တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ကိုလျှောက်
ပင်လယ်ခြားကာ သမုဒ္ဒရာဝိုင်းရံ
ငါထွက်ခဲ့တာ စင်္ကပူမှာ
၈လကြာခဲ့ပြီ...
ညရောက်တော့ ကြယ်တွေကိုငေး
အတွေးတွေဝေးနေပါပြီ
ကောင်းကင်က မှန်တစ်ချပ်ဆိုရင်
မင်းကိုမြင်နေရမှာ...
ကြယ်တွေကလည်း မင်းရှိရာ
အရပ်ကိုလမ်းညွန်နေတယ်
ငါဘယ်လိုလုပ်ရမလဲ
သိရပ်နဲ့မတွေ့ရတဲ့ဘ၀...
လွမ်းရလို့ မောနေပြီ
တမ်းတလို့ ပြန်ချင်နေပါပြီ
မင်းနဲ့သွားခဲ့တဲ့ အတိတ်ကနေရာမှာ
မင်းနဲ့ငါ့ရဲ့ ခြေရာတွေပါပဲ
ဒီခြေရာကို မဖျောက်ပစ်လိုက်ပါနဲ့
အမှတ်တရက ဒါတွေပါပဲ
မင်းတခြားတစ်ယောက်ရှိခဲ့ရင်
ငါနဲ့သွားခဲ့တဲ့နေရာကို မသွားပါနဲ့
ငါ့အတွက်ဘာမှမဟုတ်ပေမယ့်
လူတွေမင်းကိုအမြင်စောင်းကုန်မှာကြောက်လို့
ချစ်တယ်... မင်းကို...
နီးစပ်မယ့်ရက်ကို တွေးနေရင်း...
သစ္စာရှိရှိနဲ့ အသက်ရှင်နေမယ်.....
"မင်းကိုချစ်တဲ့သူ"
နာသိဒယ်နော်.. နင်ဒူ့ကိုလွမ်းနေလဲဆိုတာ :P
ReplyDeletenice poem, bro.... :)
ReplyDelete