Sunday, February 1, 2009

အဖန်ဖန်ကြံကာလဲ အတန်တန်လှန်ရှာခဲ့
အပြန်အလှန်ကြင်နာလဲ အမှန်အကန်ရှုံးနိမ်းဆဲ

အပြုံးမပျက် အမုန်းမဲ့တဲ့
မင်းပုံရိပ်တွေကြောင့်
အဆုံးမသတ် မျော်လင့်ခဲ့တဲ့
ငါနှလုံးသားလေး ဓာတ်လိုက်ခံခဲ့ရတယ်

အချိန်မမှန် အခါမသင့်
ဆိုက်ရောက်လာတဲ့ မော်တော်ကားလို
အချိန်မတန်ပဲ ရောက်သွားလို့
အချစ်မပွား အမုန်းရခဲ့တယ်

ကောင်မလေးရယ်
မင်းမမှားပါဘူး
ငါ့နှလုံးသားကို အလိုလိုက်ခဲ့တဲ့
ငါသာ မှားတာပါ.......



P.S ဘာပဲလုပ်လုပ် ဦးနှောက်ဆို တာကို မမေ့ပါနဲ့...



မင်းကိုချစ်တဲ့သူ

No comments:

Post a Comment