Wednesday, December 21, 2011

သုည

မနက်ဖြန်ဆိုတဲ့ အတွေးတွေနဲ့
ဘ၀ဆက်နေတဲ့ ပုရွက်ဆိတ်တွေ
စာရွက်တရွက် လှန်ဖို့ရာ
၂၄ နာရီကို အခက်အခဲများစွာနဲ့
ဖြတ်ကျော်ကြတယ်...

မြင်တွေ့နေရတဲ့ အပြုံးတွေကို
အတုနဲ့အစစ်ခွဲဖို့ ငါ့မျက်လုံးညောင်းတယ်
ငါဆိုတဲ့ကောင်က ရေထဲမှာအနည်ပါရင်တောင်
ဆယ်ထုတ်ဖို့ ဆန္ဒမရှိဘူး...

သုညဆိုတဲ့ ကိန်းဂဏန်းကို
ငါ့ကိုငါ ဆင်မြန်း
အခန်းထောင့်လေးမှာ နေခဲ့တာပါ
တန်းဖိုးတတ်ဖို့အတွက် သူများနောက်မနေခဲ့ဘူး...

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ...

အရေးမပါတာတွေကို အရာပေး
ကလေးသာသာ အတွေးတွေနဲ့
ငါ့ကို အိပ်မက်တွေသိပ်မပေးပါနဲ့
ငါအိပ်ရေးပျက်လွန်းလို့ပါ...


"မင်းကိုချစ်တဲ့သူ"

Sunday, December 18, 2011

All About U


i dreamed of u for many times
u r waving ur hand and saying GoodBye
i thought u can always be mine
no matter how hard i will be ur valentine...

fill up my emptiness with ur happiness
my heart is feeling sick of loneliness
i can't live without u is obvious
for u, my love is full of forgiveness

i swear i'm falling on you
and the three words are true
"I treasure U"
there is no meaning for night without moon
u r the reason of my life to continue...

the memory of us will still remain in the rain
the melody of love will play without any pain
for more than century our love will not change
right under my left chest, i will put a tattoo of ur name...

i took u for granted and broke my promise
making a mistake which u can't forgive
let me wipe away ur hate by giving u a kiss
without u, there is no meaning for me to live...



"U VUl OHW 3NO 3HT"

Thursday, December 15, 2011

အဆိပ်ခွက်

အေးစက်စက်အတွေးတွေကို
ဖန်ခွက်ထဲငဲ့လို့ မျှော်လင့်ချက်တွေနဲ့
အလွမ်းခါးခါး ပြင်မရတဲ့အမှားတွေကို
ခက်နာနာလေးဖျော်လို့
ငါ့ရဲ့ မနက်စာ ကော်ဖီအဖြစ်သောက်သုံးနေတယ်...

ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
နူးညံ့တဲ့ အချစ်တွေအတွက်
တန်ပြန်လာခြင်းတွေကတော့
ဒီဇင်ဘာနှင်းတွေလိုပဲ အေးစက်လွန်းတယ်...

သွားတလှည့် ရပ်တလှည့်နဲ့
အနာဂါတ်တွေ ပျက်သုဉ်းခဲ့
မမြဲခြင်းတရားကို ကိုင်ဆောင်တဲ့
ကံကြမ္မာဆိုတဲ့ ငနဲကတော့
မာယာတွေအထပ်ထပ်နဲ့ပေါ့...

လက်ကမ်းမမှီတဲ့ ပျော်ရွင်ခြင်းတွေကို
လက်လှမ်းမယူပဲ ထိုင်ကြည့်နေမိတယ်
မျက်ရည်ခံမှည့် ပါတဲ့လူတိုင်း
ငိုရမလားကွယ့်
ငါ့ကိုယ်က မျက်ရည်လွယ်လွန်းတာပါ...

အမေပေးတဲ့ အသိပညာ
အဖေပေးတဲ့ အတတ်ပညာနဲ့
ကံကြမ္မာကို စစ်ကြေငြာခဲ့တယ်
ဓားစာခံဖြစ်ခဲ့တဲ့ မင်းအတွက်တော့
ငါဟာ အဆိပ်ခွက်ပါပဲ....



"မင်းကိုချစ်တဲ့သူ"

Sunday, December 4, 2011

အချစ်ကိုသိချိန်

ပျော်စရာတွေ တစ်ထုပ်တစ်ပိုးနဲ့
ကိုတို့တွေ ပျော်ရွင်ခဲ့တဲ့အခိုက်
ဘယ်အရာကိုမှ မတွေးခဲ့တဲ့အတွက်
ဝေးရတဲ့အချိန်မှာ ကမ္ဘာပျက်ခဲ့ရသလိုပဲ...

ခံစားချက်တွေနဲ့ အတွေးကတဖက်
ပျော်ရွင်ခြင်းတွေ ပြည့်နှက်နေတဲ့
အေးမျှတဲ့ အတူရှိခဲ့တဲ့ညတွေမှာ
ရင်ခုန်ရလွန်းလို့ အိပ်မရခဲ့ပါဘူး...

အကြင်နာမဲ့လို့ ပျော်စရာတွေကပျက်
ခုံမင်စရာမရှိတဲ့ သူမရှိတဲ့ညတွေမှာ
အိပ်မက်ဆိုးတွေ နှောက်ယှက်လို့
ညရောက်မှာတောင် ကြေက်ကြေက်လာတယ်...

ရှုစားမဲ့အချစ်တွေကိုပဲ ချစ်နေမိသူပါ
အချစ်ဟာ မလှည့်စားတတ်ပါဘူးတဲ့
လှည့်ဖျားတတ်တဲ့ စကားချိုချိုတွေကတော့
ငါ့နှလုံးသားကို  ပြုစားတယ်...

အချစ်ဆိုတာဟာဘာလဲ????
အရိုက်ခံရပါများလို့ ထုံသလိုမျိုးပေါ့
အချစ်ခံရပါများတော့လဲ ယုံကြည်မှုတွေပျက်သုဉ်း
ကို့ရဲ့ လွတ်လပ်ခွင့်ပါ ဆုံးရှုံးတတ်တယ်...

မွန်းကျပ်မှုတွေအောက်က ရုန်းထွက်ခဲ့တဲ့ငါဟာ
အချစ်လွန်သွားတာလား အလွန်ချစ်မိသွားတာလား?
အဲ့ဒီနားမလည်နိုင်ခြင်းကိုပဲ နားလည်လိုက်ပါတယ်
မဖြစ်နိုင်ခြင်းများစွာကို စမ်းစစ်ကြည့်လိုက်မှ
ဖြစ်နိုင်ခြင်းလေးတစ်ခုကို သွားတွေ့မိတယ်
ကျနော်သူ့ကို အရမ်းချစ်မိသွားတယ်ဆိုတာပဲ....



"မင်းကိုချစ်တဲ့သူ"

Saturday, December 3, 2011

ပြန်ရောက်လာပြန်ပြီလား

မနက်ဖြန်နေသာမယ်တဲ့
လကွေးကွေးနဲ့ ညအေးအေးဆီက
ကြေးနန်း တစောင်ရတယ်
ဒါပေမယ့် ငါက မဖြေသာနိုင်သေးဘူး...

ဘ၀ခရီးဆိုတာမျိုးက
ကကြီးခခွေး လှလှရေးတတ်ရုံလောက်
မလွယ်ကူပါဘူး
ဒါပေမယ့် ငါက ၀လုံးကိုဝိုင်းအောင်
မရေးတတ်ခဲ့တဲ့သူပါ...

အပြုံးတွေက အတုအယောင်နဲ့
လောကကြီးမှာ သရုပ်ဆောင်နေတဲ့လူတွေ
ရေးကူးတတ်ယုံနဲ့လောက်တော့
ပင်လယ်ထဲမဆင်းချင်စမ်းနဲ့
သူများတံတွေးခွက်ထဲကလွတ်အောင် အရင်ကူးကြည့်ပါ...

ယုယမှုတွေကင်းတဲ့ အခိုက်အတန့်ဟာ
ငါ့ရဲ့ ပစ္စုပ္ပန်ကာလလိုပဲလား
တခါတလေတော့လဲ ပျော်ရွင်ခြင်းတွေက
နေကြတ်သလို ရောက်ရောက်လာတယ်
ဝေခွဲမရတဲ့ အနာဂတ်ကတော့ မျက်ရေတွေစို့လို့...

အတ္တပြင်းပြင်း ရက်စက်ခြင်းတွေကင်းလို့
ညနေခင်းတွေလို ပူလောင်ခြင်းမရှိ
ညအချိန်တွေလို မူယာမပိုတဲ့
မနက်ခင်းရယ် မင်းဟာအရမ်းအပြစ်ကင်းလွန်းတယ်...

ပြန်ရောက်လာပြန်ပြီလား...
နောင်တဆိုတဲ့ လူကြီးမင်းရယ်
ငါ့ရဲ့ဘ၀ထဲကို ၀င် ထွက်ခွင့်များ
Visa ရထားသလားကွယ်...

"မင်းကိုချစ်တဲ့သူ"