Friday, March 6, 2009

အချိန်တန်ပြီဆို ဒဏ်ရာတွေပို
ကျန်တာတွေကို တွယ်တာနေသလို
အတိတ်ကအချိန်ကို တမ်းတကာငို

အနာကျတ်သလို ဟန်ဆောင်တာကို
မင်းရှိတာကို မှန်းဆနေသလို
တိမ်တိုက်တွေလည်း မည်းမှောင်ကာပြို

ငွေ့ရည်ဖွဲ့လို့ မိုးရွာတာကို
အပြစ်တင်ဖို့ ကြံစည်နေသလို
မိုးရေထဲပဲ တကိုယ်လုံးရွှဲစို

မှန်တာကိုဆို ကျန်တာတွေမလို
အတန်တန်ကို တောင်းတနေသလို
စကားလုံးက အပြစ်ဘက်ပို

မင်းရဲ့အလှ ကဗျာဖွဲ့လို့မဝ
စွဲလန်းတာက ငါ့ရဲ့ဘက်က
အပြစ်ဖွဲ့တာ မင်းနှုတ်ခမ်းက

ကာရံမလှ ကဗျာမကျ
အလင်္ကာမပါ အကြင်နာတွေပါ
မြင်သာနေတာ မင်းကိုချစ်တာ
စောင့်နေမှပါ ပြန်လာခဲ့ပါ.........


P.S... "u MaK3 m3 disappointed"

"မင်းကိုချစ်တဲ့လူ"

No comments:

Post a Comment