Friday, May 29, 2009

တစ်ချက်လောက်

အဆုံးမရောက် အစကပျောက်
အချစ်မရောက် အမုန်းကစောင့်
အတွေးမပေါက် မင်းလုပ်ရပ်ကြောင့်
ငါဘာမှားလဲ တစ်ချက်လောက်ထောက်...

တစ်ရက်နှစ်ရက် အဆုံးမသတ်
သုံးလေးငါးရက် ခံစားရခက်
အချစ်အတွက် စတေးတတ်ခဲ့
မင်းအမုန်းနဲ့ အသက်ဆက်လျက်

Facebook ကိုတက် မင်းကိုမြင်ခဲ့
ငါ့အာရုံပျက် မင်းအပြုံးတစ်ချက်
တစ်ချက်လောက်ငဲ့ မင်းအမုန်းဖျက်
ရောက်ရှိလာမဲ့ ကံကောင်းခြင်းမနက်
စောင့်မျှော်နေတဲ့ ငါ့ရဲ့အတွက်
နေ့ပေါင်းများစွာ ကြက်ခြေခတ်ခဲ့...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment