Sunday, August 29, 2010

အနှိုင်းမဲ့

ကျနော့်နှလုံးသားက
သူနဲ့ဆိုရင် မငြိမ်သက်တဲ့လှိုင်းတွေလိုပဲ
သူနဲ့မဟုတ်တဲ့ တခြားသူနဲ့ဆိုရင်
ထာဝစဉ် တည်ငြိမ်တဲ့ရေကန်လေးလိုပဲ...

ကျနော့်အမြင်အာရုံက
သူနဲ့ဆိုရင် ကဗျာမမှီတဲ့ ရာဇ၀င်တွင်မဲ့ သာယာခြင်းတွေပဲ
သူမဟုတ်တဲ့ တခြားသူနဲ့ဆိုရင်
လေဟာပြင်မှာ မုန်တိုင်းတွေဝင်နေသလိုပဲ...

ကျနော့်အကြားအာရုံက
သူနဲ့ဆိုရင် လေတိုက်သံနဲ့ မိုးစက်ရဲ့အသံတွေတောင် သံစဉ်ဖြစ်သလိုပဲ
သူမဟုတ်တဲ့ တခြားသူနဲ့ဆိုရင်
သာယာတဲ့သံစဉ်တောင် Key မ၀င်သလိုပဲ...

ကျနော့်ခန္ဓာက
သူနဲ့ဆိုရင် အာကာသပြင်မှာ နှစ်ယောက်ထဲနေလို့ရသလိုပဲ
သူမဟုတ်တဲ့ တခြားသူနဲ့ဆိုရင်
သာယာတဲ့ကမ်းရေပြင်တောင် သဲသောင်ပြင်လို့ပဲ လိုတမရနိုင်သလိုပဲ...

ကျနော့်အချစ်က
သူနဲ့ဆိုရင် ဘယ်တော့မှ မကုန်ခန်းပဲ ပြည့်လျှံနေသလိုပဲ
သူမဟုတ်တဲ့ တခြားသူနဲ့ဆိုရင်
နှလုံးသားက Virus မိသလိုပဲ အချစ်တွေ Delete လုပ်ပစ်ရတယ်...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment