Thursday, January 29, 2009


နှလုံးသားတစ်ထောင့်မှာ နေခွင့်တောင်မရှိတဲ့ငါ
မင်းအပြုံးများကြောင့်သာ အသက်ရှင်နေခဲ့တာ
အရှုံးများကတော့ နှလုံးသားလေးပေါ့....

အစကတော့ ချစ်နေရုံပေါ့
ချစ်နေရင်းနဲ့ လိုချင်လာတော့
အဆုံးမှာတော့ တစ်ယောက်ထဲပေါ့...

"nvr cry, ever smile"
မင်းနဲ့တွေ့မှ ငါက TOY
"nvr fast, ever last
better love u from the start"
At Last i found that
i got one thing which is RE****...



P.S Learn On Virtue Emotion


"မင်းကိုချစ်တဲ့ငါ"

စက္ကန့်နဲ့အမျှ သတိရ
မိနစ်နဲ့အမျှ လွမ်းခဲ့ရ
နာရီနဲ့အမျှ ချစ်ခဲ့ရ
နေ့နဲ့ ညနဲ့ မှားခဲ့ရ

မနက်ဖြန်ကို ရောက်ဖို့က
ဒီနေ့ကိုတော့ ဖြတ်ကျော်ရ
စောင့်ခဲ့ရတဲ့ အချိန်များ
မနက်ဖြန်ရောက်ရင် ကွယ်ပျောက်သွား

ပြန်တွေးကြည့်တော့ ငါ့ဘဝ
ဒီလိုနဲ့ပဲ ကုန်ဆုံးရ
အချစ်စိတ်ကြောင့် ခြေလှမ်းများ
မကြောက်ရွံ့ကာ ရှေ့ဆက်သွား
မင်းကိုမုန်းတယ် ဆိုတဲ့စကား
ပြောမယ့်အချိန်ဆို ဆွဲ့အသွား...



P.S. လေကကြီးက ကြည့်မှန်တစ်ချက်ဆို အရမ်းကောင်းမှာပဲ...

Monday, January 26, 2009


နေကြာပန်းတွေက သူတို့အသက်ရှင်ဖို့
နေကိုခစားနေရတယ်...
ပျားတွေကလည်း ပန်းတွေအတွက်
ဝတ်မှုန်ကူးပေးနေရတယ်...
ဒီလိုပါပဲ ငါကလည်း
မင်းပျော်ဖို့အတွက် ငါ့မာနကို မင်းရှေ့မှာခ၀ါချရတယ်...

လဆိုတာ နေရဲ့အလင်းနဲ့
မဟူရာညကို လင်းစေတယ်...
ဓူဝံကြယ်ကလဲ သစ္စာရှိရှိ
မြောက်အရပ်မှာ ရှိနေတယ်...
ဒီလိုပါပဲ မင်းရဲ့စိတ်က
ဘယ်တော့မှ ငါ့စီမှာအမြဲရှိနိုင်မှာလဲ....





"မင်းကိုချစ်တဲ့သူ"

Sunday, January 25, 2009

HOM3




ဒုက္ခများစွာ အခက်အခဲများစွာ
ထုပ်ပိုးထားတဲ့လွယ်အိတ်နဲ့
ခရီးဆက်နေတဲ့ ငါ့အတွက်
အလွမ်းဆုံးက အိမ်ပါပဲ...

လိုတရ အရင်ကဘဝ
အပူကိုငါ အခုမှသိနေရ
မိသားစုဘ၀ မိဘမေတ္တာ
တန်ဖိုးမထားခဲ့တာ နောင်တရ...

ဆင့်ကာဆင့်ကာ အမြဲပူ
ငါရောက်နေတာ စင်ကပူ
ဒီဒုက္ခတွေ ဘယ်တော့လွတ်မလဲ
အိပ်မက်ကတောင် လက်မခံပဲ...


P.S. နောင်တဆိုတာ နောင်မှရတာတဲ့...



Home - Michael Buble
Another summer day... Has come and gone away
In Paris or Rome... But I wanna go home...Mmmmmmmm
May be surrounded by... A million people I
Still feel all alone... Just wanna go home
Oh I miss you, you know
And I’ve been keeping all the letters that I wrote to you
Each one a line or two... “I’m fine baby, how are you?”
Well I would send them but... I know that it’s just not enough
My words were cold and flat
And you deserve more than that
Another aeroplane... Another sunny place
I’m lucky I know... But I wanna go home
Mmmm, I gotta go home
Let me go home... I’m just too far from where you are
I wanna come home
And I feel just like I’m living someone else’s life
It’s like I just stepped outside
When everything was going right
And I know just why you could not come along with me
That this was not your dream
But you always believed in me
Another winter day has come... And gone away
In even Paris and Rome...And I wanna go home
Let me go home
And I’m surrounded by... A million people I
Still feel alone...Let me go home
Oh, I miss you, you know
Let me go home...I’ve had my run
Baby, I’m done... I gotta go home
Let me go home
It'll all be alright
I’ll be home tonight
I’m coming back home...

***R3ALLY WANNA GO HOME***

Saturday, January 24, 2009


အချစ်နဲ့ရမက် အမုန်းနဲ့အရှုံး
ဆန့်ကျန်ဘက် နှစ်ခုကြားမှာ
ငါ့ဘ၀ လုံးပါးပါးနေပြီ.......

အတွေးနဲ့အရေး အမေးနဲ့အဖြေ
အလေးမပေးခံရ တာတွေ
ငါ့အတွက်ရလဒ်က ရွေရောင်အရှုံးတွေ.....

ဘယ်မှာလဲ ဘာလုပ်နေလဲ
အတွေးတွေထဲ လွင့်နေဆဲ
မင်းအနားမှာ နေချင်လဲ
မင်းစဉ်းစားနေတာ ဘယ်သူ့ကြောင်းလဲ....



P.S. ငါမင်းကိုချစ်တဲ့အချစ်က မင်းအတွက် ရယ်စရာဖြစ်နေလား.....


"မင်းကိုချစ်တဲ့သူ"

Thursday, January 22, 2009


မရေရာတဲ့နေရာမှာ မသေချာတဲ့အရာတွေနဲ့
မျက်မမြင်တစ်ယောက်လို ဘ၀ဆက်နေကြတယ်
ကြမ်းတမ်းတဲ့အရာကို ဖိနပ်မပါ ဗဟုသုတမပါပဲ
ခြေဖ၀ါ့း အနာခံပြီး ဘ၀ဆက်နေကြတယ်
မဖြစ်နိုင်တာကိုသိရပ်နဲ့ ဖြစ်နိုင်သလိုလိုနဲ့
ခေါင်းစားခံပြီး ဘ၀ဆက်နေကြတယ်
လူ့ဘ၀ကဘာလဲ............
လူဖြစ်တာ ဘ၀ကိုလာပေးဆပ်တာလား....
ဒါမှာ့မဟုတ်
ဝဋ်ကြွေးလား.....
ငါမသိတော့ဘူး............




P.S အားလုံးကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ကြပါစေ....

Wednesday, January 21, 2009


ဒဏ်ရာက နှလုံးသားမှာ
အပြင်ပန်းကြည့်ရင် မသိသာ
ခံရသူက ရင်တွေနာ
ကုစရာ ဆေးမရှိ
ကုနိုင်သူက ဘယ်နားမှာ
ဥပက္ခာပြုကာ နေနေတာ....



"မင်းကိုချစ်တဲ့သူ"

ပစ်ပယ်ခံနှလုံးသား ရုန်းမရတဲ့
အရှုံးသမားရဲ့ဘဝ
ချစ်တယ်လို့ပြောခဲပေမယ့် အချစ်မခံရတဲ့
နှလုံးသားရဲ့ဘဝ
အကြင်နာတစ်ခုလိုချင်ပေမဲ့
မမြင်တာမှုတွေနဲ့
နှိပ်စက်ခံရတဲ့
ငါ့ရဲ့ဘ၀.....


P.S ဘယ်တော့မှ ပြန်ချစ်မလဲ...



"မင်းကိုချစ်တဲ့သူ"

စိတ်ကူးနဲ့ရူးရတယ် အိပ်မက်မှာပျော်ရတယ်
လက်တွေ့နဲ့ တခြားစီပဲ
မင်းကိုချစ်တယ် မင်းကလည်းချစ်နေတယ်
ဒါပေမယ့်မနီးစပ်နိုင်ဘူး
ကောင်မလေးရယ်
ငါ့ဘ၀က ရေမရှိတဲကန်မှာနေရတဲ့ ငါ့းတစ်ကောင်လိုပါပဲ......





"မင်းကိုချစ်တဲ့သူ"

Tuesday, January 20, 2009



NoW I'm now PosTinG OnE Of tH3 Song wHiCh i want her 2 liST3n.........



P.S. အချိန်မတန်ပဲ တွေ့တဲ့အချစ်က လူကို ခံစားစေတယ်.....

Monday, January 19, 2009

ဆန္ဒ

ချစ်တယ်.... အရမ်းပဲ...
မုန်းတယ်....ဘယ်တော့မှ....
လွမ်းတယ်....မနေ့ကအချိန်ကို....
သတိရတယ်.... ကော်ဖီသောက်တိုင်း....
မျှော်လင့်နေမယ်....တသတ်လုံး.....
သစ္စာစကား......အရမ်းချစ်တယ်.....ဘယ်တော့မှထားမသွားဘူး.....
အဖြစ်ချင်ဆုံး.....မင်းနားမှာနေပြီး.... လိုရာကိုဖြည့်ဆည်းပေးချင်တယ်.....
အနေချင်ဆုံး.....မင်းဘေးမှာထိုင်ပြီး...... earphone တစ်ယောက်တစ်ဖက် နဲ့နားထောင်တာ....
အပေးချင်ဆုံး.... ငါ့ရဲ့အချစ်.....
အလိုချင်ဆုံး... မင်းရဲ့အချစ်........


P.S. I was born to tell u "I LUV U"



"မင်းကိုချစ်တဲ့သူ"

မူယာလား မာယာလား
လှည့်စားမှုလား မျက်လှည့်လား
နှလုံးသားက ဒဏ်ရာက သွေးမသိပ်နိုင်ဘူး

အချစ်လား အမုန်းလား
သံယောဇဉ်လား ခင်မင်မှုလား
ရူးတော့မယ် မဝေခွဲတတ်တော့ဘူး

ကောင်းလား ဆိုးလား
ဒုက္ခလား သုခလား
သိစိတ်ကတောင် မသိခြင်တော့ပါဘူး

ရရှိခဲ့တဲ့ ကြင်နာမှု
အခြေနေတစ်ခုကြောင့် ပျောက်ကွယ်လု
အိပ်မက်ထဲက ပျော်ရွင်မှု
လက်တွေ့မှာတော့ အရိပ်တစ်ခု
မင်းနဲ့တွေ့မဲ့အချိန်က
..............................


P.S. အချိန်ကိုရပ်လို့ရရင် မင်းနဲ့တွေ့တဲ့အချိန်မှာ ရပ်ထားလိုက်ချင်တယ်.....




"မင်းကိုချစ်တဲ့သူ"

Sunday, January 18, 2009

post!

ကိုယ်ပေးသလောက် ကိုယ် ပြန်မရတာ အချစ်တစ်ခုပဲရှိတယ်






Pink

Saturday, January 17, 2009




ဒီတစ်ခါတော့ သီချင်းတစ်ပုဒ်တင်လိုက်ပါတယ်။ သူငယ်ချင်းတို့နားဆင်ကြည့်။ SAMPLE သီချင်းတစ်ပုဒ်ပါ။ ဘယ်သူ ရေးထားလဲတော့မသိဘူး....





"မင်းကိုချစ်တဲ့သူ"


SEE!!! THE PICTURE IS POINTING U... IT WAN 2 TELL "I LUV U" 4 ME....

ဆုံမှတ်


အကြည့်တစ်ချက်... ရင်ကိုထိသည်...
အပြုံးတစ်ခု... စွဲလမ်းစေသည်...
ဒီလိုနဲ့ပဲ...အချစ်ဆင့်ပွား...
နှလုံးသားက...တောင်းဆိုလာသည်...
အိပ်ပျော်နေတဲ့....အသိဥာဏ်ကြောင့်...
ဒဏ်ရာရသည်...
မဆုံသောလမ်း...မမြင်နိုင်သောကံကြမ္မာ...
မလွန်ဆန်နိုင်သော... သံသရာကြောင့်...
နီးနီးနဲ့ဝေးနေခဲ့ရတယ်....



P.S. ငါ့ကြောင့် ငါ့နှလုံးသား ဓားစာခံ ဖြစ်နေရတယ်...






"မင်းကိုချစ်တဲ့သူ"

Friday, January 16, 2009


ကာရံတွေမဲ့ ရှာကြံရန်ခက်တဲ့ကဗျာ
တွယ်တာရာမဲ့ ကြင်နာသူမရှိတဲ့ငါ
ဒါတွေကိုငဲ့ နင်ပြန်လာခဲ့...

ရင်ခုန်သံမဲ့ ကြင်နာတွေပျောက်တဲ့အခါ...
ငါဘာကောင်လဲ ငါ့ကိုငါမသိတော့တာ..
ဟန်ဆောင်နေလည်း အကြိမ်ကြိမ်ငါရှုံးနိမ့်ဆဲ...

သံစဉ်တွေမဲ့ ဘာကိုမှမကြားတဲ့အခါ...
ကံကြမ္မာကလည်း ငါကိုလာထိုးနက်တာ...
ဒီကမ္ဘာမြေလည်း လူမသိအောင်လည်ပတ်ဆဲ...



P.S. နေညတွေပြောင်းသော်လည်း.... မပြောင်းလဲတာမင်းတစ်ယောက်တည်း...






"မင်းကိုချစ်တဲ့သူ"

Wednesday, January 14, 2009




ကျွန်တော်ဒီနေ့ ရုံးသွားရင်းနဲ့ နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ပါ... ကျွန်တော်အရမ်းကြိုက်လို့တင်လိုက်ပါတယ်...
ကျွန်တော်ကြိုက်တဲ့ကောင်မလေးက ကျွန်တော့်ကိုမကြိုက်ရင်တောင် ဒီသီချင်းလေးကို ကြိုက်စေချင်ပါတယ်... ဒါပေမယ့် လည်း
သူကကျွန်တော်ရဲ့ Blog ကို ၀င်ကြည့်ချင်မှကြည့်မှာပါ... Anyway... ကျွန်တော်က ပေးဆပ်နေရတာနဲ့ ကျေနပ်နေသူဆိုတော့.......


P.S. Whenever, Wherever, Whatever u see the sky... It will tell u how much i luv u...




"မင်းကိုချစ်တဲ့ သူ"

"အထီးကျန်ခြင်း"





မွေးကတည်းက တစ်ယောက်ထဲ...
အခုတော့လည်း အထီးကျန်ဆဲ...
ကိုယ်ပွားလေးက ဘယ်မှာလဲ...
နှစ်ယောက်ဖြစ်ဖို့ ကြိုးစားဆဲ...


P.S. "လောကဓံ ကဘယ်လောက်ရိုက်ခတ်... ကံကြမ္မာ ကဘယ်လောက်ထိုးနှက်...
မင်းအပြုံးပျက်သွားတာလောက်... ငါ့ရင်ဘတ်ကမနာပါဘူး..."




BloODy

Tuesday, January 13, 2009


မထင်မှတ်ပဲ... ဆုံတွေ့ခဲ့တယ်...
gtalk နဲ့ပဲ... ရင်းနှီးခဲ့တယ်...
မမျှော်လင့်ပဲ... တွေ့ခဲ့ကြတယ်...
မှတ်မှတ်ရရ... New Year ည၀ယ်...

မထင်မှတ်ပဲ... ဝေးရတော့မယ်...
မဆုံနိုင်တဲ့... လမ်းများစွာဝယ်...
မယုံကြည်လို့... ဆက်လျှောက်အုန်းမယ်...
လျှောက်ရင်းလျှောက်ရင်း... လမ်းပျောက်လာတယ်...

မင်းစိတ်ညစ်ရင်... ငါက JoK3R...
မင်းငြီးငွေ့ရင်... ငါက RaPP3R...
မင်းပျော်တဲ့ချိန်... ငါက ExTrA...

ကံကြမ္မာရယ်... ဘာဘ၀လဲ...


P.S. "မင်းဖျော်ပေးတဲ့ CoFF33... ငါနောက်တစ်ခွက်လောက်သောက်ပါရစေ..."



BloODy

What Is LoV3???

It is now how i feel...
At first, i'm not a poet... and a blogger...
i felt lonely everytime... i found so many trouble in life...
Why? Is this becuase of LoV3?


60 sec is a minute...
60 minutes is an hour...
24 hours is a day...
Miss you like this way...
7 days is a week...
4 weeks is a month...
12 months is a year...
2 be with u forever...
365 days is a year...
Love u more than forever...
100 yeas is a century...
Will love me in 30th Feburary...


P.S. Life without love is like a hell...
Love without life is like a heaven...


FOR M3 "EvEn H3Av3N is H3LL without u..."



BLoODy

Monday, January 12, 2009

CoM3Dy

ဟာသလေးတစ်ပုဒ်တင်ပြလိုက်ပါတယ်... သူငယ်ချင်းတစ်ယောက်စီကရတဲ့ ဟာသလေးပေါ့....


တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ
မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက
ဂုဏ်ယူပြီးပြောကြတယ်။ "ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက
Networking & Telecommunication ကို နားလည်နေကြပြီ" တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic
ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက " လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက
ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ " ဆိုပြီး
ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ
၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်
သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

" မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ
အသုံးပြုခဲ့ကြကြောင်း " ဆိုပဲ။

မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။


အားလုံးပျော်ရွင်ချမ်းမြေ့ခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ.......




BloODy

Sunday, January 11, 2009

Welcom3.........

Hi! ALL.....

This is my first step in writing blog...

So, if anyone finds any mistake.... remind me pls...

Thanks.............