Sunday, April 18, 2010

နှစ်သစ်မင်္ဂလာ

အလွမ်းတွေပိုက်လို့
ရက်တွေကိုကျော်ဖြတ်
အနမ်းတွေငတ်နေတဲ့
ငါ့ည တွေတိုင်းမှာ
အမှတ်တမဲ့ ကြည့်လိုက်တိုင်း
ကောင်းကင်ကြီး နှင့် လတစ်စင်းက
ရိုင်းလောက်အောင် လှနေပါလား

အစမ်းသပ်ခံနေရတဲ့
လူသားတွေအတွက်
စမ်းသပ်ချက်တွေက
တစ်နေ့တစ်မျိုး မရိုးအောင်ပဲ
ဆန်းပြားထွေလျား မြူမှုန်များလို
ေ၀၀ါးသွားအောင် ဖမ်းစားနိုင်လိုက်တာ

ကောလဟာလဆိုတာ
လောကသဘာဝတဲ့
ဒီလောဘတွေ ဒေါသတွေ
ပြည့်နှက်နေတဲ့ ဒီလောကကြီးဟာ
မလွတ်ကင်းနိုင်သေးတဲ့
ကောလဟာလတွေကြောင့်
တစ်နေ့တစ်ခြား ရုပ်ဆိုးသွားတယ်

တော်ရာမှာနေ ပျော်ရာမှာမနေရတဲ့
လူသားတွေအားလုံး အတွက်
ကိုယ်ချင်းစာတရား ရှေးတန်းထားလို့
မုဒိတာပွား အငြင်းမများပဲ
ဒီဇင်ဘာလို ၀တ်ရုံကို ချွတ်လို့
လန်းဆန်းတဲ့ ဇန်န၀ါရီ မနက်လို
အမြဲ တက်ကြွနိုင်ပါစေလို့ ဆုတောင်းရင်း...
ပျော်ရွင်တဲ့ နှစ်သစ် ကိုပိုင်ဆိုင်နိုင်ကြပါစေ...


P.S. "WE R NOT UNBOUNDED BUT LIMITED" By TaYar MinWai

"မင်းကိုချစ်တဲ့သူ"

Wednesday, April 14, 2010

အမှတ်မရ သင်္ကြန်

တစ်နှစ်တစ်ခါ ရောက်လို့လာ
မြန်မာတို့ရဲ့ သင်္ကြန်ရိုးရာ
နှစ်တစ်နှစ်ရဲ့ ပထမလ
သင်္ကြန်ရှိတဲ့ တန်ခူးလ...

အရင်အချိန်က ပျော်စရာဝယ်
သင်္ကြန်ရောက်ရင် ကားနဲ့လည်
အခုအချိန်တော့ အလုပ်ထဲပေါ့
သင်္ကြန်အရသာ ငတ်ပြီပေါ့...

အတွေးတစ်ခုက အလုပ်ထဲဝယ်
မျက်လုံးထဲကို ရောက်လို့ရယ်
ဆုံဖို့မဖြစ်တဲ့ ဒီသင်္ကြန်အတွက်
အဝေးကနေ တောင်းပန်လျက်...

သစ္စာရှိစွာ ပိတောက်မှာ
သင်္ကြန်ရောက်ရင် ဖူးပွင့်လာ
ကံမကောင်းတဲ့ အချိန်တွေကြောင့်
ဒီနှစ်သင်္ကြန်လည်း ရန်ကုန်မရောက်...

အဖြစ်အပျက်က မနှစ်ကနဲ့ တူ
သင်္ကြန်ရက်မှာ အလုပ်ထဲပူ
လွမ်းဆွတ်တမ်းတ နေတာများ
ကန်ဘောင်နားက မဏ္ဍပ်များ
မိုးကိုမြင်လည်း သတိရ
ချစ်သူနဲ့ပျော်တဲ့ ရန်ကုန်ဘ၀....

"မင်းကိုချစ်တဲ့သူ"



Friday, April 2, 2010

"ချစ်"ဖတ်ဖို့ရင်ထဲကကဗျာ

ဒီကဗျာလေးကရေးထားတာကြာပါပြီ... မတ်မှာရေးခဲ့တာ... ချစ်သူကိုအရင်ပေးဖတ်စေချင်လို့ မတင်ဖြစ်တာပါ... အခုတော့ တင်လိုက်ပါပြီ......

ပတ်ဝန်းကျင်တခွင်မှာ
ငါတစ်ယောက်ထဲ အထီးကျန်စွာ
ရွာနေတဲ့ မိုးတွေကမစဲ
ကောင်းကင်ပေါ်က တိမ်တိုက်မှာလဲ
ချစ်ပုံရိပ်တွေ ပြည့်နှက်နေမြဲ

ရေမြေခြားကာ ချစ်မရှိတဲ့
ကို့ နေ့ရက်တွေမှာလဲ
ရွာနေတဲ့ မိုးရေစက်ကို
တစေ့စေ့ ကြည့်လို့ငေး
ကိုတို့နှစ်ယောက်အကြောင်းကိုတွေး
ချစ်အနားမှာနေချင်တဲ့စိတ်က
အရာရာထက်ပိုကဲနေပြီ...

မိုးရေထဲမှာ တွေ့ဆုံခဲ့
မိုးရေထဲမှာ ရင်းနှီးခဲ့
မိုးရေထဲမှာ ပျော်ရွင်ခဲ့
မိုးရေထဲမှာ ရန်ဖြစ်ခဲ့တဲ့
ကို တို့ရဲ့သမိုင်းတွေကို
ပြန်ကြည့်လို့ သတိရမိတိုင်း
လွမ်းဆွတ်မိတာ အချိန်တိုင်းပါပဲ...

ကုန်ခဲ့တဲ့ ပြက္ခဒိန်ငါးအုပ်
ဆုံခဲ့တဲ့ ပျော်မဆုံးအချိန်တွေနဲ့
ယုံကြည်မှုကို တည်ဆောက်လို့
အချစ်တွေက ထာဝရမို့
ပြန်ဆုံမဲ့ မနက်ဖြန်တွေနဲ့
ရက်တွေကို တွေးမိတိုင်း
ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းကို
မပျောက်ပျက်ဖို့ စောင်းထိန်းရင်း
ဒီ ဆယ့်ကိုးမှာ ငါးနှစ်နဲ့ နှစ်ဝက်ပြည့်ခဲ့ပြီ....

P.S. "Each day i luv u more... today more than yesterday... tomorrow will be more than today..."

"မင်းကိုချစ်တဲ့သူ"

ကမ္ဘာပြိုမဲ့နေ့

မရေရာမှုတွေများစွာ
သေချာခြင်းမရှိတဲ့ဘ၀မှာ
ဖြေစရာ သူရှိခဲ့လို့
ဘ၀မှာ အသက်ရှင်ချင်စိတ်ရှိခဲ့တယ်...

ဝင်္ကပါဆိုတဲ့လောကကြီး
ပြည့်နက်နေတဲ့ ဒေါသမီးတွေ
အပူဒဏ်ကိုမခံနိုင်တဲ့လူတွေအတွက်
အယူခံဝင်ဖို့ရာ လမ်းပျောက်နေခဲ့တယ်...

ပျော်စရာကောင်းတဲ့ကျောင်းတက်တဲ့အချိန်
ဘ၀အမောမသိသေးတဲ့ ငါတို့အတွက်
လျှောက်တဲ့လမ်းတွေက ပျော်စရာ
ဘယ်အရာမှနှိုင်းလို့မရအောင် သာယာခဲ့ဖူးတယ်...

ဆောက်တည်ရာမဲ့တဲ့ သူမရှိတဲ့အချိန်
လွမ်းရက်တွေနဲ့ နေရတဲ့ ငါ့အတွက်
မိုးစက်တွေကိုတွေ့တိုင်း သတိရ
သူနဲ့နေခဲ့တဲ့ဘ၀ကို တမ်းတမိနေတယ်...

ပြန်ဆုံမဲ့အချိန်နဲ့ ဆုံခဲ့တဲ့အချိန်ကို တွေးတောရင်း
ိငေးမောနေခဲ့တဲ့ အတူရိုက်ခဲ့တဲ့ ပုံတွေ
အတူနားထောင်ဖူးတဲ့ နင်ဟာငါရဲ့သီချင်းကို
နားထဲမှာကြားယောင်လို့ အလွတ်တောင်ရနေပါပြီ....

လိုက်ဖက်တယ်ဆိုတဲ့ ငါတို့ရဲ့ဘဝ
ချစ်တဲ့သူနဲ့ ဝေးရမယ်ဆိုရင်
ထွက်မသွားခင် ငါ့ကိုသတ်ခဲ့ပါ
ငါ့အတွက် သူမရှိတဲ့နေ့က ကမ္ဘာပြိုတဲ့နေ့ပါပဲ...


P.S "လူတွေပြောတဲ့ ကမ္ဘာပျက်မဲ့ 2012 ကိုမကြောက်ပါဘူး... မင်းထွက်ခွာမဲ့ ကမ္ဘာပြိုမဲ့နေ့ကိုပဲ ကြောက်နေတယ်..."

့မင်းကိုချစ်တဲ့သူ