Thursday, November 25, 2010

လွမ်းဆွတ်ခြင်း

ငိုနေတဲ့ကောင်းကင်
ကျန်နေတဲ့ရင်ခွင်
ဖြတ်သန်းလာတဲ့လေညှင်းရယ်
ဘယ်အချိန်တွေထိ လွမ်းနေရမလဲ...

သဘာဝကပေးတဲ့ မျက်ရည်
လူတွေသတ်မှတ်တဲ့ နေ့တွေ
ဆုံဖို့ Permit ပေးမဲ့ ကံကြမ္မာရယ်
လမသာတော့ ညမှာအကျည်းတန်လှတယ်...

အထီးကျန်ခြင်းတွေကို မနက်မှာသောက်သုံး
ကျင်လည်နေရ ရယ်ပြုံးပြုံးလူတွေရဲ့ကြား
အပြုံးတွေကို သူ့ဆီမှာထားခဲ့လို့ မပြုံးနိုင်
လူမုန်းမှာကိုလဲ ဂရုမစိုက်တာ သူရှိလို့ပါပဲ...

မနီးစပ်နိုင်သေးတဲ့ ငါ့တို့ဘ၀ကို
စိတ်ကူးထဲမှာ ပုံဖော်
အိပ်မက်မှာ တည်ဆောက်လို့
ငါ့နန်းတော်ကို အလည်လာဖို့ ဖိတ်ခေါ်ပါရစေ...

မင်းမရှိတဲ့ ငါ့ရင်မှာလည်း
နေ့နဲ့ည ငရဲကျသလိုပဲ
ပူလောင်ခြင်းတွေက ဦးဆောင်
တွေ့နေတဲ့စုံတွဲတွေကို အပြစ်မြင်နေပြီ...

Simple Plan ရဲ့ Untitled သီချင်းလို့ပါပဲ
"How Could Tis Happened to Me"
I'm So scik of my life when u r not near Me
Because I luv u more than infinity....




"မင်းကိုချစ်တဲ့သူ"