ဆန်းကျယ်လှတဲ့ လူ့ဘ၀ကား
ရုပ်ရှင်ကားလို သာယာနိုင်ဖို့
လမ်းပြခဲ့ပါ အောင်မြင်သူတို့
လူ့လောကကို စိတ်ကုန်လွန်းလို့...


"မင်းကိုချစ်တဲ့သူ"

Wednesday, November 18, 2009

အစစ်မရှိတဲ့ ကမ္ဘာ

ခြေရာမပျက်မဲ့ အတိတ်တွေအတွက
်ငါတို့အတူတူ လျှောက်ခဲ့တဲ့နေ့ရက်
ဆုံနိုင်မယ်ဆိုတဲ့ အတွေးတစက်
သူ ကိုယ်တိုင် ချေဖျက်ခဲ့...

သူ့နှုတ်ခမ်းက ပြောခဲ့တဲ့စကား
We Belong Together
Love u forever
ယုံကြည်သောငါ စိတ်မှာခံစား...

ယိုယွင်းနေတဲ့ ငါ့ဘဝ
ပြင်ဆင်ချိန် ဒီခဏမှာ
မင်းအပြုံးလေးကို မြင်ချင်လဲ
အပြုံးတွေက အစစ်မဟုတ်ပဲ...

အရင်တုန်းက ငါတို့ဘဝ
တွေ့တဲ့လူတိုင်း အားကျကြ
အခုအချိန်တော့ ငါ့တို့ဘဝ
မြင်သူတွေက ဟားချင်ကြ...

ဆင်ခြင်ဥာဏ်မဲ့တဲ့ ငါ့စိတ်တွေက
လူအတစ်ယောက်လို မင်းရဲ့အပြုံးထဲ
ရုန်းထွက်ချင်လဲ ရုန်းမထွက်နိုင်လောက်အောင်
နှစ်ဝင်ခဲ့တယ်...

တခါပြုံးလိုက်တိုင်း တခါရှုံးနေသလ
ိုဒီအပြုံးကို စွဲလန်းမှုကြောင့်
အမုန်းဝင်္ကပါမှာ အချစ်ကိုရှာနေသလို
အတုတွေပြည့်နေတဲ့ ဒီကမ္ဘာမှာ
အစစ်ဆိုတာလည်း ပျက်သုဉ်းကုန်ပြီပဲ...


P.S "ဖြစ်ချင်တိုင်းဖြစ်ခွင့်မရလဲ ဖြစ်သင့်တာကိုပဲရွေးရတော့မှာပေါ့"


"မင်းကိုချစ်တဲ့သူ"

Wednesday, November 11, 2009

အစားထိုးမရတဲ့ မိဘ

အရာရာကို တွေးလို့စိတ်ပူတတ်
သားသမီးရဲ့ အိပ်မက်
ပျော်ရွင်မှုနဲ့ စိတ်ဆင်းရဲမှု
မကောင်းမှုတွေကို တားဆီး
မပျက်ဆီးအောင် စောင့်ရှောက်တဲ့
ဒုတိယ ဘုရားသခင် ကျေးဇူးရှင် မွေးမိခင်...

ရင်နဲ့ရင်း၍ ကိုးလလွယ်
အသက်ကိုရင်းလို့ မွေးခဲ့တယ်
မမြင်နိုင်တဲ့ လမ်းတွေရဲ့ကြား
ခွဲခြားတတ်ရန် အမှားအမှန်
လမ်းကောင်းလျှောက်ရန် သွန်သင်ဆုံးမ
ရှေ့ဆောင်လမ်းပြခဲ့တယ်...

သားနှင့်သမီး မခွဲခြား
လိမ္မာ မလိမ္မာ မငြီးတွား
အားလုံးကို တန်းတူထားလို့
ကို့အသက်ထက်ပိုလို့ ချစ်ကြတယ်...

အရွယ်ရောက်တော့ မိဘမှာ
ရည်းစားထားမှားမှာ စိုးရိမ်လာ
သူတို့အတွက်တော့ ငါတို့က
ဘယ်တော့မှမကြီးတဲ့ ကလေးဘ၀...

မပြေလည်မှုကြောင့် ရပ်ဝေးတွင်
အိမ်ကထွက်လို့ လုပ်ငန်းခွင်ဝင်
တွေတဲ့ခါတိုင်း မေးနေကြ
သားဟိုမှာ အဆင်ပြေရဲ့လား...

တာဝန်တွေနဲ့ လုံးပန်းရ
အိမ်ပြန်ရမဲ့ နေ့ကိုတမ်းတ
သားသမီးကို တွေ့ချင်တာက
မိဘတွေရဲ့ ဆန္ဒ
အဝေးရောက်တဲ့ ငါတို့အတွက်
မိဘကျေးဇူး ဆပ်ဖို့က
မိဘစကားနားထောင်ကြ
မကောင်းမှုဟူသမျှရှောင်ရှားကြ...



"မင်းကိုချစ်တဲ့သူ"


Tuesday, November 10, 2009

နောက်ဆုံး

မျက်နှာပေါ်ကျလာတဲ့ ရေစက်
မိုးရေ များ မျက်ရေလား...
မျက်မြင်တွေက သက်သေမလုပ်နိုင်တော့
ငါကတော့ ငိုင်တိုင်တိုင်
ရပ်နေတဲ့ဒိုင်ခွက်ထဲက စက္ကန့်သံကို
အသက်ရှူမေ့အောင် ကြည့်ငေး
ဝေးလေးလေး အတွေးတွေကိုပုံဖော်
ပျော်ခဲ့တဲ့အချိန်ကို မီးရှို့ခဲ့တယ်....

ကြုံကြိုက်တဲ့ မနက်တွေမှာ
အချိန်ကို ကြည့်လိုက်တိုင်း
အရင်ကကျောင်းတက်တဲ့ သမိုင်းကို
အမှတ်ရဆဲ လုပ်ရက်တဲ့
မင်းကိုလဲ လွမ်းနေဆဲပဲ...

မဆုံထိုက်တဲ့ တို့နှစ်ယောက်
ရူးမိုက်စွာ နှစ်ဘ၀ကို တစ်ဘ၀လျှောက်
ရောက်ရှိလာမဲ့ အခက်အခဲတိုင်း
အတူကျော်ဖြတ်ဖို့ မျှော်မှန်းလည်း
လမ်းခုလတ်မှာ လက်တွဲဖြုတ်ခဲ့ပြီပဲ...

အဖြစ်အပျက်တွေက အဓိပ္ပါယ်ရှိခဲ့ပေမယ့်
အခုအချိန်မှာတော့ အဓိပ္ပါယ်မဲ့ခဲ့ပြီ
ငါဆိုတာကလည်း မင်းရေးတဲ့ဇာတ်ထဲက
Vallain တစ်ယောက်ဖြစ်ခဲ့ပြီပဲ
Actor ဖြစ်ဖို့ စိတ်မကူးလည်း
ဇာတ်မြူးအောင်တော့ Joker ဖြစ်ချင်ခဲ့တယ်
Vallain ကို မလုပ်ဖူးလည်း
မင်းပျော်အောင်တော့ သရုပ်ဆောင်ခဲ့တယ်...

အခုအချိန်တော့ လျှောက်လှမ်းနေတဲ့
လမ်းတိုင်းမှာလည်း မင်းမပါလည်း
ငါတယောက်ထဲ ဖြစ်နေတာပဲ
ဝေးဒနာကိုလည်း နာကြဉ်းခြင်းနဲ့ဆေးကြော
မင်းသဘောကို မေးစရာမလိုအောင်
မင်းရှင်းခဲ့ပြီးပြီပဲ........


P.S. "thank u veri much for teachin me how to live alone..."

"မင်းကိုချစ်တဲ့သူ"

Sunday, November 8, 2009

ပျော်ပါစေ

ကောင်းကင်ပြာကို ငေးလို့ဆို
နေ့မှာဖြာတဲ့ နေမင်းကို
ရန်ရှာလာတဲ့ လူတွေလို
ကံကြမ္မာကို စိတ်တွေတို
ပြန်မလာမဲ့ အချိန်တွေကို
ငါထိုင်ငေးကာ အတွေးပို...

လမ်းညွှန်မရှိတဲ့ ဒီလမ်းကို
မျှော်လင့်ခြင်းများနဲ့ လျှောက်လှမ်းလို
လက်တွဲဖြုပ်ခဲ့ နေ့ရက်ကို
ငါ့သမိုင်းမှာ ပြင်စေလို
မာတိကာမရှိတဲ့ ဘ၀ကို
မကောင်းမြင်ကာ အပြစ်ဆို...

ပျော်ရွင်ခြင်းအတွက် ချစ်ခြင်းကို
စတေးတတ်တဲ့ လူတွေလို
တွေးနေခဲ့တဲ့ မင်းစိတ်ကို
သည်းခံပြီးတော့ ချစ်နေလို
ရောက်ရှိလာတဲ့ အချိန်တွေကို
ကြားနေရတဲ့ သတင်းတွေလို
မဖြစ်စေရန် ဆုတောင်း
မင်းသတင်းကောင်းကို မျှော်နေပါရစေ...

P.S "အချစ်နဲ့ ကံကြမ္မာ စီးချင်းထိုးပွဲမှာ နှလုံးသားက ဓားစားခံပေါ့..."


မင်းကိုချစ်တဲ့သူ

Wednesday, November 4, 2009

"J" N "K"

Day when the Sun away,
Flower suffers a lonely day...
Nite when the Star hide,
Moon suffers a lonely nite...
luv when it comes,
all ta times are full of fun...
hate when it awakes,
all ta times are nightmare date...
there is no i without u
like there is no j without k...
live for my life and
think for ur life...
sleep in my life and
dream in ur life...

P.S "J" ia a piece of "K" 'N' "K" will b all of "J"


"one who luv u"

ရလဒ်

နံရံတစ်ဖက်တစ်ချက်
ကမ္ဘာဟိုဖက်ဒီဖက်
ကောင်းကင်နဲ့မြေပြင်
တိမ်တွေနဲ့ ရေပြင်လို
ငါတို့ဝေးနေခဲ့လဲ
နှလုံးသားတော့ နီးနေဆဲပါ...

အနေတွေဝေး
အကြင်နာတွေအေး
အချစ်တွေဆွေးလို့
ပျော်ရွင်မှုကို ငါမပါပဲ
တယောက်ထဲလျှောက်တော့မလား...

သူရောက်လာတဲ့နောက်
ငါ့ဘ၀အဓိပ္ပာယ် ယုံကြည်မှု
မျှော်လင့်ချက်တွေ မေ့ဖျောက်လို့
သူ့အလိုက်ကို နေနေလဲ
ငါ့နဲ့တွေ့ရင် စိတ်ညစ်နေဆဲ...

အနှစ်နှစ် အလလ ကြိုးစား
ရိုးမသွားအောင် ကြံစည်
ရန်ဆိုသည်မရှိအောင်
နေခဲ့ပေမယ့်လည်း
ရလဒ်ကတော့
ငါမရှိလည်းဖြစ်တယ်တဲ့...


"မင်းကိုချစ်တဲ့သူ"