Sunday, April 18, 2010

နှစ်သစ်မင်္ဂလာ

အလွမ်းတွေပိုက်လို့
ရက်တွေကိုကျော်ဖြတ်
အနမ်းတွေငတ်နေတဲ့
ငါ့ည တွေတိုင်းမှာ
အမှတ်တမဲ့ ကြည့်လိုက်တိုင်း
ကောင်းကင်ကြီး နှင့် လတစ်စင်းက
ရိုင်းလောက်အောင် လှနေပါလား

အစမ်းသပ်ခံနေရတဲ့
လူသားတွေအတွက်
စမ်းသပ်ချက်တွေက
တစ်နေ့တစ်မျိုး မရိုးအောင်ပဲ
ဆန်းပြားထွေလျား မြူမှုန်များလို
ေ၀၀ါးသွားအောင် ဖမ်းစားနိုင်လိုက်တာ

ကောလဟာလဆိုတာ
လောကသဘာဝတဲ့
ဒီလောဘတွေ ဒေါသတွေ
ပြည့်နှက်နေတဲ့ ဒီလောကကြီးဟာ
မလွတ်ကင်းနိုင်သေးတဲ့
ကောလဟာလတွေကြောင့်
တစ်နေ့တစ်ခြား ရုပ်ဆိုးသွားတယ်

တော်ရာမှာနေ ပျော်ရာမှာမနေရတဲ့
လူသားတွေအားလုံး အတွက်
ကိုယ်ချင်းစာတရား ရှေးတန်းထားလို့
မုဒိတာပွား အငြင်းမများပဲ
ဒီဇင်ဘာလို ၀တ်ရုံကို ချွတ်လို့
လန်းဆန်းတဲ့ ဇန်န၀ါရီ မနက်လို
အမြဲ တက်ကြွနိုင်ပါစေလို့ ဆုတောင်းရင်း...
ပျော်ရွင်တဲ့ နှစ်သစ် ကိုပိုင်ဆိုင်နိုင်ကြပါစေ...


P.S. "WE R NOT UNBOUNDED BUT LIMITED" By TaYar MinWai

"မင်းကိုချစ်တဲ့သူ"

2 comments:

  1. မင်္ဂလာနှစ်သစ်ပါ ကိုဂျေး

    ReplyDelete
  2. နှစ်သစ်မှာ ပျော်ရွှင်ခြင်းများ ရောက်ရှိပါစေ ..း)

    ReplyDelete