Wednesday, March 3, 2010

ချစ်သူအလွမ်း

ဒဏ်ရာတွေ တစ်ယောက်တစ်ဝက်
ဆုံကန်ထွက်ခဲ့တဲ့ ခြေထောက်နာရင်
ကန်ခံရတဲ့ ရင်ဘတ်ဘယ်လောက်နာမလဲဆိုတာ
ခံစားလို့ရပါတယ်...

ရန်ကုန်မြေကို နင်းခဲ့တဲ့အချိန်မှာ
ငါကိုငါ လူတစ်ယောက်လို
အသက်ဝင်ကာ မနက်ဖြန်ဆိုတာ
မရှိချင်လောက်အောင်
အချိန်ကုန်မှာကို ကြောက်ခဲ့ရတယ်...

ရန်ကုန်ရောက်ဖို့ လက်ချိုးရေခဲ့အချိန်
ပြန်ဆုံနိုင်ဖို့ တွေးရင်းနဲ့
ဆုံခဲ့ကြတဲ့ အချိန်တွေမှာလည်း
အိပ်မက်လိုပဲ မျက်စိတစ်မှိတ်
ပျောက်ကွယ်ခဲ့တယ်...

အတူနေခဲ့ မနေ့ကအချိန်
ခဏတာဝေးနေ ဒီနေ့ဆိုတဲ့အချိန်
ပြန်ဆိုနိုင်မဲ့ မနက်ဖြန်များစွာကို
စောင့်စားလို့ အောင့်မထားနိုင်လောက်အောင်
တွေ့ချင်နေတဲ့ သူ့ရဲ့စိတ်ကို
သိနေခဲ့တဲ့ ငါ့ရင်မှာလည်း
သူနဲ့ ထပ်တူ ခံစားရဆဲ...


"မင်းအနားမှာ"

1 comment:

  1. ပျော်လာတယ်ပေါ့ ချစ်သူနဲ့အတူ :)

    ReplyDelete