Wednesday, November 4, 2009

ရလဒ်

နံရံတစ်ဖက်တစ်ချက်
ကမ္ဘာဟိုဖက်ဒီဖက်
ကောင်းကင်နဲ့မြေပြင်
တိမ်တွေနဲ့ ရေပြင်လို
ငါတို့ဝေးနေခဲ့လဲ
နှလုံးသားတော့ နီးနေဆဲပါ...

အနေတွေဝေး
အကြင်နာတွေအေး
အချစ်တွေဆွေးလို့
ပျော်ရွင်မှုကို ငါမပါပဲ
တယောက်ထဲလျှောက်တော့မလား...

သူရောက်လာတဲ့နောက်
ငါ့ဘ၀အဓိပ္ပာယ် ယုံကြည်မှု
မျှော်လင့်ချက်တွေ မေ့ဖျောက်လို့
သူ့အလိုက်ကို နေနေလဲ
ငါ့နဲ့တွေ့ရင် စိတ်ညစ်နေဆဲ...

အနှစ်နှစ် အလလ ကြိုးစား
ရိုးမသွားအောင် ကြံစည်
ရန်ဆိုသည်မရှိအောင်
နေခဲ့ပေမယ့်လည်း
ရလဒ်ကတော့
ငါမရှိလည်းဖြစ်တယ်တဲ့...


"မင်းကိုချစ်တဲ့သူ"

2 comments:

  1. သြော်
    ဖြစ်တယ်ဆိုလည်းပြီးတာပဲ :P

    ReplyDelete
  2. ကြောင်ကလေးNovember 05, 2009

    သြော်... အဆွေးသမားကြီးကလဲ ဆွေးလို့ကိုမပြီးတော့ဘူး... ^-^

    ReplyDelete