Friday, April 2, 2010

"ချစ်"ဖတ်ဖို့ရင်ထဲကကဗျာ

ဒီကဗျာလေးကရေးထားတာကြာပါပြီ... မတ်မှာရေးခဲ့တာ... ချစ်သူကိုအရင်ပေးဖတ်စေချင်လို့ မတင်ဖြစ်တာပါ... အခုတော့ တင်လိုက်ပါပြီ......

ပတ်ဝန်းကျင်တခွင်မှာ
ငါတစ်ယောက်ထဲ အထီးကျန်စွာ
ရွာနေတဲ့ မိုးတွေကမစဲ
ကောင်းကင်ပေါ်က တိမ်တိုက်မှာလဲ
ချစ်ပုံရိပ်တွေ ပြည့်နှက်နေမြဲ

ရေမြေခြားကာ ချစ်မရှိတဲ့
ကို့ နေ့ရက်တွေမှာလဲ
ရွာနေတဲ့ မိုးရေစက်ကို
တစေ့စေ့ ကြည့်လို့ငေး
ကိုတို့နှစ်ယောက်အကြောင်းကိုတွေး
ချစ်အနားမှာနေချင်တဲ့စိတ်က
အရာရာထက်ပိုကဲနေပြီ...

မိုးရေထဲမှာ တွေ့ဆုံခဲ့
မိုးရေထဲမှာ ရင်းနှီးခဲ့
မိုးရေထဲမှာ ပျော်ရွင်ခဲ့
မိုးရေထဲမှာ ရန်ဖြစ်ခဲ့တဲ့
ကို တို့ရဲ့သမိုင်းတွေကို
ပြန်ကြည့်လို့ သတိရမိတိုင်း
လွမ်းဆွတ်မိတာ အချိန်တိုင်းပါပဲ...

ကုန်ခဲ့တဲ့ ပြက္ခဒိန်ငါးအုပ်
ဆုံခဲ့တဲ့ ပျော်မဆုံးအချိန်တွေနဲ့
ယုံကြည်မှုကို တည်ဆောက်လို့
အချစ်တွေက ထာဝရမို့
ပြန်ဆုံမဲ့ မနက်ဖြန်တွေနဲ့
ရက်တွေကို တွေးမိတိုင်း
ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းကို
မပျောက်ပျက်ဖို့ စောင်းထိန်းရင်း
ဒီ ဆယ့်ကိုးမှာ ငါးနှစ်နဲ့ နှစ်ဝက်ပြည့်ခဲ့ပြီ....

P.S. "Each day i luv u more... today more than yesterday... tomorrow will be more than today..."

"မင်းကိုချစ်တဲ့သူ"

10 comments:

  1. ကဗျာလေးအရမ်းကောင်းပါ၏
    အဲဒီသီချင်းလေးကို နေတိုးကားကြည့်ကတည်းက အရမ်းကြိုက်တာပါ
    သီချင်းလေးနားထောင်ခွင့်ရလို့ ကျေးဇူးပါ။
    ချစ်သူနဲ့ သာယာချမ်မြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေတောင်းဆုပြုပါတယ်
    မိုး

    ReplyDelete
  2. ငါးနှစ်မှ သည် နောင် နှစ်ပေါင်းများစွာအထိ
    ချစ်သူနဲ့ အတူ
    သာယာ ပျော်ရွှင်ဖွယ် ကောင်းတဲ့
    ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ...>>

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  3. အမြန်ဆုံး ချစ်သူ အနား ထာဝရ နေ နိုင်ပါစေ...

    ReplyDelete
  4. မမြင်ရတဲ့ မနက်ဖြန်တွေ အများကြီး ရှိနေအုန်းမှာပါ ...း(

    ReplyDelete
  5. မနက်ဖြန်တိုင်းအတွက် အချစ်ပေါ့....

    မောင်မင်း....တော်တော်လဲ ချစ်တတ်ပါပေတယ် :P

    ReplyDelete
  6. ဒီကဗျာလေး အရမ်းကောင်းတယ်.. Candy ခံစားချက်နဲ့လည်းတူညီတယ်..အရမ်းကြိုက်တယ်...အချစ်စစ်ဆိုတာကို ဝေးကွာခြင်းက မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်တယ်... ချစ်သူနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေလို့... ဆုတောင်းပေးပါတယ်.. ^__^

    ReplyDelete
  7.့ဖြူသူ၇July 02, 2010

    ထာဝရပျော်ရွှင်သောဘ၀ကို အမြန်ဆုံးပိုင်ဆိုင်ပါစေ...

    ReplyDelete
  8. ကဗျာလေးတွေ အရမ်းကောင်းတယ် အစ်ကို... သီချင်းတွေလည်း နားထောင်သွားတယ်နော်... နောက်လည်း လာလည်ပါဦးမယ်...

    ReplyDelete
  9. AnonymousMay 04, 2011

    ကောင်းတယ်
    ကြိုက်ပါတယ် တိုက်ဆိုင်လို့လားတော့ မသိဘူး

    ReplyDelete
  10. ခံစားသွားပါတယ်

    ReplyDelete