Sunday, June 6, 2010

မနက်ဖြန်များစွာ

လက်တံတရွေ့ရွေ့ အားအင်မပြည့်တပြည့်
ထည့်စရာအိတ်တအိတ် မှတ်စရာစာအုပ်လေးနဲ့
ကြုံတွေ့ခဲ့အဖြစ်အပျက်ကို အပြစ်မဖွဲ့ချင်
မနှစ်မြို့ပေမယ့် ဆက်လျှောက်နေရတယ်...

ဘ၀ရဲ့မာတိကာ ကံကြမ္မာရဲ့အမှာစာ
သံသရာရဲ့အကြွေး ၀ဋ်ဒုက္ခဆင်းရဲခြင်းနဲ့
လျှောက်လှမ်းနေတဲ့ လူသားတွေအတွက်
သွားရမယ့်လမ်းက တစ်လမ်းထဲရှိတယ်...

ပညာဆိုတဲ့ဖိနပ် အသိဆိုတဲ့လက်နက်
ဝီရိယရှိတဲ့စိတ် အလိမ္မာဆိုတဲ့ကျင့်ဝတ်နဲ့
ဖြစ်တည်နေတဲ့လူတွေအတွက် ဖြစ်ချင်တာတွေကို
မိုးမလင်းမှီ တွေ့မြင်စေချင်တယ်...

ပြင်မရတဲ့မနေ့ကအချိန် သေချာတဲ့ဒီနေ့
ဆက်ရန်မနက်ဖြန် မတည်မြဲခြင်းတွေနဲ့
လည်ပတ်နေတဲ့ဒီကမ္ဘာမှာ နှစ်လိုဖွယ်ရာ
မက်မောစရာ"သူ"တော့ ရှိနေသေးတယ်...

ခိုင်မြဲတဲ့သစ္စာ မှန်ကန်တဲ့မေတ္တာ
ကြီးမာတဲ့ဂရုဏာ အေးချမ်းတဲ့အချစ်တွေနဲ့
အစစ်မရှိတော့တဲ့ဒီကမ္ဘာမှာ အတုတွေကိုဖယ်ရှားလို့
အစစ်တွေကိုပြန်လည်ထုဆစ်ကြအောင်လား...



"မင်းကိုချစ်တဲ့သူ"