Sunday, May 16, 2010

ဘာတွေဖြစ်နေလဲ

လုံးဝန်းနေတဲ့ ဒီကမ္ဘာမြေထဲ
ရွေ့လျားနေတဲ့ အချိန်တွေနဲ့
ဖြစ်တည်နေတဲ့ လူသားတွေက
ရှူစရာလေ သောက်စရာရေ
ကြောက်စရာကပ်ရောဂါနဲ့
ရင်ဆိုင်နေကြတယ်...

မနက်ဖြန်ဆိုတာ မသိနိုင်လောက်အောင်
ခြောက်ခြားနေတဲ့ နေ့ရက်တွေထဲ
ပေါများလာတာ ကပ်ရောဂါ
ဆုတ်ယုတ်သွားတာ လူ့ကျင့်ဝတ်တွေပဲ...

တည်ငြိမ်အေးချမ်း ငြိမ်းချမ်းနေတဲ့
ငါ့အမိမြေ မြန်မာပြည်ရေ
အခုတော့ ဘာတွေဖြစ်နေလဲ
ချွတ်ချုံကြလို့ အန္တရာယ်တွေထဲ
ဘယ်လိုများ ကယ်တင်လို့ရမလဲ...

ပူပြင်းခြင်းတွေ ခံစားနေရတဲ့
မကြုံဖူးခဲ့တဲ့ ဥတုဖောက်ပြန်
မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါး
ရေတွေရှားလို့ သေမိန့်ချခံနေရပြီ...

ရပ်ဝေးနေတဲ့ ငါ့တို့တွေအတွက်
့ကြားနေရတဲ့ သတင်းတွေကြား
ခံစားရလို့ အပျင်းဖျားနေခဲ့ပြီ
လူအချင်းချင်းနှိပ်ဆက်ခြင်း
ကင်းလို့
ဒီသဘာဝဘေးက လွှတ်မြောက်နိုင်ပါစေ...


P.S. "2012 ရဲ့ လက္ခဏာတွေလား..."


ခံစားချက်ဖြင့်
"မင်းကိုချစ်တဲ့သူ"