Thursday, February 5, 2009


Taa Chet Lout - my Goth
မျှော်လင့်နေတဲ့ တိမ်တိုက်တွေ
မိုးသားတွေကြောင့် ပျက်စီးနေ
တည်ဆောက်နေတဲ့ အိပ်မက်တွေ
နှိုးဆက်သံကြောင့် ပျက်စီးနေ
မတောင်းတတဲ့ ဒုက္ခတွေ
ဖိတ်မခေါ်ပဲ ရောက်ရောက်နေ

ဆိုးရွားလှတဲ့ ကံကြမ္မာ
မျက်စိလည်ပြီး ရောက်ရောက်လာ
လွမ်းအောင်လုပ်တဲ့ မင်းပုံရိပ်
တွေ့တွေ့နေတော့ မျက်စိမှိတ်
ချစ်အောင်လုပ်တဲ့ မင်းရဲ့အပြုံး
တွေ့တွေ့နေတော့ အမြဲရှုံး

တန်ဖိုးမဲ့တဲ့ နှလုံးသား
မင်းရဲ့အချစ်ကြောင့် အသက်ဝင်သွား
ပျော်ရွင်ခဲ့တဲ့ အချိန်များ
ပုံရိပ်တွေပဲ ဖြစ်နေလား
ပေးဆပ်ခဲ့တာ အမှာလား
စာဖတ်သူများကို စောင့်စား
ဖတ်ဖြစ်ခဲ့ရင် comment ထား...






"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment