နေရဲ့အလင်းရောင်က
လေဟုန်စီးနေတဲ့ တိမ်တိုက်တွေကို
ဖြတ်သန်းလို့ ငါ့ရဲ့ အတွေးကို ဖျက်ဆီးတယ်...
နေကိုကွယ်သွားတဲ့ မိုးတိမ်တွေကတော့
အလင်းရောင်တွေကို ပိုင်စိုး
သဘာဝတန်ခိုးတွေနဲ့ ငါ့အတွေးတွေကို
ပိုဆွေးစေတယ်...
တခါတခါတော့လည်း နေကိုကြည့်လို့ငေး
လကိုကြည့်လို့ဆွေး ဘာတွေတွေးနေမှန်း မသိ
အတွေးတွေကတော့ နယ်ကျွံနယ်ခဲ့တယ်...
မနက်ဖြန်ဆိုတာ ဒီနေ့မဟုတ်
မနေ့ကမဟုတ်တဲ့ နေ့တစ်နေ့ပဲလား
ဘယ်ရယ်မတွေးချင်ပဲ မမြင်မကန်းဘ၀ကို
လျှောက်လှမ်းချင်တယ်...
အရှုံးထွက်နေတဲ့ဘ၀အတွက်
ငါဖုံးဝှက်စရာမရှိဘူး
ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ဘ၀မှာ
ဖြစ်ချင်တာဖြစ်ပစေ ငါပျော်ပျော်ကြီးနေသွားမယ်...
အနာဂတ်ဆိုတာ သင်္ချာတစ်ပုဒ်ထက်ပိုခက်တယ်
သေချာတွက်ချက်လို့မရ အဖြေရှာကြည့်တော့လည်း
လက်ဝဲမှာ သုညပဲရှိတယ်...
အလွမ်းတွေနဲ့ မနက်ခင်းအတွေး
ခံစားချက်တွေကို စာစီရေး
သံစဉ်တွေနဲ့ အလွမ်းရဲ့တေး
မျှော်လင့်ချက်တွေက အဖော်မရှိသေး...
ကံဆိုးလို့ လမလာတဲ့နေ့တွေမှာ
ဆုတ်ကိုင်စရာ ချစ်သူရဲ့လက်မပါ
ပျက်ရယ်ပြုတတ်တဲ့ ဒီလောကကြီးဟာ
ငါ့အတွက်တော့ မုန်းစရာကြီးပါပဲ...
ကာရံတွေမဲ့လို့ ရှာကြံရန်ခက်တဲ့ကဗျာ
ယောင်ချာချာနဲ့ ငါရောက်နေတဲ့ ၀င်္ကပါ
ငါတို့တွေရဲ့ ဆယ့်ကိုးရက်နေ့ဟာ
ကမ္ဘာမြေကြီး တည်နေသရွေ့ တည်ရှိနေမှာ...
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment