Monday, December 14, 2009

ငါ့အတွက်မဟုတ်တဲ့ SWEET DECEMBER

ပျော်ရွင်ခြင်းတွေကို အဆိပ်ခပ်
သာယာခြင်းတွေကို ဘောင်ခပ်
မျှော်လင့်ခြင်းတွေကို နံပါတ်တပ်လို့
အမှောင်အရိပ်တစ်ခုအောက် အလင်းကိုစောင့်ခဲ့တယ်...

ကြေကွဲခြင်းတွေကို စောင့်မျှော်
နာကြဉ်းခြင်းတွေကို ပုံဖော်
မတရားခြင်းတွေကို လှမ်းခေါ်လို့
ကျော်ဖြတ်ခဲ့တဲ့နေ့တွေကို လက်ချိုးရေခဲ့တယ်...

နေရာဆိုတာ မရေရာ
အချိန်ဆိုတာ မသေချာ
ဝေဒနာတွေတာ ဝေေ၀ဆာ
နှစ်ထောင်နဲ့ကိုးအကုန် ဒီဇင်ဘာ...

ထင်ယောင်ထင်မှား အတွေးများက
မနေ့ကနဲ့မတူအောင် ထူးခြားဆန်းပြား
ရူးသွားလောက်အောင် ပြုစားတတ်လို့
အရူးများစာရင်းမှာ ဦးဦးဖျားဖျားဖြစ်ခဲ့ပါပြီ...

တွေ့မြင်နေတဲ့ မနက်တိုင်းမှာ
ဒီဇင်ဘာရောက်လည်း ထူးခြားမလာ
ဖြတ်ကျော်နေတဲ့ ငါ့ညတွေမှာ
ဒီဇင်ဘာရောက်လည်း ကြယ်မတွေ့ပါ
သြော် ငါ့အတွက်မဟုတ်တဲ့ SWEET DECEMBER...


P.S. "သတ္တ၀ါတစ်ခု ကံတစ်ခုတဲ့... ဒါနဲ့တင် ယုံလို့ရပါပြီ..."

"မင်းကိုချစ်တဲ့သူ"

4 comments:

  1. ထင်ယောင်ထင်မှား အတွေးများက
    မနေ့ကနဲ့မတူအောင် ထူးခြားဆန်းပြား
    ရူးသွားလောက်အောင် ပြုစားတတ်လို့
    အရူးများစာရင်းမှာ ဦးဦးဖျားဖျားဖြစ်ခဲ့ပါပြီ...

    I copy from U.
    Can't type myn words.

    ReplyDelete
  2. ဘဝဟာ မချိုမြိန်ပါဘူးဗျာ။ ဆက်တိုက်ဖို့ဝန်မလေး
    ပဲလေးနဲ့မျှားတွေအသင့်၊သေနတ်၊ကျည်တွေအပြည့်ရှိနေပါစေ။

    ReplyDelete
  3. အရူးများစာရင်းမှာ နံပါတ်လာတတ်တယ်.. ညီ ...

    သူတို့တွေ တနေ့သိနိုင်ပါစေကွာ...

    ReplyDelete
  4. ဟမ် ....
    အသည်းကွဲ တာ
    သတ္တ၀ါ တစ်ခု ၊ ကံ တစ်ခု တဲ့လားး ... !
    မဆိုင်သလိုပဲ ....
    သူ့ ကဗျာ ဖတ်ပြီးမှ တရား ပေါက်ချင်ချင်
    ဖြစ်သွားတယ် ...

    ReplyDelete