Wednesday, October 6, 2010

ငါနဲ့ကြမ္မာ

တရက်ပြီးတော့ နောက်တစ်ရက်
တပတ်ပြီးတော့ နောက်တစ်ပတ်
မကုန်ဆုံးမယ့် နေ့ရက်တွေကြား
အမေးတစ်ဝက်နဲ့ အတွေးခက်များ...

အဆုံးမဲ့ နှလုံးသားတစ်စုံနဲ့
အပြုံးမပျက် ချစ်ချင်နေခဲ့လဲ
အသုံးမတတ် အချိန်တွေကြောင့်
မင်းရဲ့အမုန်းဇာတ်ကို ကနေရပြီ...

ကန့်သတ်ချက်မရှိတဲ့ အချစ်နဲ့ဘဝ
တွက်ချက်လို့မရတဲ့ ကံနဲ့ကြမ္မာ
လူတွေပြောနေကြတဲ့ ဖူးစာဆိုတာ
ငါအနိုင်ရခွင့်မရှိတဲ့ အချစ်စစ်ပွဲပါပဲ...

ရက်စွဲတွေမှာလဲ ကြက်ခြေခတ်
မင်းမရှိတဲ့ မနက်ဖြန်မနက်တွေကို
ငါ့ဆက်ရန် အင်အားမရှိတော့လို့
ငိုကြွေးခဲ့တဲ့ အချိန်တွေကလဲ
ငါပျော်ရတဲ့ အချိန်ထပ်ပိုများနေတရ်...

ယုံစားလွယ်တဲ့ မင်းအတွက်
ငါ့ကတော့ လူဆိုးလေးပါပဲ
ဘယ်လိုပဲတွေး ဘယ်လိုပဲရေး
ပေးချင်တဲ့စကားလုံးလေးတွေက
ကဗျာတွေမှာ သီကုံးထားတယ်...

ငါရေးနေတဲ့ စာမျက်နှာ နှစ်မှာ
နှစ်နှစ်ခါခါ ချစ်နေမိကြောင်း
ငါ့အချစ်မှာ အရောင်မဲ့လို့
ပြန်ဆုံမယ့် ရက်ပေါင်းများစွာကို
လက်ချိုးရေလို့ စောင့်နေမယ်...

ကံကြမ္မာနဲ့ စိန်ခေါ်တဲ့ပွဲမှာ
လှည့်စားတတ်တဲ့ သံသရာကြောင့်
ငါတစ်ကွက် မှားခဲ့တယ်
ကျိန်စာသင့်နေတဲ့ နှလုံးသားအတွက်
ငါ့အချစ်နဲ့ အယူခံဝင်ပါရစေ...


"မင်းကိုချစ်တဲ့သူ"