Monday, March 2, 2009

တမ်းတအနမ်း အမြဲတမ်း
စွဲစွဲလန်းလန်း မင်းနှုတ်ခမ်း
ကြည့်လို့မ၀ မင်းအလှ
ပြင်းပြင်းပြပြ ငါ့ဘဝ
ရင်ဘတ်ထဲက နှလုံးသား
သွေးမစီးတော့ ခမ်းခြောက်သွား
ကျန်ရစ်ဖြစ်လည်း တစ်ယောက်တည်း
ရင်ကွဲခါမှ ငိုကျွေးလည်း
ဆောင်းအိပ်မက်လို စောင့်နေခဲ့
မင်းအနားမှာ နေခဲ့လည်း
လွမ်းရက်တွေအကြောင်း ညည်းနေဆဲ
လိုချင်တာယူပါ ချစ်လေးရယ်
အယူခံနှလုံးသား လေးကိုပဲ
ဒုတိယလူ အဖြစ်နဲ့
အဆုံးမသတ်သွား အောင်
အပြုံးမပြတ် အပြုံးနဲ့
ငါ့ရဲ့နှလုံးသား လုံးပါးမသွားအောင်
အရှုံးများထဲက ရုန်းထွက်နိုင်ဖို့
လမ်းပြပေးပါ ကောင်မလေးရာ....


"မင်းကိုချစ်တဲ့လူ"

No comments:

Post a Comment