Monday, July 27, 2009

Online ပေါ်ကကောင်မလေး

ထွေထွေထူးထူး မမြင်ခဲ့ဖူးတဲ့
အလှထူးတဲ့ Facebook က
ကောင်မလေး...
ဖုန်းလေးကိုင်လို့ ဓာတ်ပုံရိုက်
သူ့ရဲ့အိုက်တင် တကယ်မိုက်
ကလေးလိုပင် အပြစ်ကင်းစင်
မျက်လုံးထဲက မထွက်ချင်
စောင့်မျှော်နေခဲ့ သူလာမဲ့ရက်
နေနဲ့လတောင် ပြောင်းပြန်ထွက်
စာဖတ်သူတွေ စိတ်တွေညစ်
အတွေးလွန်တဲ့ ငါ့အဖြစ်
ပြောပေးကြပါ တွေ့ရင်ဖြင့်
နာမည်လေးက ............................

P.S အဖူးအပွင့်စုံမှ ပန်းဆိုတာလှတာ.....

"မင်းကိုချစ်တဲ့သူ"

Sunday, July 26, 2009

မိုး

မိုးဖွဲဖွဲနဲ့ စိုရွှဲရွှဲလေး ဒီနေ့ဘာနေ့လဲ
ပြက္ခဒိန်ထဲက နေ့တနေ့
ဝန်းကျင်နဲ့ မိုးရေရဲ့အားပေးမှုက
့အထီးကျန်မှုကို အကဲပိုစေတယ်
အေးစိမ့်စိမ့်ဥတု ရွာမဆဲမိုးရာသီကြောင့်
အတိတ်ကို ပြန်သတိရနေသလို
စီးချက်ညီတဲ့ မိုးခြိန်းသံကလည်း
သူ့ကို ခြောက်ခြားနေမလား
အခုအချိန်မှလည်း ငါ့ရင်ခွင်က
သူ့အတွက် နွေးထွေးနိုင်ပါ့မလား
သူ့စိတ်ထဲမှာကော ငါက
ရှင်သန်နေသူတစ်ယောက်လား
မိုးရယ်.... မင်းစတဲ့ ဇာတ်လမ်း
မင်းပဲအဆုံးသတ်ခဲ့တာလား
မင်းကတော့ လူတွေကို
အေးချမ်းစေတယ်...
ငါ့ကိုတော့ဘာလို့မအေးချမ်းစေတာလဲ
မိုးရွာနေရင် ငါပိုပူလောင်လာသလိုပဲ
အတိတ်က အတိတ်ပေမယ့်
မမေ့အောင် အိပ်မက်ပေးပေးနေတယ်
တမ်းတလို့ လွမ်းရတာ
နာကြင်လို့ မပြန်လာချင်တော့ပါဘူး...
တစ်ခါသေဖူး ပြင်ဖူးနားလည်
ဝင်ခဲ့ဖူးတဲ့ မင်းနှလုံးသားလည်း
ပြန်မ၀င်ချင်တော့ဘူး...
အခွင့်ရမယ်ဆိုရင်
နေခဲ့ဖူးတဲ့ မင်းနှလုံးသားကို
ဘယ်သူ့ကိုမှမပေးပါနဲ့.....
မိုးရယ်... မင်းကိုမမုန်းခင်
ငါ့ကိုအေးချမ်းပေးပါလား....


"မင်းကိုချစ်တဲ့သူ"

Saturday, July 25, 2009

အတိတ်ကအလွမ်း

အလွမ်းတွေဖွဲ့လို့ အနမ်းကိုတမ်းတနေတယ်
အရမ်းကိုချစ်လို့ အမုန်းကိုရွံရှာနေတယ်
နေရာသစ်မှာမို့် သံသယမဖြစ်လွန်းပါနဲ့
ကျန်ရစ်တဲ့သူ့ကို ရန်မဖြစ်ဖို့ရှောင်ရှာရင်း
တကမ္ဘာခြားနေရပါပြီ....
တကယ်ဆို သူနဲ့ကျွန်တော်က
မြတ်နိုးဖော် မြတ်နိုးဖက်
ကြင်နာဖော် ကြင်နာဖက်
အားပေးဖော် အားပေးဖက် တွေပါ...
ဒါတွေက ကံကြမ္မာရဲ့
ပျက်ရယ်ပြုမှု တစ်ခုကြောင့်
လွင့်ပါးရတော့မလား...
ကျွန်တော်အမြဲ ဆုပ်ကိုင်ထားတဲ့လက်လေး
ပျောက်သွားသလို ခံစားနေရတယ်
ဘယ်လိုဖြစ်တာလဲ...
လေး ငါး နှစ်သံယောဇဉ်က
ငါးမိနစ်အတွင်း ပျက်ဆီးသွားတာလား...
အချစ်ကကော ဘာလဲ
ကမ္ဘာ့မျက်လည့်ဆရာလား
သူခေါ်ခဲ့တဲ့ နာမည်လေး
ဒီတသတ် ပြန်ကြားနိုင်ပါ့မလား...

P.S If i can stay wit u in dream, hope ta dream b forevr and let me sleep forevr an' evr.....

"မင်းကိုချစ်တဲ့သူ"

Monday, July 20, 2009

အစိမ်းရောင်

လူတွေကဘာလို့ အစိမ်းရောင်ကမကြိုက်ကြတာလဲ
စိမ်းကားတဲ့ သဘောကိုဆောင်လို့လား...
အစိမ်းရောင်ပတ်ဝန်းကျင်မှာ
ကျင်လည်ရတဲ့ ကျွန်တော့်အဖို့
အစိမ်းရောင်ကို နှစ်သက်လာမိတယ်...
မရှိတဲ့အချိန်ကိုဖဲ့ အားလက်ချိန်ကိုမငဲ့
မျက်တောင်မခတ်ပဲ စဉ်းစားခဲ့ဖူးတယ်...
တကယ်တော့လူတွေက ကို့ကိုကို သနားနေကြတာ...
သူတို့က တခြားသူတို့ရဲ့
စိမ်းကားမှုကို ခံနိုင်ရည်စွမ်းမရှိဘူး
လူတွေက ကို့ကိုကိုချစ်နေကြတာ
ချစ်စကားပြောတယ်ဆိုတာ ကိုစိတ်ချမ်းသာအောင်ပြောကြတာ
အပြောခံရတဲ့လူကတော့ ဓားစာခံဖြစ်သွားတာပေါ့
ဒီလိုပါပဲ ကမ္ဘာကြီးလည်ပတ်နေသရွေ့
ဒါကလဲ ထပ်တူလည်ပတ်နေမှာပဲ....
ဒါပေမယ့် ကျွန်တော်ကတော့
မြင်သာမကြာသေးပေမယ့်...
သူ့ရဲ့ မျက်ဝန်းက အကြည့်စိမ်း
နှုတ်ခမ်းက စကားစိမ်းတွေပေါ်မှာ
သာယာနေမိတာအမှန်ပါပဲ...
ကောင်မလေးရယ်...
နောက်ဆို ငါဟာ အစိမ်းကိုအရမ်းချစ်သွားမိလိမ့်မယ်(အစိမ်းရောင်ကိုပြောတာပါ)...

P.S. ဘယ်သူတွေပါပဲပြောပြော ကျွန်တော်လက်ခံတဲ့ ပေဆပ်ပြီးချစ်တဲ့အချစ်က ရယူပြီးချစ်တဲ့အချစ်ထက်
တန်ဖိုးရှိတယ်... အေးချမ်းတယ်... သာယာတယ်...


"မင်းကိုချစ်တဲ့သူ"

Sunday, July 19, 2009

သံသရ

နေတခြမ်း လတခြမ်း
မလှန်းနိုင်တဲ့ ငါ့ခြေထောက်တွေ
မင်းရှိရာကို အတွေးအိပ်မက်နဲ့
အခေါက်ခေါက်ရောက်ခဲ့တယ်...
နေရာတလျှောက် ဘယ်ကိုရောက်ရောက်
ငါဟာ ငါ့ကိုငါမပိုင်တဲ့လူတစ်ယောက်
နှလုံးသားတစ်ခုလုံး လဲလှယ်ပြီးမှ
အစားထိုးလို့မရတော့ပါဘူး...
အတွေးထဲမှာ သာယာလွန်းတယ်
လက်ဆုတ်လက်ကိုင် သက်သေမပြနိုင်လို့
ပျက်ခဲ့တဲ့ မင်းမျက်နှာ
ကမ္ဘာပျက်တာတောင် မျက်စိထဲကမထွက်ဘူး...
မင်းကိုချစ်တိုင်းတာ ကြယ်တစ်ပွင့်ကြွေမယ်ဆိုရင်
ကောင်းကင်ကြီးကို ငါ့ရဲ့ အထီးကျန်ရာထူး
လွဲပြောင်းပေးလို့ရတယ်...
ရင်ခုန်တိုင်းက အချစ်မဟုတ်သလို
သံယောဇဉ်နှောင်ကြိုးကလည်းအချစ်မဟုတ်ပါဘူး
အချစ်ဆိုတာက လူတွေမွေးကတည်းက
ဘုးရားကပေးလိုက်တဲ့အမွှေ ပါ...
ငါကဒီတစ်ခုတည်းသော အမွှေ ကို
ငါ့ရဲ့ တစ်ယောက်တည်းသောမင်းကို ပေးခဲ့ပြီးပြီ
မိုးကြိုးပစ်ရင်တောင် ရင်မခုန်တတ်တော့ဘူး...
ဒီစာကို မင်းဖတ်နေတဲ့အချိန်မှာ
ငါကို ငါမဟုတ်တဲ့ တစ်နေရာမှာ
အသက်မရှိတော့တဲ့ စက်ရုပ်တစ်ရုပ်လို
ငါ့ဘ၀ကို သံပတ်ပေးရင်း.............

P.S. သံသရ... စာလုံးသုံးလုံးထဲ ဒါပေမယ့် မင်းသံသရဖြစ်တဲ့အချိန်ဟာ ငါကမ္ဘာဆယ်ပတ် ပတ်လို့ရတယ်....

"မင်းကိုချစ်တဲ့သူ"