Sunday, May 10, 2009

快樂的母親節...

အိမ်ကထွက်ခဲ့တာ ၉လကြာ
စင်္ကပူမှာ စိတ်ညစ်စရာ
အဆင်မပြေတာ ထပ်ခါထပ်ခါ
အမေ့အိမ်ကို ပြန်ချင်တာ

ပြန်ချင်နေလဲ မပြန်ရဲ
စိတ်ဆင်းရဲမှာ စိုးရိမ်မြဲ
စိတ်ညစ်စရာ ရှိရင်လဲ
လူမသိပဲ ငိုကျွေးဆဲ

ကျောင်းကပြီးတာ ဘွဲ့ရကာ
အရွယ်ရောက်လို့ ပိုက်ဆံရှာ
သားရှာသမျှ ငွေတွေဟာ
မိဘကျေးဇူး ဆပ်ဖို့ပါ

သားသမီးထဲမှာ အဆိုးဆုံး
မလိမ္မာတဲ့ သားအကြီးဆုံး
စိတ်လည်းမဆိုး စိတ်မပြတ်တုန်း
တန်းတူထားကာ ချစ်နေတုန်း

ကမ္ဘာ့မိခင်များနေ့ မေလ ၁၀ ရက်နေ့
သားကတော့ အဝေးကပေါ့
ဆုတောင်းပေးနေ ကျန်းမာစေ
လိုအင်ဆန္ဒ ပြည့်ပါစေ
လူသားအားလုံးတို့ရဲ့ အမေ...


"မင်းကိုချစ်တဲ့သူ"

1 comment:

  1. ကြိုက်တယ် ခံစားရတယ် သိလား

    ကျေးဇူးလည်းတင်တယ် ဖတ်လိုက်ရလို့ပေါ့

    ReplyDelete