Saturday, March 21, 2009

媽, 祝您生日快樂...

ဖြူစင်ခြင်း သန့်ရှင်းခြင်း
မာန်မာနကင်း သံသရရှင်း
အနစ်နာခံခြင်း ဘ၀ရင်း
ငါတို့ မိဘတွေရဲ့ ချစ်ခြင်း

တာဝန်လစ်ဟင်း မရှိခြင်း
မနက်မိုးလင်း အိမ်ကိုရှင်း
ကျောင်းသွားဖို့ကို ပြင်ဆင်ရင်း
ငါတို့တွေကို ခေါ်ရခြင်း

ထမင်းလုပ်ကျွေး မုန့်ဖိုးပေး
ကျောင်းသားဘ၀က အချိန်လေး
ကျောင်းပြီးတော့လည်း စိတ်မအေး
အလုပ်ရဖို့ စိုးရိမ်သေး

ငါ့တို့မိဘ အားလုံးက
စိုးရိမ်ခြင်းနဲ့ အသက်ရှင်ရ
သားသမီးလုပ်တဲ့ ငါတို့က
မစိုးရိမ်အောင် နေပေးကြ

မိဘကျေးဇူး ဆပ်ခြင်းက
မိဘစကား နားထောင်ကြ
ငွေကြေးဥစ္စာ ဆိုတက
သူတို့အတွက် သာမည

ငါဒီကဗျာကို ရေးတဲ့နေ့
မတ်လ ၂၁ ရက်နေ့
ငါ့အမေရဲ့ မွေးနေ့...
အသက်ရှည်စေ... ကျန်းမာစေ...
လောကမှာရှိတဲ့ အားလုံးသော အမေ...

No comments:

Post a Comment