Saturday, December 18, 2010

အချစ် (သို့) ဘ၀ ဆိုတာဘာလဲ???

အချစ်ဆိုတာဘဘာလဲ... တညလုံး စဉ်းစားရင် မနက်မိုးလင်းသွားတယ်...
ဘ၀ဆိုတာကရောဘာလဲ... လူမှန်းသိတတ်တဲ့အရယ်က ဒီအချိန်အထိပါပဲ...
အချစ်ကို တချို့က ပေးဆပ်ခြင်း... ရယူခြင်း... တချို့တချို့က ပူလောင်တဲ့ မီးတဲ့...
မီးဆိုတဲ့အရာက ကိုင်တွယ်တတ်ရင် အရမ်းကို တန်ဖိုးရှိတဲ့အရာပါပဲ... ဗရမ်းဗတာနိုင်တဲ့လူတွေအတွက်တော့ တကယ့်ကို ဒုက္ခပေးတဲ့ အရာပေါ့...
အဲ့ဒါကို သိရက်နဲ့ ဘာလို့ ဝေးဝေးမနေနိုင်ကြတာလဲ???
မရှိမကောင်း ရှိမကောင်း... မသိမကောင်း သိမကောင်း... တခါတလေတော့လည်း ငါ့ကိုငါ သုံးသပ်မိတယ်... ငါရူးများရူးနေလား...
တာရာမင်းဝေကပြောတယ်... "လူဆိုတာ ပုထုဇဉ်ရထားလက်မှတ်ရတားတဲ့ အရူးတွေပဲတဲ့..."
ရည်မှန်းချက်တစ်ခုနဲ့ ဘ၀ကို အသက်ရှင်တယ်... ဒီရည်မှန်းချက်ပြည့်ဖြစ်ခဲ့ရင် နောက်ရည်မှန်းချက်တစ်ခုရောက်ရောက်လာတယ်...
အဲ့ဒါတွေကို ဖြည့်ဆည်းရင်း လူ့သက်တန်းရဲ့ အားအင်ကုန်တဲ့အထိ ကြိုးစားကြတယ်...
အချစ်ဆိုတာက လူတွေနဲ့ သူတို့ရဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်ကြား ပျော်တော်ဆက်ပေးတဲ့ အရာတစ်ခုလား...

ပန်းပင်လေးတစ်ပင်စိုက်ရင် တနေ့မှာ ပန်းပွင့်တွေကို မြင်ရမယ်... ဘာပန်းပဲဖြစ်ဖြစ် ကိုစိုက်လို့ ပန်းပွင့်လာရင် ပီတိဖြစ်တဲ့ ပျော်ရွင်တယ်...
ပန်းဆိုတဲ့အရာက နူးညံ့တယ် အချိန်တန်မှ ခူးလို့ရတယ်... အချိန်လွန်လို့ မြေပေါ် ခခဲ့ရင်လည်း ပန်းကလေးရဲ့ ဘ၀က သနားစရာလေးပဲ...
အချစ်ဆိုတာကို ပန်းလို့ ရိုးရှင်းစွာ သတ်မှတ်ကြည့်မယ်.... လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့ကို ချစ်တတ်လာအောင် ပျိုးထောင်ပေးရတယ်...
ချစ်တတ်လာတဲ့ အချိန်ရောက်ရင် ပျိုးထောင်ခဲ့တဲ့ လူအတွက်တော့ ပျော်စရာ ကြီးပေါ့... နှလုံးသား ပန်းဥယာဉ်မှ အကြင်နာပန်း နှလုံးသားပန်းတွေဝေးစာလို့....
တခါတလေတော့လေး ပျိုးထောင်ပေးလိုက်တဲ့ လူအတွက် ပန်းကလေး ကြည့်ရင် မခူးရက်ခဲ့ဘူး... ပန်းက အရမ်းကို လှနေလို့ပါပဲ...

အချစ်တစ်ခုနဲ့ မလုံလောက်ဘူး... အချစ်ရဲ့ မယားညီအစ်ကိုခေါ်မလား... မဟုတ်ဘူး အချစ်ရဲ့ ဖွားဖက်တော်ဆိုရင် ပိုမှန်လိမ့်မယ်... အဲ့ဒီအရာက အမုန်းပါပဲ...
အချစ်ဆိုတဲ့အရာက ပေါက်ဖွားတယ် ကြီးထွားလာတယ်... သိပ်ဝမ်းမသာနဲ့ အမုန်းဆိုတာကလဲ အချစ်နဲ့ တန်းတူ ကြီးထွားလာတာပဲ...
အချစ်မှာ အတ္တနဲ့ ရမ္မက်ရှိတယ်... အမုန်းမှာတော့ ရေတွက်လို့မရတဲ့ ဂုဏ်သတ္တိတွေရှိတယ်... သစ္စာဆိုတဲ့အရာကတော့ အခုခေတ်လူတွေအတွက် ဒိုင်ယာရီထဲမှာတောင်မပါတော့ဘူး...
လူမပြောနဲ့ အရမ်းသခင်ကို သိတတ်တဲ့ ခွေး သတ္တ၀ါမှာတောင် မြေလှန်ရှာမှ တွေ့လိမ့်မယ်...
ဒါဆို အချစ်ဆိုတာ နှစ်ပိုင်းဖြစ်သွားလိမ့်မယ် ခေတ်မဆန်တဲ့ အချစ်နဲ့ ခေတ်လွန်အချစ်...
ခေတ်မဆန်တဲ့ အချစ်က ချစ်စရာကောင်းတယ်... ဘယ်တော့မှလဲ မရိုးဘူး... သူတို့လက်ကိုင်ထားတာက သစ္စာတရား အကြင်နာတရား ခွင့်လွှတ်ခြင်းဆိုတဲ့တရားတွေပါ့...
ခေတ်လွန်တဲ့ အချစ်ကရော အချိန်အတိုင်းတာတခုတဲ့ ချစ်စရာကောင်းပါတယ်... ရိုးတတ်လားဆိုရင်တော့ စာဖတ်လူတွေပိုသိမှာပေါ့.... သူတို့လက်ကိုင်ထားတာကတော့ အတ္တတွေ
မာန်မာနတွေ ဂုဏ်သိက္ခာတွေ ခွင့်လွှတ်ခြင်းမဟုတ်တဲ့ လျစ်လျူရှုခြင်းတွေပါပဲ...

မနက်မှာနေထွက်လို့ ညမှာနေ၀င်တာ ဓမ္မတာ... နေကြတ်တယ် လကြတ်တယ် ဆိုတာ တိုင်ဆိုင်မှုတစ်ခု... ဒါပေမယ့် ကမ္ဘာက လည်ပတ်နေဆဲ့ပါ...
ဘ၀ဆိုတာကို ပန်ချီကားတစ်ချပ်လို့ဆိုလိုက်ရင် လူတွေက ပန်းချီးဆရာတွေပေါ့... ပန်းချီဆရာဆိုတာ ပန်းချီရေးခြင်းအလုပ်ကိုဝါသနာအရရော... စီးပွားဖြစ်ပါလုပ်တယ်...
ရိုးရှင်းဆုံးပြောရရင်တော့ ပန်းချီရေးတယ်... ဘယ်ပန်းချီဆရာမဆို သူတို့ရဲ့ ပုံကို လှအောင်ရေးဆွဲရတာပဲ... ရုန်းကန်နေရတဲ့ ဘ၀သမားတွေနဲ့ အတူတူပါပဲ...
တတ်ထားတဲ့ အတတ်ပညာနဲ့ ရေးဆွဲကြတယ်...
ဘ၀ဆိုတာကို ပြောရရင် မပြောချင်ပါဘူး... ကြမ်းတမ်းတဲ့ ရန်ကုန်က ကတ္တရာလမ်းတောင် ဆရာခေါ်လို့ရတယ်... ဘ၀အကြောင်းသိပ်မပြောတော့ဘူး...
ကျနော့်နဲ့ ထပ်တူ စာဖတ်သူတွေလဲ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်နေကြသူတွေပဲ...

လူတွေကို မျက်နှာဖုံးတွေနဲ့ လို့ပြောရင်ယုံမလား... ကျနော်က တော့ လက်ခံပါတယ်... ယုံတယ်ဆိုတာ ယုံတာပဲ... လက်ခံတယ်ဆိုတာက ဒေါင့်ဆုံတွေးပြီးမှ ယုံတာ...
အမှန်ပြောရရင် ကျနော်လည်း မျက်နှာဖုံးနဲ့ပဲ... လူမပြောနဲ့ လောကကြီးကတောင် မျက်နှာဖုံးနဲ့...
မင်းခိုက်စိုးစံကပြောတယ် မျက်နှာဖုံးမရှိရင် လူတွေက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေလို့မရဘူးတဲ့ (အရှက်နဲ့ လူလုပ်နေတဲ့ လူအမျိုးအစား)
လူတွေရဲ့ အပြင်အဆင်တွေထက် မျက်နှာဖုံးက အရှက်ကို ပိုကာကွယ်နိုင်တယ်... မကောင်းမှုလုပ်ရင်တောင် မျက်နှာကြည့်မှ မှတ်မိတာမလား....
မျက်နှာဖုံးတတ်ထားရင် အရှက်ရှိစရာမလိုတော့ဘူးတဲ့.... ဒါဆိုရင် လူဆိုတာ မျက်နှာဖုံးနဲ့လို့ပြောရင် လက်ခံလို့ရလောက်ပြီ...

နောက်ဆုံးတစ်ခုကတော့ ဆင်းရဲခြင်း ချမ်းသားခြင်းတဲ့... ဆင်းရဲတယ် ချမ်းသားတယ်ဆိုတာက အတိတ်ဘ၀က ပေးလိုက်တဲ့ ဘွဲ့ပါပဲ...
ဆင်းရဲတဲ့လူတွေနဲ့ ချမ်းသားတဲ့လူတွေမှာ ပတ်ဝန်းကျင်အမြင်တွေကွဲတတ်ကြတယ်... ပတ်ဝန်းကျင်ဆိုတာကလဲ လူတွေရဲ့ ဆရာတွေပါပဲ...
ဆင်းရဲတဲ့လူတွေက ဆိုးရင် ပတ်ဝန်းကျင်က အဲ့ဒီကေင် ရိုင်းတယ် မကောင်းဘူးလို့သတ်မှတ်တယ်....
ချမ်းသာတဲ့လူတွေ ဆိုးရင်တော့ ပျော်တတ်တာတဲ့... ကယ် ဘယ်လောက်တရားကျလဲ...
ဆင်းရဲ့တဲ့လူ ချမ်းသာလာရင်တော့ တမျိုး စကားထွက်ပြန်ရော ဒီကောင်ဘယ်က အကူအညီရပြီး ကြီးပွားသွားတာလဲတဲ့....
ချမ်းသာတဲ့လူတွေ ဆင်းရဲသွားရင်တော့ ဒီလူသနားပါတယ် လူလိမ်ခံရတာတဲ့....
ဗုဒ္ဓတရားတော်မှာ ကိုယ်လုပ်မှ ကိုယ်ဖြစ်တာတဲ့... ဆင်းရဲတဲ့လူ ချမ်းသာတဲ့လူ ဆိုပြီး အမျိုးအစားခွဲစရာမလိုပါဘူး...
အဓိက ကျတာက လူတွေကို အကောင်းမြင်လို့ ကို့လမ်းကိုလျှောက်တာဖို့ပါပဲ...

အချစ်ဆိုတာက ပေးဆပ်ခြင်း မဟုတ်ဘူး... ရယူခြင်းမဟုတ်ဘူး... တဦးပေါ်တဦး နားလည်ခြင်း...
ဘ၀ဆိုတာက ပန်းခင်းထားခြင်းမဟုတ်တဲ့လမ်းတွေပါ.... ဆိုတာ ကောင်းတာ ဒွံတွဲနေစမြဲ...
ဘာပဲဖြစ်ဖြစ်ကမ္ဘာက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်ဆဲပါ...
ဆိုလိုချင်တာကတော့ ဒီခရီးအတူတူသွားနေတဲ့ ခရီးသွား ဧည့်သည်အချင်းချင်း စာနာတတ်ဖို့ပါပဲ
ခရီးတူပေမယ့် ပန်းတိုင်မတူကြဘူးနော်... အချစ်မရှိတဲ့ကမ္ဘာ... အစစ်မရှိတဲ့ကမ္ဘာ... ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်
ဘယ်အရာမှ မမြဲပါဘူး...

ရေးချင်ပါသေးတယ်... အရေးအသားမကောင်းတော့ စာဖတ်သူတွေ စိတ်ညစ်နေမယ်...


အမြင်ပေါင်း သောင်းခြောက်ထောင်နဲ့
"မင်းကိုချစ်တဲ့သူ"

2 comments:

  1. ရေးထားတာစုံလို့  ဆက်ရေးပါ။စာဖတ်ပြီး စိတ်မညစ်ဖူး။
    အနှိုင်းမဲ့မီးဆိုတဲ့ အချစ်မီးကို လူတစ်ယောက်ပူလောင်အောင်မပေးပဲ နွေးထွေးအောင်ပဲပေးသင့်ပါတယ်လေနော်။ ခောတ်မဆန်တဲ့အချစ် တွေးပြီးရေးထားတာအတော်ကောင်းပါတယ်။ စာဖတ်ပြီး မန့် ချင်တာများသွားမှာစိုးလို့  ဒီတင်ရပ်တာပဲကောင်းပါတယ်။


    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  2. ဟုတ်ကဲ့... လာရောက်ဖတ်ရှုပေးတာကိုလဲ အထူးကျေးဇူးတင်မိပါတယ်...


    ကြိုးစားနေဆဲ
    မင်းကိုချစ်တဲ့သူ

    ReplyDelete