နေတခြမ်း လတခြမ်း
မလှန်းနိုင်တဲ့ ငါ့ခြေထောက်တွေ
မင်းရှိရာကို အတွေးအိပ်မက်နဲ့
အခေါက်ခေါက်ရောက်ခဲ့တယ်...
နေရာတလျှောက် ဘယ်ကိုရောက်ရောက်
ငါဟာ ငါ့ကိုငါမပိုင်တဲ့လူတစ်ယောက်
နှလုံးသားတစ်ခုလုံး လဲလှယ်ပြီးမှ
အစားထိုးလို့မရတော့ပါဘူး...
အတွေးထဲမှာ သာယာလွန်းတယ်
လက်ဆုတ်လက်ကိုင် သက်သေမပြနိုင်လို့
ပျက်ခဲ့တဲ့ မင်းမျက်နှာ
ကမ္ဘာပျက်တာတောင် မျက်စိထဲကမထွက်ဘူး...
မင်းကိုချစ်တိုင်းတာ ကြယ်တစ်ပွင့်ကြွေမယ်ဆိုရင်
ကောင်းကင်ကြီးကို ငါ့ရဲ့ အထီးကျန်ရာထူး
လွဲပြောင်းပေးလို့ရတယ်...
ရင်ခုန်တိုင်းက အချစ်မဟုတ်သလို
သံယောဇဉ်နှောင်ကြိုးကလည်းအချစ်မဟုတ်ပါဘူး
အချစ်ဆိုတာက လူတွေမွေးကတည်းက
ဘုးရားကပေးလိုက်တဲ့အမွှေ ပါ...
ငါကဒီတစ်ခုတည်းသော အမွှေ ကို
ငါ့ရဲ့ တစ်ယောက်တည်းသောမင်းကို ပေးခဲ့ပြီးပြီ
မိုးကြိုးပစ်ရင်တောင် ရင်မခုန်တတ်တော့ဘူး...
ဒီစာကို မင်းဖတ်နေတဲ့အချိန်မှာ
ငါကို ငါမဟုတ်တဲ့ တစ်နေရာမှာ
အသက်မရှိတော့တဲ့ စက်ရုပ်တစ်ရုပ်လို
ငါ့ဘ၀ကို သံပတ်ပေးရင်း.............
P.S. သံသရ... စာလုံးသုံးလုံးထဲ ဒါပေမယ့် မင်းသံသရဖြစ်တဲ့အချိန်ဟာ ငါကမ္ဘာဆယ်ပတ် ပတ်လို့ရတယ်....
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment