Sunday, July 26, 2009

မိုး

မိုးဖွဲဖွဲနဲ့ စိုရွှဲရွှဲလေး ဒီနေ့ဘာနေ့လဲ
ပြက္ခဒိန်ထဲက နေ့တနေ့
ဝန်းကျင်နဲ့ မိုးရေရဲ့အားပေးမှုက
့အထီးကျန်မှုကို အကဲပိုစေတယ်
အေးစိမ့်စိမ့်ဥတု ရွာမဆဲမိုးရာသီကြောင့်
အတိတ်ကို ပြန်သတိရနေသလို
စီးချက်ညီတဲ့ မိုးခြိန်းသံကလည်း
သူ့ကို ခြောက်ခြားနေမလား
အခုအချိန်မှလည်း ငါ့ရင်ခွင်က
သူ့အတွက် နွေးထွေးနိုင်ပါ့မလား
သူ့စိတ်ထဲမှာကော ငါက
ရှင်သန်နေသူတစ်ယောက်လား
မိုးရယ်.... မင်းစတဲ့ ဇာတ်လမ်း
မင်းပဲအဆုံးသတ်ခဲ့တာလား
မင်းကတော့ လူတွေကို
အေးချမ်းစေတယ်...
ငါ့ကိုတော့ဘာလို့မအေးချမ်းစေတာလဲ
မိုးရွာနေရင် ငါပိုပူလောင်လာသလိုပဲ
အတိတ်က အတိတ်ပေမယ့်
မမေ့အောင် အိပ်မက်ပေးပေးနေတယ်
တမ်းတလို့ လွမ်းရတာ
နာကြင်လို့ မပြန်လာချင်တော့ပါဘူး...
တစ်ခါသေဖူး ပြင်ဖူးနားလည်
ဝင်ခဲ့ဖူးတဲ့ မင်းနှလုံးသားလည်း
ပြန်မ၀င်ချင်တော့ဘူး...
အခွင့်ရမယ်ဆိုရင်
နေခဲ့ဖူးတဲ့ မင်းနှလုံးသားကို
ဘယ်သူ့ကိုမှမပေးပါနဲ့.....
မိုးရယ်... မင်းကိုမမုန်းခင်
ငါ့ကိုအေးချမ်းပေးပါလား....


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment