Saturday, July 3, 2010

Survival World...

တသက်စာ အချစ်တွေနဲ့
တရက်တခါ လွမ်းကာနေ
မနက်ဖြန်ခါ လမ်းတွေမှာ
မရေရာမှုတွေ ဆည်းကြိုကာ...

ဆောက်တည်စရာ မဲ့တဲ့အခါ
မင်းရဲ့လက်ကို တမ်းတကာ
မှန်းစလို့ လျှောက်လှမ်းမှာ
ဟိုးအဝေးတနေရာ တစ်ဘက်ခြမ်းကမ္ဘာ...

ပျော်ရွင်စရာ မဲ့တဲ့အခါ
ဘ၀ဆိုတာ အကြဉ်းတန်လာ
ပူလောင်ခြင်းတွေ ၀န်းရံကာ
ပလောင်ဆူလာ ငါ့ခန္ဓာ...

နွေးထွေးစရာ မဲ့တဲ့အခါ
ဘ၀ဆိုတာ အထီးကျန်လာ
မှောင်မိုက်နေတဲ့ ၀န်းကျင်ဟာ
ငါနေထိုင်ဖို့ ဖြစ်တည်လာ...

ကြမ္မာဆိုတဲ့ ကံတရားဟာ
ဝဋ်ဒုက္ခနဲ့ ပေါင်းတဲ့အခါ
ပျောက်ရှသွားတာ ကောင်းတဲ့အရာ
ရောက်ချလာတာ အဆိုးတွေပါ
မိုးတိမ်တွေမှာ မှိုင်းလို့လာ
စီးကျလာ မျက်ရည်စက်မှာ
ရောနေပြီ မိုးထဲမှာ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment