Showing posts with label LOV3. Show all posts
Showing posts with label LOV3. Show all posts

Sunday, November 6, 2011

အချစ် (သို့) ဘ၀ ဆိုတာဘာလဲ???

အချစ်ဆိုတာဘဘာလဲ... တညလုံး စဉ်းစားရင် မနက်မိုးလင်းသွားတယ်...
ဘ၀ဆိုတာကရောဘာလဲ... လူမှန်းသိတတ်တဲ့အရယ်က ဒီအချိန်အထိပါပဲ...
အချစ်ကို တချို့က ပေးဆပ်ခြင်း... ရယူခြင်း... တချို့တချို့က ပူလောင်တဲ့ မီးတဲ့...
မီးဆိုတဲ့အရာက ကိုင်တွယ်တတ်ရင် အရမ်းကို တန်ဖိုးရှိတဲ့အရာပါပဲ... ဗရမ်းဗတာနိုင်တဲ့လူတွေအတွက်တော့ တကယ့်ကို ဒုက္ခပေးတဲ့ အရာပေါ့...
အဲ့ဒါကို သိရက်နဲ့ ဘာလို့ ဝေးဝေးမနေနိုင်ကြတာလဲ???
မရှိမကောင်း ရှိမကောင်း... မသိမကောင်း သိမကောင်း... တခါတလေတော့လည်း ငါ့ကိုငါ သုံးသပ်မိတယ်... ငါရူးများရူးနေလား...
တာရာမင်းဝေကပြောတယ်... "လူဆိုတာ ပုထုဇဉ်ရထားလက်မှတ်ရတားတဲ့ အရူးတွေပဲတဲ့..."
ရည်မှန်းချက်တစ်ခုနဲ့ ဘ၀ကို အသက်ရှင်တယ်... ဒီရည်မှန်းချက်ပြည့်ဖြစ်ခဲ့ရင် နောက်ရည်မှန်းချက်တစ်ခုရောက်ရောက်လာတယ်...
အဲ့ဒါတွေကို ဖြည့်ဆည်းရင်း လူ့သက်တန်းရဲ့ အားအင်ကုန်တဲ့အထိ ကြိုးစားကြတယ်...
အချစ်ဆိုတာက လူတွေနဲ့ သူတို့ရဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်ကြား ပျော်တော်ဆက်ပေးတဲ့ အရာတစ်ခုလား...

ပန်းပင်လေးတစ်ပင်စိုက်ရင် တနေ့မှာ ပန်းပွင့်တွေကို မြင်ရမယ်... ဘာပန်းပဲဖြစ်ဖြစ် ကိုစိုက်လို့ ပန်းပွင့်လာရင် ပီတိဖြစ်တဲ့ ပျော်ရွင်တယ်...
ပန်းဆိုတဲ့အရာက နူးညံ့တယ် အချိန်တန်မှ ခူးလို့ရတယ်... အချိန်လွန်လို့ မြေပေါ် ခခဲ့ရင်လည်း ပန်းကလေးရဲ့ ဘ၀က သနားစရာလေးပဲ...
အချစ်ဆိုတာကို ပန်းလို့ ရိုးရှင်းစွာ သတ်မှတ်ကြည့်မယ်.... လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့ကို ချစ်တတ်လာအောင် ပျိုးထောင်ပေးရတယ်...
ချစ်တတ်လာတဲ့ အချိန်ရောက်ရင် ပျိုးထောင်ခဲ့တဲ့ လူအတွက်တော့ ပျော်စရာ ကြီးပေါ့... နှလုံးသား ပန်းဥယာဉ်မှ အကြင်နာပန်း နှလုံးသားပန်းတွေဝေးစာလို့....
တခါတလေတော့လေး ပျိုးထောင်ပေးလိုက်တဲ့ လူအတွက် ပန်းကလေး ကြည့်ရင် မခူးရက်ခဲ့ဘူး... ပန်းက အရမ်းကို လှနေလို့ပါပဲ...

အချစ်တစ်ခုနဲ့ မလုံလောက်ဘူး... အချစ်ရဲ့ မယားညီအစ်ကိုခေါ်မလား... မဟုတ်ဘူး အချစ်ရဲ့ ဖွားဖက်တော်ဆိုရင် ပိုမှန်လိမ့်မယ်... အဲ့ဒီအရာက အမုန်းပါပဲ...
အချစ်ဆိုတဲ့အရာက ပေါက်ဖွားတယ် ကြီးထွားလာတယ်... သိပ်ဝမ်းမသာနဲ့ အမုန်းဆိုတာကလဲ အချစ်နဲ့ တန်းတူ ကြီးထွားလာတာပဲ...
အချစ်မှာ အတ္တနဲ့ ရမ္မက်ရှိတယ်... အမုန်းမှာတော့ ရေတွက်လို့မရတဲ့ ဂုဏ်သတ္တိတွေရှိတယ်... သစ္စာဆိုတဲ့အရာကတော့ အခုခေတ်လူတွေအတွက် ဒိုင်ယာရီထဲမှာတောင်မပါတော့ဘူး...
လူမပြောနဲ့ အရမ်းသခင်ကို သိတတ်တဲ့ ခွေး သတ္တ၀ါမှာတောင် မြေလှန်ရှာမှ တွေ့လိမ့်မယ်...
ဒါဆို အချစ်ဆိုတာ နှစ်ပိုင်းဖြစ်သွားလိမ့်မယ် ခေတ်မဆန်တဲ့ အချစ်နဲ့ ခေတ်လွန်အချစ်...
ခေတ်မဆန်တဲ့ အချစ်က ချစ်စရာကောင်းတယ်... ဘယ်တော့မှလဲ မရိုးဘူး... သူတို့လက်ကိုင်ထားတာက သစ္စာတရား အကြင်နာတရား ခွင့်လွှတ်ခြင်းဆိုတဲ့တရားတွေပါ့...
ခေတ်လွန်တဲ့ အချစ်ကရော အချိန်အတိုင်းတာတခုတဲ့ ချစ်စရာကောင်းပါတယ်... ရိုးတတ်လားဆိုရင်တော့ စာဖတ်လူတွေပိုသိမှာပေါ့.... သူတို့လက်ကိုင်ထားတာကတော့ အတ္တတွေ
မာန်မာနတွေ ဂုဏ်သိက္ခာတွေ ခွင့်လွှတ်ခြင်းမဟုတ်တဲ့ လျစ်လျူရှုခြင်းတွေပါပဲ...

မနက်မှာနေထွက်လို့ ညမှာနေ၀င်တာ ဓမ္မတာ... နေကြတ်တယ် လကြတ်တယ် ဆိုတာ တိုင်ဆိုင်မှုတစ်ခု... ဒါပေမယ့် ကမ္ဘာက လည်ပတ်နေဆဲ့ပါ...
ဘ၀ဆိုတာကို ပန်ချီကားတစ်ချပ်လို့ဆိုလိုက်ရင် လူတွေက ပန်းချီးဆရာတွေပေါ့... ပန်းချီဆရာဆိုတာ ပန်းချီရေးခြင်းအလုပ်ကိုဝါသနာအရရော... စီးပွားဖြစ်ပါလုပ်တယ်...
ရိုးရှင်းဆုံးပြောရရင်တော့ ပန်းချီရေးတယ်... ဘယ်ပန်းချီဆရာမဆို သူတို့ရဲ့ ပုံကို လှအောင်ရေးဆွဲရတာပဲ... ရုန်းကန်နေရတဲ့ ဘ၀သမားတွေနဲ့ အတူတူပါပဲ...
တတ်ထားတဲ့ အတတ်ပညာနဲ့ ရေးဆွဲကြတယ်...
ဘ၀ဆိုတာကို ပြောရရင် မပြောချင်ပါဘူး... ကြမ်းတမ်းတဲ့ ရန်ကုန်က ကတ္တရာလမ်းတောင် ဆရာခေါ်လို့ရတယ်... ဘ၀အကြောင်းသိပ်မပြောတော့ဘူး...
ကျနော့်နဲ့ ထပ်တူ စာဖတ်သူတွေလဲ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်နေကြသူတွေပဲ...

လူတွေကို မျက်နှာဖုံးတွေနဲ့ လို့ပြောရင်ယုံမလား... ကျနော်က တော့ လက်ခံပါတယ်... ယုံတယ်ဆိုတာ ယုံတာပဲ... လက်ခံတယ်ဆိုတာက ဒေါင့်ဆုံတွေးပြီးမှ ယုံတာ...
အမှန်ပြောရရင် ကျနော်လည်း မျက်နှာဖုံးနဲ့ပဲ... လူမပြောနဲ့ လောကကြီးကတောင် မျက်နှာဖုံးနဲ့...
မင်းခိုက်စိုးစံကပြောတယ် မျက်နှာဖုံးမရှိရင် လူတွေက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေလို့မရဘူးတဲ့ (အရှက်နဲ့ လူလုပ်နေတဲ့ လူအမျိုးအစား)
လူတွေရဲ့ အပြင်အဆင်တွေထက် မျက်နှာဖုံးက အရှက်ကို ပိုကာကွယ်နိုင်တယ်... မကောင်းမှုလုပ်ရင်တောင် မျက်နှာကြည့်မှ မှတ်မိတာမလား....
မျက်နှာဖုံးတတ်ထားရင် အရှက်ရှိစရာမလိုတော့ဘူးတဲ့.... ဒါဆိုရင် လူဆိုတာ မျက်နှာဖုံးနဲ့လို့ပြောရင် လက်ခံလို့ရလောက်ပြီ...

နောက်ဆုံးတစ်ခုကတော့ ဆင်းရဲခြင်း ချမ်းသားခြင်းတဲ့... ဆင်းရဲတယ် ချမ်းသားတယ်ဆိုတာက အတိတ်ဘ၀က ပေးလိုက်တဲ့ ဘွဲ့ပါပဲ...
ဆင်းရဲတဲ့လူတွေနဲ့ ချမ်းသားတဲ့လူတွေမှာ ပတ်ဝန်းကျင်အမြင်တွေကွဲတတ်ကြတယ်... ပတ်ဝန်းကျင်ဆိုတာကလဲ လူတွေရဲ့ ဆရာတွေပါပဲ...
ဆင်းရဲတဲ့လူတွေက ဆိုးရင် ပတ်ဝန်းကျင်က အဲ့ဒီကေင် ရိုင်းတယ် မကောင်းဘူးလို့သတ်မှတ်တယ်....
ချမ်းသာတဲ့လူတွေ ဆိုးရင်တော့ ပျော်တတ်တာတဲ့... ကယ် ဘယ်လောက်တရားကျလဲ...
ဆင်းရဲ့တဲ့လူ ချမ်းသာလာရင်တော့ တမျိုး စကားထွက်ပြန်ရော ဒီကောင်ဘယ်က အကူအညီရပြီး ကြီးပွားသွားတာလဲတဲ့....
ချမ်းသာတဲ့လူတွေ ဆင်းရဲသွားရင်တော့ ဒီလူသနားပါတယ် လူလိမ်ခံရတာတဲ့....
ဗုဒ္ဓတရားတော်မှာ ကိုယ်လုပ်မှ ကိုယ်ဖြစ်တာတဲ့... ဆင်းရဲတဲ့လူ ချမ်းသာတဲ့လူ ဆိုပြီး အမျိုးအစားခွဲစရာမလိုပါဘူး...
အဓိက ကျတာက လူတွေကို အကောင်းမြင်လို့ ကို့လမ်းကိုလျှောက်တာဖို့ပါပဲ...

အချစ်ဆိုတာက ပေးဆပ်ခြင်း မဟုတ်ဘူး... ရယူခြင်းမဟုတ်ဘူး... တဦးပေါ်တဦး နားလည်ခြင်း...
ဘ၀ဆိုတာက ပန်းခင်းထားခြင်းမဟုတ်တဲ့လမ်းတွေပါ.... ဆိုတာ ကောင်းတာ ဒွံတွဲနေစမြဲ...
ဘာပဲဖြစ်ဖြစ်ကမ္ဘာက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်ဆဲပါ...
ဆိုလိုချင်တာကတော့ ဒီခရီးအတူတူသွားနေတဲ့ ခရီးသွား ဧည့်သည်အချင်းချင်း စာနာတတ်ဖို့ပါပဲ
ခရီးတူပေမယ့် ပန်းတိုင်မတူကြဘူးနော်... အချစ်မရှိတဲ့ကမ္ဘာ... အစစ်မရှိတဲ့ကမ္ဘာ... ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်
ဘယ်အရာမှ မမြဲပါဘူး...

ရေးချင်ပါသေးတယ်... အရေးအသားမကောင်းတော့ စာဖတ်သူတွေ စိတ်ညစ်နေမယ်...


အမြင်ပေါင်း သောင်းခြောက်ထောင်နဲ့
"မင်းကိုချစ်တဲ့သူ"

Saturday, August 6, 2011

Untitled

The hardest thing between u and me

Believin each other is the most important thing

Cryin in the rain witout someone noticed

But u r still enjoyin the summer breeze...


The moment we meet at the certain place

My heart was stunned by ur smiley face

My eyes were stucked at ur beautiful smile

And only tis smile kill me many times...

The stars are sparkling on the sky

Wit the help of the moon they can freely bright

My heart beats were followed by ur love rhyme

U r the only one who make me still alive...


Wanna drink a coffee made by u

Without u I dunt know what I huv to do

My bleeding heart is missin u

Evryth is nth in my world without u...


Now my tears are mixin wit the rain

Give me a chance to luv u again

Leave me alone like the last train

Dunt treat me like a September rain...


I can still remember your touch

Can still feel the warmness of ur heart

Why did u break ur promise n make my world mess

Is it important to care the third person in our love????




"U VUl OHW 3NO 3HT"

Where is the Love???

Where is the luv???

I used to question & answer myself

until ta day i found u in ta earth

and tat day was a beautiful Sunday

replaced ur luv and make all ta hate fade away...


broken heart started to beat again

ta bloody earth is wit the full of pain

but i'm still dancin in the rain

dunt want to be a villain in this play...


wake me up wit ur morning kiss

make me sleep wit ur night kiss

fking miss u since the day u leave

ur fake luv broke my heart into pieces..


i dunt know why i'm still missin

freakin things are messin in the vein

breakin heart cant be controlled by the brain

lonely soul will always be the same...


am i ur dead meat or ur tiny creep

i can still get ur smell whenever i breathe

'I LOVE U so much' how to prove it???

freeze my heart by putting it in the fridge

then i will give you as a Valentine Gift...




"U VUl OHW 3HO 3HT"

တစ်ယောက်သောသူသို့ လွမ်းခြင်း

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ

မနက်ရောက်တိုင်း တွေးမိတယ်

ရေးဖြစ်တဲ့ စာတွေကလဲ

မေ့မရတဲ့ အတိတ်ကောင်းတွေပဲ...


ရက်ဟောင်းတွေကို တွေးကြည့်တိုင်း

ပျော်ခဲတဲ့ သမိုင်းတွေပါပဲလား

ချစ်သူရယ်... အတူရှိတဲ့အချိန်မှာ

မနက်ဖြန်ဆိုတာ ဒီနေ့နဲ့အမွာတွေလိုပဲ...


ကွန်ပြူတာကို ကြည့်လို့ မျက်ရည်ကျတယ်

တွက်ရေခဲတဲ့နေ့တွေကလဲ ရက်ရှည်နေခဲ့

ခက်ထန်လှတဲ့ မနက်ဖြန်တွေအတွက်

သူ့အပြုံးတွေက ဆက်ရန်အင်အားတွေပဲ...


သူ့လက်ဖ၀ါးလေးကို ကိုင်လိုက်တိုင်း

မရေရာမှုတွေဟာ အဝေးကိုလွင့်စင်

ရှေ့ဆက်ရမယ့် လမ်းခရီးကလဲ

ပန်းတွေဝေနဲ့တဲ့ ဥယာဉ်လေးလိုပဲ...


နေ့နဲ့ညမှားအောင် လွမ်းဖူးတယ်

ဒီလိုပြောတော့ ဘယ်သူကယုံမလဲ

အပိုတွေလို့ ဆိုရင်ဆိုလိမ့်မယ်

ငါ့ခံစားချက်ကို ဘယ်သူတွေမြင်နိုင်မလဲ...


ယုယမှုတွေကင်းတဲ့ သူမရှိတဲ့မနက်ခင်းတွေမှာ

နေမင်းရယ် မင်းအလင်းက ငါ့ကိုပူလှောင်စေတယ်

သူညညဆုတောင်းပေးတဲ့ Sweet Dream နဲ့ဆို

လမင်းရဲ့ အေးမြခြင်းမလိုပဲ ပြည့်စုံနေတယ်...


ချစ်သူရယ်... အိပ်မက်ထဲမှာ ဆုံမယ်

ှဓာတ်ပုံထဲမှာ အတူတူရှိနေမယ်

ကြယ်မောင်နှမ တွေ့ရင်လွမ်းတယ်

ပြန်ဆုံနိုင်မယ့်အချိန်ကို တမ်းတတယ်...


လွမ်းလှတဲ့ အချိန်ကိုတွက်လို့

၂၄နဲ့ နှုတ်လိုက်ရင် ၂၃.၉ ဖြစ်နေတယ်

ကြာလာရင် ရိုးသွားမယ်တဲ့

ငါ့အတွက်တော့ ကြာလေ အချစ်တွေတိုးလာလေပဲ...


sometimes i dunt want to care anything

cuz i truly know tat what do u mean to me

juz want to tell u " L O V E"

without u i'm so lonely...



"မင်းကိုချစ်တဲ့သူ"

Dreamer

i dreamed of u last nite

u r wearin a beautiful white skirt

under ta blinkin neon light

u r so gorgeous n like a princess...


i'm juz pretendin not to look at u

but i can't help gazing at u

meetin u in dream can't be true

wit tis kind of feelin i'm like a fool...


ta twinkle stars are floatin on the sky

and the moon which will goin to die

by the time i huv to say GoOD-ByE

how can i take you out of my mind???


now i feels like i'm missin u a lot

time meeting u in dream is not enough

i can't control my tears not to run out

suddenly when i saw u with other frog...


in dream, i'm a dreamer while u r a dream creator

in love, i'm a surrender while u r a pretender

in life, i'm an actor while u r a director

but now i become zero while u leave me with a cut on my painful heart...



"U VUl OHW 3NO 3HT"

I Dunt Want U Bak

I don't welcome anyone on my morning

But days with a tender breeze come silently

Nights which drive a crazy dream pass easily

And 'U' were put in my heart accidentally...


I'm now walking thru the endless road

Carrying the bag with the sadness load

Writing this poem on the death note

With the bleeding heart full of hope...


U know that we can't take back the past

U know that i really love u from the first

U know that i want to be your last

But ur every heart beats express that i can't be ur Jerk...


I wrote a thousand of poems for u

Juz wanna let u know my love is true

Loving you is not breaking the social rule

Who can love u more than i do...


'Missing u' sms which are in my sms draft

This f***ing fate always give me a back luck

I will always act like i don't want u back

Can u please don't flirt with other duck???



"U VUl OHW 3NO 3HT"

ဈာပနာထားခဲ့တဲ့ နှလုံးသား

လူတစ်ယောက် စိတ်ချမ်းသားဖို့

တယောက်က စတေးရတရ်

ငါတို့တွေ ဝေးကွာဖို့

ဘယ်သူတွေက သင်ပေးခဲ့တာလဲ...


လေးလံစွာ ထခဲ့ရတဲ့ မနက်ခင်း

ငါ့အတွက် ပူလောင်လွန်းတဲ့နေမင်းရယ်

သူမရှိတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ

ငါ့မနက်ခင်းတွေကို မကြိုဆိုချင်ဘူး...


ပြိုနေတဲ့ အိပ်မက်တွေကြားက

အလိုလိုကျနေတဲ့ မျက်ရည်စက်တွေကို

ငါအဖြေတွက် ကြည့်သေးတရ်

သုညဆိုတာ ဘယ်ရောက်ရောက် သုညပါပဲ...


အကုန်ဝအောင် ငိုခဲ့ပြီးလို့

ငါဘ၀ခရီးကို ဆက်ခဲ့တရ်

တွဲလက်မရှိတော့တဲ့ ငါ့အတွက်

မနက်ကနေတောင် အနောက်ကထွက်ခဲ့ပြီ...


အချစ်နဲ့ပတ်သက်ရင် ငါကသူငယ်တန်းပါ

မချစ်တတ်လို့လဲ အတန်းရှေ့ဒဏ်ခတ်ခံရတရ်

ဘယ်ဖက်ရင်ဘတ်က အလူးလိမ့်ပဲ

ဒါပေမယ့် ငါဘယ်သူကိုမှ အပြစ်မမြင်ခဲ့ပါဘူး...


ချစ်ချင်နေတဲ့ နှလုံးသားကို

အမုန်းဆိုတဲ့အဆိပ် သူခတ်ခဲ့တရ်

ပြက်ရယ်ပြုခဲ့တဲ့ နေ့တွေကလဲ

အဖက်ဆည်မရအောင် ဆွေးမြေ့နေခဲ့...


ဖေးမှခဲ့သူမရှိလဲ အသုံးမတဲ့တဲံ

နှလုံးသားကို မြေမြှုပ်

ခံစားချက်တွေကို ထုပ်ပိုးလို့

အချစ်ရိပ်သာကို လှူခဲ့တရ်...


ဘယ်သူမှမသိပဲ အချစ်မြို့ကိုစွန့်လို့

အမုန်းမြို့ရိုးမှာ လမ်းလျှောက်ထွက်ခဲ့

ကိုယ်လိုသူလိုကြား ငါတစ်ယောက်

အမုန်းသမားဘွဲ့ကို ခံယူလို့

တသတ်မှာတခါတော့ ရှုံခဲ့ပါပြီ...


စိတ်ကူးယဉ်ကမ္ဘာမှာတော့

အချစ်က ဆရာပါပဲ

အက္ခရာ 'ခ' အထိပဲသင်ပေးတဲ့

သူ့ကို မုန်းမိပါတရ်

ကိုယ်ဆင်ခဲ့တဲ့ ဇာတ်မှာ

ကိုယ်တိုင် 'ကကြိုးရုပ်' ဖြစ်ခဲ့ရတာ

စိတ်မကောင်းပါဘူး...


အချစ်အတွက် အကြောင်းပြချက်မရှိသလို

အမုန်းအတွက် သက်သေမပြုခဲ့ပါဘူး

ဆက်နေရမဲ့နေ့တွေမှာလဲ ငါဟာ

နှလုံးသားမရှိတော့တဲ့ စက်ရုပ်တရုပ်လိုပါပဲ....


ကမ္ဘာတဖက်ခြမ်းက

"မင်းကိုချစ်တဲ့သူ"

ချစ်သူ

စက္ကန့်ပိုင်းဟာ မကြာပေမယ့်

သူလုပ်ခတ်လိုက်တဲ့ ရင်ဘတ်လှိုင်းက

Tsunami ၀င်တိုက်သွားသလိုပဲ

ရင်ခုန်သံတွေ အရှိန်မသက်နိုင်ခဲ့ဘူး...


အမှတ်တမဲ့ ဆုံတွေ့တဲ့အခိုက်မှာ

ဆောက်တည်ရာမရဖြစ်ခဲ့တယ်

နှလုံးသားတစ်ခုလုံးကို ကိုင်ရိုက်လိုက်သလိုပဲ

အကြည့်တချက်က ဘ၀ပျက်နိုင်တယ်...


သူ့ရဲ့အပြုံးကိုတော့ ကျနော်မဆုံးချင်ဘူး

ထပ်ကိန်းများစွာတင်ပြီး အရှုံးပေးခဲ့တယ်

မမုန်းကြေးလို့ ပြောလိုက်တိုင်း

ငါတို့တွေ အလှန်းဝေးသွားတယ်...


သွေးအေးအေးလေး နေခဲ့တာ

ကျနော်မဟုတ်တဲ့ သူပါ

အရေးပေးဆက်ဆံခဲ့တဲ့ ကျနော့်အတွက်

ရလဒ်က မရေရာခြင်းတွေပဲလား...


သေချာစဉ်းစားလိုက်တိုင်း

မဖြေသာခြင်းတွေ ထွက်နေတယ်

ဆုံတွေ့ရမယ့် နေ့တွေကလည်း

မြူနှင်းတွေမြူးတဲ့ မနက်ခင်းလိုပါပဲ...


အသက်ပြင်းပြင်းရှူလို့

သက်ပြင်းတခါချခဲ့တယ်

မြှားနတ်မောင်ရဲ့ မြှားချက်က

ဘယ်နဲ့ညာ လွဲခဲ့တယ်...


ဆောက်ခဲ့တဲ့ ရင်ခွင်နန်းတော်က

သူ့အတွက် ခဏတာ ခိုနားဖို့

ဇရပ်လေးဖြစ်ခဲ့တာလား

ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်...


မနေတတ်တဲ့ ကျနော့်အတွက်

နေမြင့်ရင် အရူးရင့်သလိုပဲ

အဖုအထစ်တွေများတဲ့ ဒီလမ်းဟာ

အချစ်စစ်မစစ် စမ်းနေသလိုပဲ...


တစ် နဲ့ တစ်ပေါင်းရင် နှစ်ရတယ်

သူ နဲ့ ကျနော်ပေါင်းတော့

ဘာလို့ အချစ်မရတာလဲ

ဒီအမှားကို ဘယ်သူဆန်းစစ်ပေးနိုင်မလဲ...


အလွမ်းတွေနဲ့စိုက်ခဲ့တဲ့

သစ်ပင်လေးတပင်ကို

အချစ်အသီးလေး သီးဖို့

ဆုတောင်းခဲ့ဖူးတယ်...


ရက်ဟောင်းတွေကိုလဲ

ဆက်ပေါင်းမနေတော့ပဲ

ဆွေးမြေ့နေတဲ့ နှလုံးသားနဲ့

ကောင်မလေးအနား ခစားဖို့

ဒီအယူခံစာ လေးကိုပေးခဲ့ပါရစေ...


"မင်းကိုချစ်တဲ့သူ"

My Girl

if i huv a chance to stay

i'm sure that i will not go away

i love u more than yesterday

tomorrow will be more than today...


play the melody with my heartbeats

write the poem for u to read

give all of my times to fulfill ur wishes

i'm afraid to tell it "i love u indeed"...


i wish i can be with u together

until no more days in the calendar

i wish i can be with u forever

with ur smile, all the troubles can be conquered...


my tears are flowing like a river

when u treat me like a stranger

why i cannot be your lover

i dunt want to be like the month December...


i'm still keeping the cup, with ur lipstick

under the light candle stick, i had ur first kiss

write down the diary about how much i miss?

our memory can never be dead romantic...


i prayed to GOD for not being apart

i gave a thousand promises to GOD i will keep u in my heart

the words can't tell how much i love

Girl, nothing can compare to you in this earth...


"U VUl OHW 3NO 3HT"

Missing You

things are going so hard without you

trying to pretend like insane as you do

but i'm not strong enough to get out from blue

when will our world recognize our love is true...


sitting along the old bench near the beach

fill up my emotion with loneliness and miss your kiss

don't smile to other frogs with ur pinkish lips

and trust me tat i won't have a crush on other chicks...


i knew that i love you more than myself

since i captured your image on my heart

without you there is no heaven on the earth

i will followed your rule of one life and one love...


holding your hand and giving you a bear hug

you will be safe under my small earth

i'm praying GOD for not being apart

let me be your first and last JERK...

"U VUl OHW 3NO 3HT"

ANGEL

A look from u juz a moment

Which stunned my heart more than seconds

Only have a chance to keep ur photograph

Gazing at it until the sun set

But it doesn't make any sense...


The time is moving very fine

As my heart is beating out the rhyme

Making a joke to see ur smile ( :D )

I'm so fool on u to be mine

But u always give me a negative sign...


Turning back and seeking for u

Pretender words can nvr be true

Play my heart and leave it as u do

dream about travel to the moon wit u

Anyway i'm happy with such a kind of fool...


U r my angel for twenty-first century

Can't find the word to express ur beauty in dictionary

Writing about 'how much i miss u' in my diary

Whenever i'm wit u, i feel the earth has no gravity

I won't forget u until i lost my memory...


Unlike u as the days go, i will become old

Is it possible to bind our two souls

Without u i feel like living in the north pole

How much i love u when u know

At that time I will not b wit u anymore...


P.S. "adapted from the novel 'The Lost Boy'"

"U VUl OHW 3NO 3HT"

INSOMNIA

rain is falling like it will take me away

the rhyme of it makes lonely me sway

i'm still missing the time we played in the rain

but today rain drops make me lame...


i turned left and right on the bed last night

fighting with my eyes until the time bright

my heart is pulling ur soul to be near

but now i'm suffering from insomnia...


hoping the time we can be together

my love for u will go on forever

the taste of coffee is bitter

but compare to my life, it is sweeter...


the moving second hand make my single day gone

every nights i pray for not being alone

every times i feel like i want to go back home

why i only have a chance to kiss u thru the phone...



"U VUl OHW 3NO 3HT"

ခွဲခွာခြင်းရဲ့ စက္ကန့်ပိုင်းခံစားချက်

အလွမ်းတထောင် ရင်မှာပိုက်လို့

မှောင်မိုက်နေတဲ့ ညတွေကြား

ချစ်သူနားမှာ တခဏနားရဖို့

ဘုရားသခင်က ဖန်ဆင်းပေးတယ်...


ကောင်းကင်နဲ့ မြေပြင်ကြား

နေရတဲ့လူအများထဲကငါ

ချစ်သူမျက်နှာလှလှကိုမြင်ရလို့

ဆန္ဒနဲ့ဆုတောင်း ပြည့်ခဲ့ပြီ...


ဒွန်တွဲတတ်တဲ့ ကံတရားတွေ

နေနဲ့ညပြောင်းတဲ့ လောကတရားကြောင့်

ချစ်သူရှိတဲ့ နေ့ကိုစွန့်လို့

သောကအမှောင်ထဲ ၀င်ရတော့မယ်....


မတည်မြဲခြင်းတရားကို အိပ်ထဲထည့်လို့

တည်မြဲခြင်းတွေကို ရှာနေမိတယ်

ဒီကမ္ဘာမှာ ငါတို့အချစ်လောက်ဘယ်အရာမြဲလဲ

ဒါပေမယ့် ငါတို့တွေ ခဏတော့ ဝေးရစမြဲ...


ကောင်းကင်နဲ့ အနီးဆုံးနေရာမှာ

ဒီကဗျာကို ငါသီကုံးတယ်

သိကြားမင်းကြီးကိုလဲ တိုင်တည်ခဲ့တယ်

ချစ်တဲ့သူတိုင်း နီးစပ်ပါရစေလို့...


အေးချမ်းတဲ့ဆောင်းညတွေ

စိုစွတ်တဲ့ မိုးညတွေမှာ

ရင်ခွင်ပျောက်သူ အတွက်တော့

ဘယ်အရာက သာယာပါ့မလဲ...


မတင်မကျဖြစ်နေတဲ့ စိတ်တွေ

ပရမ်းပတာနိုင်တဲ့ ရင်ခွင်တစ်ခုနဲ့

ကြုံလာသမျှ အပြစ်တင်မိတယ်

လမ်းခွဲဖို့ဖြစ်လာတဲ့ ရန်ကုန်လေဆိပ်ကိုစောက်ရမ်းမုန်းတယ်...




"မင်းကိုချစ်တဲ့သူ"

Saturday, July 2, 2011

လမ်းနဲ့အလွမ်း

ချစ်သူ...
မတွေ့ရတဲ့ရက်တွေကို လက်ချိုးရေ
မပြည့်သေးတဲ့ဆန္ဒတွေကို ပုလင်းထဲဖြည့်လို့
ကုန်လွန်ခဲ့တဲ့အချိန်တွေကို (၁၉) နဲ့စားလိုက်တာ
'ကို့' တို့ရဲ့ချစ်သက်တန်း တိုးတိုးလာတယ်...

ချစ်သူ...
ဆုတောင်းတိုင်းမပြည့်တဲ့ ကံတရားနဲ့
ယုံရလွယ်တဲ့ ပတ်ဝန်းကျင်စကား
ဆုံဖို့ ဖြတ်သန်းခွင့်မပေးတဲ့ တံတားတွေကြောင့်
လေကကြီးကို အရှုံးပေးတော့မှာလား...

ချစ်သူ...
အချစ်ဆိုတာ ကြာလာလေရိုးလေတဲ့
အရက်ပြန်လိုလဲ အငွေ့ပြန်လွယ်တယ်တဲ့
'ကို့'အချစ်ကတော့ Bacterial လိုပဲ
နှလုံးသားတစ်ခုနဲ့ မလောက်တော့ဘူး...

ချစ်သူ...
တသတ်မှာ တခါပဲချစ်ဖူးတယ်
မနက်ဖြန်ခါ ဘာတွေဖြစ်မလဲ
အချစ်စစ်မှန်ရင် မဖြောင့်ဖြူးဘူးတဲ့
အသဲကွဲမှာတော့ ကြောက်မိတယ်....

ချစ်သူ...
စုံတွဲတွေကို အားကျတယ်
ဆုံနိုင်ခွင့်ကိုတော့ တမ်းတတယ်
ကောင်းကင်ကြီးကတော့ သနားလို့
မနေ့က မျက်ရည်တွေကျနေတယ်...

ချစ်သူ...
ပျောက်သွားတဲ့ ကိုယ်ပွားလေးကို
မတွေ့လို့ ငိုနေတာလား
'ကို' တို့ဘ၀က ခေါင်းနဲ့ပန်းလိုပဲ
မတွေ့ရပေမယ့် အနားမှာအမြဲရှိတယ်...

ချစ်သူ...
လွမ်းလွန်းလို့ စာရေးတယ်
သတိရလို့ သီချင်းရေးတယ်
အတူမရှိလို့ ရောက်တဲ့နေရာကို
ပုံရိပ်တွေနဲ့ မှတ်တမ်းတင်တယ်
ချစ်သူခံစားဖို့ သက်သက်ပါပဲ...

ချစ်သူ...
နေတောင်ပြိုလာပြီ
အလွမ်းတွေကို ရှိုက်လို့
အချစ်တွေကို လေကသယ်ဆောင်တယ်
လောကသဘာသဆို့တဲ့ ကောလဟာလကတော့
'ကို့' ကိုမိတ်ဆွေလာဖွဲ့နေတယ်...

ချစ်သူ...
ဝေးနေတဲ့ အချိန်တွေ တိုးလာလေ
တွေ့ရမဲ့ ရက်တွေ နီးလာလေပဲ
အတူသွားတဲ့ အင်းလျားကလဲ
မလာလို့ ပျင်းနေပြီတဲ့..
အချစ်အကြောင်း မကြားရတာကြာတဲ့
ဖုန်းကလဲ နားထောင်ချင်လို့တဲ့...
ချစ်သူမရောက်လာတဲ့ 'ကို' ရဲ့ Facebook ကလဲ
မျှော်နေပြီ...
တွဲဖူးတဲ့ လက်တစ်စုံကလဲ
မတွဲရလို့တဲ့ အားပြတ်နေပြီ...

ချစ်သူရယ်...
တစ်နေ့ထက်တနေ့
ချစ်တထက် ချစ်ပါပဲ...




"မင်းကိုချစ်တဲ့သူ"

Thursday, June 23, 2011

"U" the only one I love

A beautiful girl had seized my day

"Will never leave me" ur sweet lip always says

Took out my heart and play it like a game

But just give me a comfortable pain...


Repeating the thousand of words when we meet

Unlike other i only have my heart to give

We used to have a goodbye kiss whenever we leave

But all these things can last juz a few week...


The earth will grab the falling stars

The bees will get the pollen from flowers

The peace wll end the endless wars

Will u keep my fallin heart or feel fear to keep???


Many ppl tell that Angels are pretty

Because they huvn't seen ur beauty

The perfect smile of yours is just for me

Do u think i'm a bit greedy...


I felt so pity to Fate when i'm with u

I yelled to that thing with a million of fools

I only have u and seriouly love u which is purely ture

But now i was blocked in the room with a full of blue...



"U VUl OHW 3NO 3HT"

Sunday, June 5, 2011

လွမ်းခြင်း

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ
မနက်ရောက်တိုင်း တွေးမိတယ်
ရေးဖြစ်တဲ့ စာတွေကလဲ
မေ့မရတဲ့ အတိတ်ကောင်းတွေပဲ...

ရက်ဟောင်းတွေကို တွေးကြည့်တိုင်း
ပျော်ခဲတဲ့ သမိုင်းတွေပါပဲလား
ချစ်သူရယ်... အတူရှိတဲ့အချိန်မှာ
မနက်ဖြန်ဆိုတာ ဒီနေ့နဲ့အမွာတွေလိုပဲ...

ကွန်ပြူတာကို ကြည့်လို့ မျက်ရည်ကျတယ်
တွက်ရေခဲတဲ့နေ့တွေကလဲ ရက်ရှည်နေခဲ့
ခက်ထန်လှတဲ့ မနက်ဖြန်တွေအတွက်
သူ့အပြုံးတွေက ဆက်ရန်အင်အားတွေပဲ...

သူ့လက်ဖ၀ါးလေးကို ကိုင်လိုက်တိုင်း
မရေရာမှုတွေဟာ အဝေးကိုလွင့်စင်
ရှေ့ဆက်ရမယ့် လမ်းခရီးကလဲ
ပန်းတွေဝေနဲ့တဲ့ ဥယာဉ်လေးလိုပဲ...

နေ့နဲ့ညမှားအောင် လွမ်းဖူးတယ်
ဒီလိုပြောတော့ ဘယ်သူကယုံမလဲ
အပိုတွေလို့ ဆိုရင်ဆိုလိမ့်မယ်
ငါ့ခံစားချက်ကို ဘယ်သူတွေမြင်နိုင်မလဲ...

ယုယမှုတွေကင်းတဲ့ သူမရှိတဲ့မနက်ခင်းတွေမှာ
နေမင်းရယ် မင်းအလင်းက ငါ့ကိုပူလှောင်စေတယ်
သူညညဆုတောင်းပေးတဲ့ Sweet Dream နဲ့ဆို
လမင်းရဲ့ အေးမြခြင်းမလိုပဲ ပြည့်စုံနေတယ်...

ချစ်သူရယ်... အိပ်မက်ထဲမှာ ဆုံမယ်
ှဓာတ်ပုံထဲမှာ အတူတူရှိနေမယ်
ကြယ်မောင်နှမ တွေ့ရင်လွမ်းတယ်
ပြန်ဆုံနိုင်မယ့်အချိန်ကို တမ်းတတယ်...

လွမ်းလှတဲ့ အချိန်ကိုတွက်လို့
၂၄နဲ့ နှုတ်လိုက်ရင် ၂၃.၉ ဖြစ်နေတယ်
ကြာလာရင် ရိုးသွားမယ်တဲ့
ငါ့အတွက်တော့ ကြာလေ အချစ်တွေတိုးလာလေပဲ...

sometimes i dunt want to care anything
cuz i truly know tat what do u mean to me
juz want to tell u " L O V E"
without u i'm so lonely...


"မင်းကိုချစ်တဲ့သူ"

Sunday, April 24, 2011

ထာဝရ မနက်ဖြန်

စီးချက်ကျကျ ခုန်နေတဲ့နှလုံးသားတစုံ
စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ စိတ်တွေနဲ့
မှန်းရခက်တဲ့ မနက်ဖြန်တွေအတွက်
ရာဇဒဏ်မသင့်ဖို့ ဒီနေ့မှာ လက်တွဲထားမယ်...

ဆုံတွေ့ခဲ့တဲ့ အချိန်တွေက အစ
ခွဲခွာခြင်းမဲ့တဲ့ ထာဝရ အဆုံး
ခုန်နေတဲ့ ရင်ခုန်သံတွေရပ်သွားရင်လဲ
အပြန်အလှန်ပေးဆပ်တဲ့ အချစ်တွေနဲ့ အသက်ဆက်ရှင်မယ်...

ငါ့ကိုမွေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ မိခင်
ငါ့ဘ၀ကို လမ်းပြတဲ့ ကျေးဇူးရှင်က ဖခင်
ငါ့လက်ကိုတွဲထားတဲ့ သူကတော့ ငါ့ကိုချစ်တဲ့သူ
ပေးဆပ်သူတွေအတွက် မျှော်လင့်ချက်ဆိုတာ သခင်ပါပဲ...

နှလူံးသားထဲက ဒိုင်ယာရီကို ဖွင့်လိုက်တိုင်း
ငါ့တို့တွေပျော်ခဲ့တဲ့ သမိုင်းတွေနဲ့
ကြည်နူးခြင်းတွေက ဖိတ်ကျ
သူနဲ့အတူရှိခဲ့တဲ့ နေ၀င်ချိန်တွေက ရှုမ၀ပါပဲ...

အတ္တ မာန်မနကင်းတဲ့ အချစ်တွေနဲ့
တည်ဆောက်ခဲ့တဲ့ ငါ့တို့တွေအတွက်
လမ်းမခွဲကြေးဆိုတာက အဘိဓာန်မှာမရှိပေမဲ့
ခဏလောက်ဝေးနေရတာ ဆယ်ကမ္ဘာခြားနေသလိုပဲ...

အချစ်ကို စတင်မွေးဇွားခဲ့တဲ့ စက်တင်ဘာနံနက်ခင်း
ဘယ်တော့မှ မပျက်ယွင်းရအောင် အချိန်နဲ့အမျှ ကြံဆောင်
မြင်ယောင်နေခဲ့ အတူရှိခဲ့တဲ့ နေ၀င်ချိန်နဲ့ အိမ်ပြန်ချိန်
အတူရှိနေမဲ့ ထာဝရ မနက်ဖြန် နဲ့ ကမ္ဘာဆုံးမဲ့ စက္ကန့်အချိန်ထိ
အချစ်ကို သံသရာရှင်းစွာ ချစ်နေမယ်...

"မင်းကိုချစ်တဲ့သူ"

Tuesday, March 15, 2011

ကမ္ဘာနဲ့ငါ

ပြန့်ကျဲနေတဲ့ မြေပြင်တွေကြား
ပြုတ်ကျသွားတဲ့ အိပ်မက်တွေ
တစ်စစီ ပြန်ကောက်လို့
မလင်းမမှောင်ထဲ ငါတယောက်ထဲ...

တိမ်ပါးသွားတဲ့ မာနတွေကို
မြေချဖို့ ငါ့မှာပြင်ဆင်
ပျော်ဝင်နေတဲ့ အတ္တစိတ်တွေကြောင့်
ငါ့အတိတ်တွေ သပိတ်မှောက်ခဲ့...

စောင်းနေတဲ့ ကမ္ဘာမှာ
ရှင်သန်တဲ့လူတွေ
အစောင်းမြင်တာက
ထူခြားမှု မရှိပါဘူး...

လည်နေတဲ့ ကမ္ဘာမှာ
ရှင်သန်တဲ့လူတွေ
အချင်းချင်း လိမ်လည်တာလည်း
အဆန်း မဟုတ်ပါဘူး...

နှစ်ဆယ်လေးနာရီ ပြည့်ဖို့
သွားနေရတဲ့ ခရီးက
ပင်ပန်းလှတယ်
ကိုယ်နဲ့စိတ် နှစ်ခုခွဲနိုင်ရင်
ငါ့စိတ်က မင်းအနားမှာပါပဲ...

ကြယ်ကြွေတိုင်းတာ
ဆုတောင်းပြည့်ခဲ့ရင်
မင်းမရှိတဲ့နေရာမှာ
ငါ့ခြေရာရှိမှာမဟုတ်တော့ဘူး...

မရှင်းမလင်း မနက်တွေနဲ့
ဆက်နေခဲ့ မှောင်မိုက်တဲ့ညတွေမှာ
အမှန်တရားကို အမှားတစ်ရာလုပ်ခဲ့မိလို့
ငါ့အပြစ်နဲ့ငါ ရှုပ်နေခဲ့တယ်
ငါတို့ကို အုပ်စိုးထားတဲ့ ကောင်းကင်ကြီးတောင်
ဘောင်းဘီမှမ၀တ်ပဲ
ရှက်စရာဆိုတာ ဘာပြဿနာရှိတော့မလဲ...


"မင်းကိုချစ်တဲ့သူ"

Saturday, March 5, 2011

အလွမ်းများ

တိမ်တွေကိုခိုလို့
ဒို့တွေပျော်မြူးတဲ့အခိုက်မှာ
မနက်ဖြန်ဆိုတာ တွေးစရာမပါ
ခေါက်သိမ်းခဲ့တဲ့ အချိန်များစွာ...

အိပ်ငိုက်နေတဲ့ သတိနဲ့
ခရီးဆက်မိတဲ့ ငါ့အတွက်
ကြမ္မာနဲ့ကံ နှစ်မျိုးရောလို့
ငါ့နှလုံးသားကို ဆေးကြောနေခဲ့...

အဖြေမဲ့စရာ လမ်းများစွာနဲ့
သူမရှိတဲ့ နေ့များစွာက
လမရှိတဲ့ ညတွေလိုပဲ
ရင်ခုန်သံတွေ ရေခဲရိုက်ခံနေရတယ်...

ဆုံရန်ခက်တဲ့ အချိန်တွေနဲ့
မောဟိုက်နေတဲ့ နှလုံးသားအတွက်
သူ့ရဲ့အပြုံးစကား တွေနဲ့
ပြန်ဆုံမယ့်ရက်ကို စောင့်မျှော်ချင်တယ်

ကောင်းကင်ထက်က ကြယ်တွေရယ်
လွမ်းချင်းတွေအတွက် မကြွေပါနဲ့
မိုးပေါ်က တိမ်တိုက်တွေလည်း
ငါ့ကိုသနားလို့ မငိုပါနဲ့
ယုံစားလို့မရတဲ့ ကံကြမ္မာအတွက်
စာတစ်စုကို ပြောပြမယ်
လှေနဲ့ ကမ်း တစ်နေ့တော့ပြန်ဆုံမယ်...


"မင်းကိုချစ်တဲ့သူ"

Saturday, January 15, 2011

မင်းအနားမှာ

အချစ်အတွက် အရာရာကိုပေးအပ်
မနက်ဖြန်နဲ့ ဒီဘ၀ကိုရှေ့ဆက်
တွက်ရေနေခဲ့ ပြန်ဆုံမယ့်နေ့ရက်
တရွေ့ရွေ့နဲ့ ရွေ့လျားနေတဲ့ စက္ကန့်...

အလင်းပျောက်တဲ့ အသက်မဲ့ခဲ့ညတွေနဲ့
ရေရာခြင်းမဲ့ သူမရှိတဲ့မနက်တွေမှာ
ပြက္ခဒိန်ထဲက ရက်တွေကိုကြက်ခြေခတ်
အိပ်မက်ထဲမှာ ငါတို့တွေဆုံခဲ့...

ပျော်ရွင်ခဲ့တဲ့ အတူရှိတဲ့အချိန်
ပြန်မလာတောတဲ့ ကျန်ခဲ့တဲ့အတိတ်တွေနဲ့
မှောင်ရိပ်တွေအောက်မှာ မှေးစက်နေခဲ့
ငါ့အတွေးတွေနဲ့ ရေးနေတဲ့ကဗျာတ၀က်...

အဖြစ်တွေမှာ မနှစ်ကနဲ့မတူ
အပြစ်တွေတာ အသစ်ဖြစ်လာလို့
ကြိုမသိနိုင်တဲ့ ကံကြမ္မာမို့
ဝေးရမှာကို တွေးကြောက်နေခဲ့...

ရက်ရက်စက်စက် သံသရတွေနဲ့
ပက်ပက်စက်စက် သ၀န်တိုနေခဲ့
နှစ်နှစ်ခြိုက်ခြိုက် ချစ်ခဲ့တာပဲ
နေချင်တာလဲ မင်းအနားမှာ အမြဲ...



"မင်းကိုချစ်တဲ့သူ"