Saturday, July 25, 2009

အတိတ်ကအလွမ်း

အလွမ်းတွေဖွဲ့လို့ အနမ်းကိုတမ်းတနေတယ်
အရမ်းကိုချစ်လို့ အမုန်းကိုရွံရှာနေတယ်
နေရာသစ်မှာမို့် သံသယမဖြစ်လွန်းပါနဲ့
ကျန်ရစ်တဲ့သူ့ကို ရန်မဖြစ်ဖို့ရှောင်ရှာရင်း
တကမ္ဘာခြားနေရပါပြီ....
တကယ်ဆို သူနဲ့ကျွန်တော်က
မြတ်နိုးဖော် မြတ်နိုးဖက်
ကြင်နာဖော် ကြင်နာဖက်
အားပေးဖော် အားပေးဖက် တွေပါ...
ဒါတွေက ကံကြမ္မာရဲ့
ပျက်ရယ်ပြုမှု တစ်ခုကြောင့်
လွင့်ပါးရတော့မလား...
ကျွန်တော်အမြဲ ဆုပ်ကိုင်ထားတဲ့လက်လေး
ပျောက်သွားသလို ခံစားနေရတယ်
ဘယ်လိုဖြစ်တာလဲ...
လေး ငါး နှစ်သံယောဇဉ်က
ငါးမိနစ်အတွင်း ပျက်ဆီးသွားတာလား...
အချစ်ကကော ဘာလဲ
ကမ္ဘာ့မျက်လည့်ဆရာလား
သူခေါ်ခဲ့တဲ့ နာမည်လေး
ဒီတသတ် ပြန်ကြားနိုင်ပါ့မလား...

P.S If i can stay wit u in dream, hope ta dream b forevr and let me sleep forevr an' evr.....

"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment