Friday, April 2, 2010

ကမ္ဘာပြိုမဲ့နေ့

မရေရာမှုတွေများစွာ
သေချာခြင်းမရှိတဲ့ဘ၀မှာ
ဖြေစရာ သူရှိခဲ့လို့
ဘ၀မှာ အသက်ရှင်ချင်စိတ်ရှိခဲ့တယ်...

ဝင်္ကပါဆိုတဲ့လောကကြီး
ပြည့်နက်နေတဲ့ ဒေါသမီးတွေ
အပူဒဏ်ကိုမခံနိုင်တဲ့လူတွေအတွက်
အယူခံဝင်ဖို့ရာ လမ်းပျောက်နေခဲ့တယ်...

ပျော်စရာကောင်းတဲ့ကျောင်းတက်တဲ့အချိန်
ဘ၀အမောမသိသေးတဲ့ ငါတို့အတွက်
လျှောက်တဲ့လမ်းတွေက ပျော်စရာ
ဘယ်အရာမှနှိုင်းလို့မရအောင် သာယာခဲ့ဖူးတယ်...

ဆောက်တည်ရာမဲ့တဲ့ သူမရှိတဲ့အချိန်
လွမ်းရက်တွေနဲ့ နေရတဲ့ ငါ့အတွက်
မိုးစက်တွေကိုတွေ့တိုင်း သတိရ
သူနဲ့နေခဲ့တဲ့ဘ၀ကို တမ်းတမိနေတယ်...

ပြန်ဆုံမဲ့အချိန်နဲ့ ဆုံခဲ့တဲ့အချိန်ကို တွေးတောရင်း
ိငေးမောနေခဲ့တဲ့ အတူရိုက်ခဲ့တဲ့ ပုံတွေ
အတူနားထောင်ဖူးတဲ့ နင်ဟာငါရဲ့သီချင်းကို
နားထဲမှာကြားယောင်လို့ အလွတ်တောင်ရနေပါပြီ....

လိုက်ဖက်တယ်ဆိုတဲ့ ငါတို့ရဲ့ဘဝ
ချစ်တဲ့သူနဲ့ ဝေးရမယ်ဆိုရင်
ထွက်မသွားခင် ငါ့ကိုသတ်ခဲ့ပါ
ငါ့အတွက် သူမရှိတဲ့နေ့က ကမ္ဘာပြိုတဲ့နေ့ပါပဲ...


P.S "လူတွေပြောတဲ့ ကမ္ဘာပျက်မဲ့ 2012 ကိုမကြောက်ပါဘူး... မင်းထွက်ခွာမဲ့ ကမ္ဘာပြိုမဲ့နေ့ကိုပဲ ကြောက်နေတယ်..."

့မင်းကိုချစ်တဲ့သူ

1 comment:

  1. ထပ်တူထပ်မျှ ခံစားသွားပါတယ် ...
    ချစ်သူမရှိတော့တဲ့နေ့တွေဟာ ကမ္ဘာပြိုတဲ့ နေ့တွေပါပဲ ...

    ReplyDelete