Saturday, October 31, 2009

ငါတစ်ယောက်

အိပ်မရတဲ့ညတစ်ည
ထွက်ကျလာတဲ့ အတွေးတစ
အတိတ်ကအချိန်ကို တမ်းတရင်း
ရယ်မောနေတဲ့ လူတွေရဲ့ကြား
ငါတစ်ယောက် မပျော်နိုင်ပါလား...

ဟန်ဆောင်ကာ ပျော်နေလည်း
လူတကာက မေးမြန်းဆဲ
ဘာအခက်အခဲ ရှိနေလဲ
အကဲခက် တတ်တဲ့လူတွေရဲ့ကြား
ငါတစ်ယောက် ဟန်ဆောင်မရပါလား...

ပျော်ရွင်ချိန် သူနဲ့တွေ့ချိန်
စိတ်ညစ်ချိန် သူမရှိ ချိန်
ငါပျော်နေပေါ့ သူအမြင်မှာတော့
ချစ်သူစကားကို သုံးသပ်ကြည့်တော့
အပြုံးတုတွေတောင် အသက်ဝင်နေပြီပေါ့...

ချစ်သူပြောတဲ့ ပုံပြောကောင်းသူ
လိမ်ညာတတ်သူ ဟန်ဆောင်ကောင်းသူ
မချစ်တတ်သူ အလိုက်မသိသူ
ဒါတွေမှန်သမျှ နေရာမရအောင်
စွပ်စွဲခံရလည်း ငါတစ်ယောက်တော့
အပြစ်မမြင်ဆဲပါပဲ....



ဟန်ဆောင်ကောင်းတယ် ဆိုတဲ့
"မင်းကိုချစ်တဲ့သူ"

Saturday, October 24, 2009

ကမ်းမရှိတဲ့ ဘ၀ပင်လယ်

အတွေးများနဲ့ အရေးအသားတွေ
အလွမ်းများအား အရာထင်စေ
သံသယတွေနဲ့ မယုံကြည်မှုတွေ
အမုန်းတွေကို အားပေးနေ
ကံကြမ္မာနဲ့ သံသရာတွေ
ဘ၀ပန်းတိုင်ကို ပိတ်ဆို့နေ....

ဟန်ဆောင်ကောင်းတဲ့ လူတွေရဲ့ကြား
ကျင်လည်နေရလည်း အဖော်မွန်ပဲလို့
စိတ်ထဲတွေးထင် အားလုံးကိုအမှန်မြင်ကာ
ဆက်ဆံပေါင်းသင်း ကူညီရင်းနဲ့
ပင်လယ်ဝရောက်မှ သိလိုက်ရတယ်
Colleague ဆိုတဲ့ဝေဟာရရဲ့ အဓိပ္ပာယ်...

ဒီဝင်္ကပါဘ၀ ပျော်ရွင်တာခဏ
မပြည့်စုံမှုတွေနဲ့ လျှောက်နေတဲ့လမ်း
ဖြောင့်သန်းမှုမရှိ ဘယ်ရောက်မှန်းမသိအောင်
ရေနစ်နေလည်း ကယ်ဆယ်သူမဲ့
နှစ်ကိုယ်တူဘ၀ကို လျှောက်ကြမဲ့
ချစ်သူလက်ကို တမ်းတမိခဲ့...

တခါတခါတော့ အိပ်မက်ထဲမှာ
ရောက်ရောက်နေတဲ့ ရန်ကုန်မြို့ရဲ့
ပျော်မ၀တဲ့ တချိန်ကနေ့တွေကို
ပြန်ရောက်ချင်လည်း ပြန်ခွင့်မရတဲ့
ငါတစ်ယောက် မိဘစကားရင်မှာထားရင်း
ချစ်သူနဲ့လည်း အငြင်းပွား ပဋိပက္ခများရလေခြင်း...



မင်းကိုချစ်တဲ့သူ

Tuesday, October 20, 2009

I'm Yours

ဘ၀အနှောက်အယှက်တွေများစွာက
အမဲစက်ထင်အောင် အဖြူကိုအရောင်ဆိုး
ငါရက်တွေများစွာကို ဖျက်ဆီးခဲ့တယ်...

ပျော်ရွင်ခြင်းတွေက အဝေးကိုထွက်ခွာ
နာကြင်ခြင်တွေ ရောက်လာချိန်
အပြစ်မရှိတဲ့ အချစ်တခုရဲ့ကြား
တို့နှစ်ယောက်အငြင်းပွားရင်း
ငါတယောက် ဗီလိန်ဘ၀ရောက်ခဲ့တယ်...

မနာလိုသူတွေရဲ့ နှုတ်ခမ်းဖျားမှာ
လမ်းလျှောက်ရသလို ခြေလှမ်းတိုင်းကို
သတိဆိုတဲ့ဖိနပ် ပညာဆိုတဲ့လက်နက်နဲ့
အချိန်တွေကို ကျော်ဖြတ်နေရတယ်... (သူအနားမှာမရှိချိန်)

ငါသွားနေတဲ့ လမ်းတွေကကြမ်း
ဘ၀အမောဖြေဖို့ ချစ်သူနဲ့လည်းလှမ်း
ခံစာချက်တွေက မျိုမသိပ်နိုင်အောင်
တခါတခါ အသက်ရှူမှားတယ်...

ပြန်လာမယ့်နေ့ ပြန်ဆုံမယ်ရက်ကို
စောင့်နေတဲ့ ချစ်သူနဲ့ ထပ်တူ
ငါလည်း ဒီမျှော်လင့်ချက်နဲ့
အသက်ရှင်နေဆဲပါ....

P.S. "if i'm not yours, wat is ta meanin of livin... wat is ta meanin of hopin... wat is ta meain of dreamin..."


မင်းကိုချစ်တဲ့သူ

Monday, October 19, 2009

အဝေးရောက် အချစ်

အပြုံးလေးကို ကဗျာထဲဆို
အချစ်ချိုချို တမ်းတကာငို
မရှိတော့မှ လွမ်းရသလို
အမုန်းတွေက လိုတာထက်ပို...

မမြင်နိုင်တဲ့ အရာတွေထပ်
ဗလာတွေနဲ့ အဖော်ပြုလျက်
စောင့်မျှော်နေခဲ့ အချိန်အတွက်
နာကြင်ခြင်းနဲ့ ကိုနေထိုင်လျက်...

ပျော်ရွင်စရာ အနာဂါတ်တွက်
လက်ရှိချိန်မှာ ကိုတို့ဝေးခဲ့
မပြောင်းလဲမဲ့ ကို့အချစ်တွက်
မင်းလေးယုံအောင် သစ္စာပြုခဲ့...

အဝေးရောက်တဲ့ ကို့အချစ်တွက်
ထားသွားခဲ့လို့ စိတ်မညစ်နဲ့
ခဏဆိုတဲ့ အချိန်လေးတွက်
အမြန်ဆုံဖို့ ကိုကြိုးစားလျက်
ထွက်ခွာနိုင်မဲ့ စလုံးကရက်
လက်ချိုးရေလို့ ကိုစောင့်နေခဲ့....



P.S. "မနက်ဖြန်တိုင်းမှာ မင်းနဲ့တွေ့နိုင်ဖို့ စောင့်နေခဲ့တယ်..."

မင်းကိုချစ်တဲ့သူ

Saturday, October 17, 2009

ခံစားချက်

နေ့တွေညတွေ နှစ်တွေလတွေ
တရွေ့ရွေ့ပြောင်းလဲ ထူးခြားမလာပဲ
တို့အတူလျှောက်တဲ့ ခြေလှမ်းများလည်း
ရန်ကုန်မြို့ထဲ ထင်ကျန်နေဆဲ....

အခြေအနေတစ်ခုအတွက် အချိန်ကိုပေးဆပ်
ဘ၀တစ်ခုလုံးကို သူ့ကိုပေးအပ်
မနက်ဖြန်များစွာ ကျော်ဖြတ်သွားလည်း
သူနဲ့ဆုံဖို့ မျှော်လင့်ထားဆဲ...

ခရေပင်လမ်း ကန်ပေါင်တလျှောက်လည်း
ကိုတို့မရှိတော့ ခြောက်ကပ်နေသလို
သာယာခဲ့တဲ့ အချိန်ကိုလည်း
ကောင်းကင်းကိုကြည့်လို့ တမ်းတမိဆဲ...


ကြယ်ရောင်စုံတဲ့ ငါ့ညတွေလည်း
သူရှိဖို့အတွက် လိုအပ်နေဆဲ
အတူရှိနေတဲ့ စုံတွဲကိုလည်း
တွေ့မိလိုက်တိုင်း စိတ်ဆင်းရဲဆဲ.....



"မင်းကိုချစ်တဲ့သူ"





Monday, October 12, 2009

အရမ်းချစ်တတ်တဲ့ "သူ့" အတွက်

ပြန်ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
ကိုတို့နှစ်ယောက် တည်ဆောက်ကြ...

ဒဏ်ရာက အထပ်ထပ်
အနာမကျတ်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ သူ့အတွက်
"ချစ်တယ်" ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား...

ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
သေလောက်တဲ့ ကြမ္မာဆိုးရဲ့ကြား
သူ့ကိုချစ်တဲ့ စိတ်တခုနဲ့
ရုန်းထွက်လို့ လာခဲ့မယ်
ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ်...


P.S. "ချစ်သူ... မင်းကိုချစ်တဲ့အချစ်တွေက မင်းနှလုံးသားတစ်ခုနဲ့လောက်ပါ့မလား..."


"မင်းကိုချစ်တဲ့သူ"

Sunday, October 11, 2009

မ for မင်းကိုချစ်တဲ့သူ

ချစ်ခြင်းအဖွဲ့အနွဲ့တွေကိုရေးတဲ့ အဆိပ်ခွက်ရဲ့ TAG ကို BLOGGER တသတ် ပထဆုံးရေးခြင်းဖြစ်ပါတယ်...

1.What is your name : မင်းကိုချစ်တဲ့သူ
2. A four Letter Word : မင်းအနားမှာ
3. A boy's Name : မင်းမော်ကွန်း

4. A girl's Name : မေကဗျာ
5. An occupation : မင်းအတွက်ကဗျာရေးခြင်း
6. A color : မီးခိုးနက်နက်
7. Something you'll wear : မျက်မှန်
8. A food : မာလာငါး
9. Something found in the bathroom : မှန်

10. A place : မင်းအနား
11. A reason for being late : မင်းမရောက်လောက်သေးဝူးထင်လို့
12. Something you'd shout : မသိသူကျော်သွား သိသူဖော်စား နောက်ကျသူ Qရ (စလုံး စတိုင်)

13. A movie title : မုန်းတယ် (ခုနမှ ကြည့်ပြီးတာ)
14. Something you drink : မင်းကွပ်သီးဖျော်ရည်

15. A musical group : မြေပဲယို
16. An animal : မိကျောင်း
17. A street name : မဆုံသောလမ်း
18. A type of car : မာစီးတီး (Mercedes-Benz CLK GTR Roadster)

19. The title of a song : မင်းတယောက်ထဲ
20. A verb : မင်းကိုချစ်တယ်


ဝါသနာတူတွေကို ပျော်စရာတွေဝေမျှချင်တယ်... ၀ါသနာတူ မရေးရသေးသောသူများထဲက
ဘ for ဘိုဘို (မိုးကုတ်သား)
ဝ for ၀ါဝါခိုင်မင်း (မ၀ါ)
အ for လူအအိပ်မက် (ရေတမာ)
စ for စိတ်ထွက်ပေါက် (မြရေလျဉ်)

ပျော်ရွင်ကြပါစေ...


"မင်းကိုချစ်တဲ့သူ"





Saturday, October 10, 2009

Fate!!! U will NvR Lose!!!

ရေစုန်မျှောနေတဲ့ ကမ္ဘာ့ပင်လယ်ထဲ
အဆိုးတစ်ဝက် အကောင်းတစ်ဝက်
အနိုင်တစ်ရက် အရှုံးတစ်ရက်
ကျင်လည်နေကြတဲ့ ငါတို့ရဲ့ဘ၀…
ကံကြမ္မာကတစ်ကဒ် သံသရာအဆက်နဲ့
ဝရံတာမှာ ကြံရာမရအောင်
ဝင်ရောက်နေတဲ့ သဘာဝမုန်တိုင်းကြား
ခံနိုင်ရည်အားလည်း ခန်းခဲ့ပါပြီ…
တခါတရံမှာ သုံးသပ်ကြည့်တိုင်း
ငါ့ရက်တိုင်းဟာ ဘ၀အစီအစဉ်မဲ့လို့
အသက်ရှင်လျက် ဘ၀သေနေသလို
မက်စရာပင်မရှိအောင် ခြောက်ကပ်လွန်းတယ်…
ကံကြမ္မာရဲ့ရိုက်ချက်တိုင်းမှာ ဒီတခါရိုက်ချက်က
ပြင်ဆင်ချိန်မရအောင် မြန်ဆန်လွန်းလို့
ငါတစ်ယောက် ခံနိုင်စွမ်းမရှိ
တန်ပြန်ခြင်းမဲ့စွာ ဘ၀ကံကြမ္မာကို
နွေးထွေးစွာပင် ကြိုဆိုခဲ့တယ်…
ဒီဝေဒနာအထပ်ထပ် ဗလာဖြစ်နေတဲ့ရင်ခွင်နဲ့
ကျန်ခရီးလမ်းကို ဘယ်ခြေလှမ်းနဲ့
ငါဆက်လှမ်းရမလဲ……..


P.S. "How CoulD Tis HaPPenED To Me"


"မင်းကိုချစ်တဲ့သူ "


Thursday, October 8, 2009

ငါ့ရဲ့ရင်ခွင်

အချိန်တွေပေးသမျှ အခြေအနေတွေဝေးခဲ့ရ
ကြင်နာတတ်ခါစ ဘယ်အရာမှနှိုင်းယှဉ်မရ
ချစ်စရာမင်းရဲ့အလှ ဘယ်တော့မှကြည့်လို့မဝ
စာဖွဲ့လို့မရနိုင်အောင် လှနေတဲ့ည
ကြယ်တွေကလင်းလို့ ပြည့်နေတဲ့လမင်း
ဒီရေဒီလှိုင်းများလည်း ကျောက်ဆောင်ကိုတိုက်ခတ်
ရိုက်ခတ်သံတွေက ရင်ခုန်သံတွေလို
စီးချက်သံတွေက တဖြည်းဖြည်းမြန်ကာ
ဝေးသွားမှာ ကြောက်လာခဲ့တယ်...
လောကတခွင် ခရီးကြမ်းကိုနှင်လို့
ကြုံလာမဲ့အခက်ကို ငါအရှေ့ကတားဆီး
မမြင်နိုင်တဲ့ကံကြမ္မာနဲ့ ငါခရီးဆက်လဲ
ကမ္ဘာတဖက်ကမင်းက ငါ့အချစ်တွေကြောင့်
ကမ္ဘာပျက်ရင်တောင် အနေခက်မှာမဟုတ်
ပျော်နေတဲ့ငှက်လို အတိုက်အခက်မရှိ မင်းပျံနိုင်မှာပါ...
ဒီလိုနဲ့နေနေရင်း ကမ္ဘာခြေရင်းမှာ
မင်းလူရင်းနဲ့တွေလို့ ထားခဲ့မယ်ဆိုလည်း
ငါ့ရင်ကိုခွဲသွားပါ....
မဆုံနိုင်တဲ့နေ့များကို ကြက်ခြေခက်လို့
ပြက္ခဒိန်စာရွက်တွေ အထပ်ထပ်ကုန်ပါစေ
ငါ့မျက်ရည်တွေ ကုန်ခန်းသွားလို့
သွေးတွေပဲစီးနေပါစေ ထားခဲ့တဲ့မင်းကို
အဆင်ပြေပါစေလို့ ငါဆုတောင်းရင်း....


P.S. "လောကကြီးထဲ ကောင်းမွန်စွာနဲ့ လမ်းလျှောက်တတ်ရင်ဒီအသည်းနှလုံးကို ခွဲလိုက်စိတ်လိုက်ပိုင်းလိုက်..."


မင်းကိုချစ်တဲ့သူ

Tuesday, October 6, 2009

လွမ်းဆွတ်ခြင်း

မျက်ရည်စက်တွေ ရင်ကိုထွင်းဖောက်
မျက်ဝန်းအိမ်မှာ ငွေ့ရည်ဖွဲ့လို့
နံရံတဖက်က ကျန်နေတဲ့အလွမ်းနဲ့
မှောင်မိုက်တဲ့အခန်းထဲ ပျော်နေတဲ့ဖယောင်း
ပျံနေတဲ့မီးတောက်က ရင်ထဲကပူလောင်မှုနဲ့ယှဉ်ရင်
မပြောစလောက်လေးဖြစ်နေတယ်...
မဝေးဘူးဆိုတဲ့စကားနဲ့ စွယ်တော်ရွက်ရဲ့နှစ်ဖက်ပေါင်းတရွက်
အတိတ်ကအလွမ်းတွေနဲ့ ငါရေးနေတဲ့စာရွက်တွေ
ပြန်ဆုံမယ့်နေ့တွေဝေးလို့ ငါတယောက်ဘာဖြစ်နေ
တမ်းတမိတဲ့အချစ်တွေကလဲ ကဗျာမဆန်လှ
တခါတရံကမင်းနဲ့လဲ တဖန်ဘ၀မှာပြန်ဆုံချင်တယ်...
ရန်ရှာတဲ့စကားနဲ့ စိမ်းနေတဲ့မင်းအကြည့်
အဖြစ်တွေကိုမသိလို့ အပြစ်တွေကိုဆို
ဘ၀ဆိုတာမရှိတဲ့ ဒီအချစ်နှစ်ထွေအကမှာ
အသစ်ကိုငါမရှာ မင်းကိုတာချစ်နေမှာ
အမြဲရောက်တာ မင်းအနားပါ......


"မင်းကိုချစ်တဲ့သူ"

我對佛說... i was talkin to the Buddha...

我對佛說:讓我所有朋友永遠健康快樂~! ;
I was telling the Buddha: Please bring health & happiness forever to all of my friends!
佛說:只能四天~!
The Buddha said: Only 4 days
我說:好,春天、夏天、秋天、冬天。
I said: Alright, spring, summer, autumn, winter
佛說:三天。
The Buddha said: Three days.
我說:好,昨天、今天、明天。
I said: Alright, yesterday, today, tomorrow.
佛說:不行,兩天。
The Buddha said: No way, two days.
我說:好,白天、黑天。
I said: Alright, daytime & nighttime.
佛說:不行,就一天~!
The Buddha said: No way, just one day~!
我說:好~!
I said: Alright.
佛茫然問到:哪一天?
The Buddha asked vaguely: Which day?
我說:在我所有朋友活著的每一天 ~! ?
I said: Each day my friends live ~!?
佛笑了……說:以後你所有朋友將天天健康快樂~
The Buddha smiled and said: Your friends will be healthy and happy everyday ever after
 

看到此信息的人轉發給朋友,祝你的朋友們都是快樂健康~

Please forward this to your friends, wishing your friends good health and happiness ~
天氣多變...加倍保重!(把溫暖傳下去 哦~)
No matter what the weather ... please take a good care! (Spread the warmth O~)

Friday, October 2, 2009

ပျော်စရာကမ္ဘာ



ဒီထဲမှာ ကျွန်တော်မပါပေမယ့် ကြည့်လိုက်တဲ့အချိန်မှာ ပျော်ရွင်စရာတွေကိုတွေ့ခဲ့တယ်...
သူတို့ရဲ့ စည်းရုံးမှု လွတ်လပ်စွာ ပျော်ရွင်မှုများကို ကျွန်တော်ခံစားနေရသလို ခံစားခဲ့ရတယ်...
အားလုံးဒီလို စည်းစည်းလုံးလုံးနဲ့ ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ... ဒီပျော်ရွင်မှုတွေကို စာစီလို့
ကာရံမလှတဲ့ ကဗျာတပုဒ်အဖြစ်ဖန်းတီးခဲ့ပါတယ်... (ကဗျာအရေးအသား မကောင်းခြင်းကို သည်းခံပါ)

အိမ်အပြင်ထွက်လို့ စင်္ကပူရောက်နေတဲ့
ဘ၀တူ ညီအစ်ကိုမောင်နှမ ခံစားချက်တွေမျှလို့
ဝေဒနာတိုင်းကိုဖယ်ရှားဖို့ ညီညီညာညာလက်တွဲစို့
အရာရာတိုင်းကို အတူတူဖြတ်သန်းလို့
စင်္ကပူကအပူလိုင်းကို ပျော်ပျော်ရွင်ရွင်ကျော်လွှားဖို့
ကျွန်တော်တို့အားလုံး လက်တွဲစို့
အသက်မဲ့တဲ့ စင်္ကပူမနက်တိုင်းကို
နူးညံ့တဲ့ကျွန်တော်တို့ မေတ္တာတွေနဲ့ ဖြန်းပတ်လို့
ရောက်လာမဲ့ စင်္ကပူကမနက်တွေနဲ့
မှန်းမရတဲ့ ဒဏ်ရာတွေတိုင်းကို
လာရာလမ်းတိုင်း ပြန်စေဖို့
ကျွန်တော်တို့ရဲ့လက်များကို ညီညီညာညာတွဲထားစို့...



P.S.  "We were not Alone"


ထပ်တူခံစားရတဲ့
မင်းကိုချစ်တဲ့သူ

Thursday, October 1, 2009

ငါတစ်ယောက်ထဲ

ပင်လယ်ပြင်တွေ လှိုင်းထပ်တွေနဲ့
မြစ်ရေပြင်မှာ တည်ငြိမ်နေလျက်
ချစ်ရေပြင်တော့ ရေတွေခန်းလို့
လာဖူးခဲ့တဲ့ အပြန်လမ်းကို
စောင့်မျှော်နေလည်း ငါတစ်ယောက်ထဲ
အပြာရောင်ကောင်းကင် တိမ်တွေစင်လို့
အဖြူရောင်ကို အရောင်စွန်းထင်
တိမ်တိုက်မှာပင် အညိုရောင်သန်း
အရင်းကလမ်း ပြန်ကာလွမ်းလည်း
ကျန်နေဆဲမှာ ငါတစ်ယောက်ထဲ
သူရင်ခွင်ထဲ နေရာမရပဲ
အဝေးကပင် ကြည်နူးပျော်ရွင်
ကြည့်ရချိန်တွင် ငါ့အချစ်က
အကြိမ်ကြိမ်လွဲလို့ ဖြေတာမနည်းတဲ့
အချစ်စာမေးပွဲမှာ ထပ်ခါကျကာ
ငါ့ရင်ခွင်လည်း အရုံးနဲ့ပဲ
အသက်ရှင်ဆဲ ငါတစ်ယောက်ထဲ...


P.S  我會學著放棄你, 是因為我太愛你 ( i will learn to giv u up... 'cuz i luv u xo much...)

မင်းကိုချစ်တဲ့သူ