Wednesday, September 2, 2009

မင်းအနားမှာ

အခြေအနေတွေ ခြားနားနေ
အချိန်အခါတွေ ပြောင်းလဲလေ
ရင်နာစရာ အဖြစ်အပျက်တွေ
ရရှိခဲ့တဲ့ အချစ်သက်သေ
ပြန်မြင်ယောင်နေ မင်းမျက်ရည်
မိုင်ထောင်ချီက အလွမ်းငွေ့တွေ
ရင်ခုန်စရာ အတွေးတွေဝေ
နှလုံးသားက ဒဏ်ရာတွေ
ချစ် ချစ် ချစ်နဲ့ အော်ခေါ်နေ
သုံးမရတဲ့ မင်းအတ္တ
မညှာတာတဲ့ မင်းမာယာ
မစာနာတဲ့ ဒီကမ္ဘာ
ရင်နာစရာက ငါ့ဖက်မှာ
ချစ်မိခဲ့တာ မင်းတယောက်ပါ
နေချင်တာလည်း မင်းအနားမှာ


P.S. တကယ်လို့ အတိတ်ကိုပြန်သွားလို့ရရင် ဖြုတ်ချခဲ့တဲ့လက်ကို ပြန်တွဲပြီး မင်းအနားမှာပဲ အမြဲနေချင်တယ်...


မင်းအနားမှာနေချင်တဲ့
"မင်းကိုချစ်တဲ့သူ"

1 comment:

  1. PS... ကစာသားကို ကြိုက်တယ်... ကဗျာလေးလဲ ကောင်းတယ်..။း)

    ReplyDelete