Tuesday, March 24, 2009

တစ်ခါတစ်ရံ


best_song.mp3 -

တစ်ခါတစ်ရံ... ပြန်ဆုံနိုင်ရန်...
တစ်ယောက်တည်းကြံ... အချိန်မှန်မှန်...
အခန်းနံရံ... မင်းပုံကာရံ...
အတွေးတွေပျံ...
တစ်ခါတစ်ရံ... ကြားကြားနေဟန်...
မင်းရဲ့ရယ်သံ... အမြဲကြားရန်...
ငါ့ရဲ့ဖုန်းသံ... ငါ့ MSG သံ...
မင်းရဲ့သီးချင်းသံ...
တစ်ခါတစ်ရံ... လွမ်းတာချိန်မှန်...
ချစ်တာအမှန်... ကဗျာရေးရန်...
ရှာကြံကာရံ... စားသားမမှန်...
ငါ့ရင်ခုန်သံ... Blog မှာတင်ရန်...
ကြိုးစားရေးပြန်... မကောင်းတဲ့ကံ...
မျက်နှာလိုက်ကြံ... မင်းနဲ့ဝေးပြန်...




"မင်းကိုချစ်တဲ့သူ"

Saturday, March 21, 2009

媽, 祝您生日快樂...

ဖြူစင်ခြင်း သန့်ရှင်းခြင်း
မာန်မာနကင်း သံသရရှင်း
အနစ်နာခံခြင်း ဘ၀ရင်း
ငါတို့ မိဘတွေရဲ့ ချစ်ခြင်း

တာဝန်လစ်ဟင်း မရှိခြင်း
မနက်မိုးလင်း အိမ်ကိုရှင်း
ကျောင်းသွားဖို့ကို ပြင်ဆင်ရင်း
ငါတို့တွေကို ခေါ်ရခြင်း

ထမင်းလုပ်ကျွေး မုန့်ဖိုးပေး
ကျောင်းသားဘ၀က အချိန်လေး
ကျောင်းပြီးတော့လည်း စိတ်မအေး
အလုပ်ရဖို့ စိုးရိမ်သေး

ငါ့တို့မိဘ အားလုံးက
စိုးရိမ်ခြင်းနဲ့ အသက်ရှင်ရ
သားသမီးလုပ်တဲ့ ငါတို့က
မစိုးရိမ်အောင် နေပေးကြ

မိဘကျေးဇူး ဆပ်ခြင်းက
မိဘစကား နားထောင်ကြ
ငွေကြေးဥစ္စာ ဆိုတက
သူတို့အတွက် သာမည

ငါဒီကဗျာကို ရေးတဲ့နေ့
မတ်လ ၂၁ ရက်နေ့
ငါ့အမေရဲ့ မွေးနေ့...
အသက်ရှည်စေ... ကျန်းမာစေ...
လောကမှာရှိတဲ့ အားလုံးသော အမေ...

Thursday, March 19, 2009

အဖြစ်ကမနေ့ကနဲ့မတူဘူး...
အသစ်တွေကိုနေတိုင်းတွေ့နေရတယ်...
အစစ်ကတော့တစ်ယောက်မှမရှိဘူး...
အချစ်ကဘယ်ရောက်သွားလဲ...
အပြစ်ကြီးပဲမမြင်ပါနဲ့...
နှလုံးသားကမခံနိုင်လို့...
အဆုံးကျမှ အမုန်းမပွားချင်ဘူး...
မဆုံးခင်လေး... အမုန်းဝေး...
အချစ်ပေးလို့... ခရီးဆက်မယ်...
ကောင်မလေးရယ်....



"မင်းကိုချစ်တဲ့သူ"

Friday, March 6, 2009

အချိန်တန်ပြီဆို ဒဏ်ရာတွေပို
ကျန်တာတွေကို တွယ်တာနေသလို
အတိတ်ကအချိန်ကို တမ်းတကာငို

အနာကျတ်သလို ဟန်ဆောင်တာကို
မင်းရှိတာကို မှန်းဆနေသလို
တိမ်တိုက်တွေလည်း မည်းမှောင်ကာပြို

ငွေ့ရည်ဖွဲ့လို့ မိုးရွာတာကို
အပြစ်တင်ဖို့ ကြံစည်နေသလို
မိုးရေထဲပဲ တကိုယ်လုံးရွှဲစို

မှန်တာကိုဆို ကျန်တာတွေမလို
အတန်တန်ကို တောင်းတနေသလို
စကားလုံးက အပြစ်ဘက်ပို

မင်းရဲ့အလှ ကဗျာဖွဲ့လို့မဝ
စွဲလန်းတာက ငါ့ရဲ့ဘက်က
အပြစ်ဖွဲ့တာ မင်းနှုတ်ခမ်းက

ကာရံမလှ ကဗျာမကျ
အလင်္ကာမပါ အကြင်နာတွေပါ
မြင်သာနေတာ မင်းကိုချစ်တာ
စောင့်နေမှပါ ပြန်လာခဲ့ပါ.........


P.S... "u MaK3 m3 disappointed"

"မင်းကိုချစ်တဲ့လူ"

Monday, March 2, 2009

တမ်းတအနမ်း အမြဲတမ်း
စွဲစွဲလန်းလန်း မင်းနှုတ်ခမ်း
ကြည့်လို့မ၀ မင်းအလှ
ပြင်းပြင်းပြပြ ငါ့ဘဝ
ရင်ဘတ်ထဲက နှလုံးသား
သွေးမစီးတော့ ခမ်းခြောက်သွား
ကျန်ရစ်ဖြစ်လည်း တစ်ယောက်တည်း
ရင်ကွဲခါမှ ငိုကျွေးလည်း
ဆောင်းအိပ်မက်လို စောင့်နေခဲ့
မင်းအနားမှာ နေခဲ့လည်း
လွမ်းရက်တွေအကြောင်း ညည်းနေဆဲ
လိုချင်တာယူပါ ချစ်လေးရယ်
အယူခံနှလုံးသား လေးကိုပဲ
ဒုတိယလူ အဖြစ်နဲ့
အဆုံးမသတ်သွား အောင်
အပြုံးမပြတ် အပြုံးနဲ့
ငါ့ရဲ့နှလုံးသား လုံးပါးမသွားအောင်
အရှုံးများထဲက ရုန်းထွက်နိုင်ဖို့
လမ်းပြပေးပါ ကောင်မလေးရာ....


"မင်းကိုချစ်တဲ့လူ"