Tuesday, March 15, 2011

ကမ္ဘာနဲ့ငါ

ပြန့်ကျဲနေတဲ့ မြေပြင်တွေကြား
ပြုတ်ကျသွားတဲ့ အိပ်မက်တွေ
တစ်စစီ ပြန်ကောက်လို့
မလင်းမမှောင်ထဲ ငါတယောက်ထဲ...

တိမ်ပါးသွားတဲ့ မာနတွေကို
မြေချဖို့ ငါ့မှာပြင်ဆင်
ပျော်ဝင်နေတဲ့ အတ္တစိတ်တွေကြောင့်
ငါ့အတိတ်တွေ သပိတ်မှောက်ခဲ့...

စောင်းနေတဲ့ ကမ္ဘာမှာ
ရှင်သန်တဲ့လူတွေ
အစောင်းမြင်တာက
ထူခြားမှု မရှိပါဘူး...

လည်နေတဲ့ ကမ္ဘာမှာ
ရှင်သန်တဲ့လူတွေ
အချင်းချင်း လိမ်လည်တာလည်း
အဆန်း မဟုတ်ပါဘူး...

နှစ်ဆယ်လေးနာရီ ပြည့်ဖို့
သွားနေရတဲ့ ခရီးက
ပင်ပန်းလှတယ်
ကိုယ်နဲ့စိတ် နှစ်ခုခွဲနိုင်ရင်
ငါ့စိတ်က မင်းအနားမှာပါပဲ...

ကြယ်ကြွေတိုင်းတာ
ဆုတောင်းပြည့်ခဲ့ရင်
မင်းမရှိတဲ့နေရာမှာ
ငါ့ခြေရာရှိမှာမဟုတ်တော့ဘူး...

မရှင်းမလင်း မနက်တွေနဲ့
ဆက်နေခဲ့ မှောင်မိုက်တဲ့ညတွေမှာ
အမှန်တရားကို အမှားတစ်ရာလုပ်ခဲ့မိလို့
ငါ့အပြစ်နဲ့ငါ ရှုပ်နေခဲ့တယ်
ငါတို့ကို အုပ်စိုးထားတဲ့ ကောင်းကင်ကြီးတောင်
ဘောင်းဘီမှမ၀တ်ပဲ
ရှက်စရာဆိုတာ ဘာပြဿနာရှိတော့မလဲ...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment