Monday, September 14, 2009

ချစ်သူဒိုင်ယာရီ

ချစ်သူစဖြစ်တဲ့ပထမနှစ်
လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်တော်ရဲ့မွေးနေ့ မိုးရာသီအစ ဇွန်လ ၂၀ ၂၀၀၄ ခုနှစ်ပေါ့... ချစ်သူနဲ့စတွေခဲ့တရ် (သူငယ်ချင်းတယောက်က မိတ်ဆက်ပေးခဲ့)... ဇန်လ ၂၁ မှ စက်တင်ဘာလ ၁၉ နေ့ မနက် ၉ နာရီ ၁၉ မိနစ် အထိ သူငယ်ချင်းဘ၀နေ့ ပျော်ရွင်စွာဖြတ်သန်းခဲ့တယ်... ၉ နာရီနဲ့ ၂၀ မှာတော့ သူဟာ ကို့ဘ၀ရဲ့ ရည်မှန်းချက် မျှော်လင့်ချက် ဖြစ်လာခဲ့တယ်... မှတ်မှတ်ရရ အဲ့ဒီနေ့မှာ ချစ်သူထံမှ Alter Shirt တစ်ထည် လက်ဆောင်ရခဲ့တယ်... ဒီလိုနဲ့ ချစ်သူတွေရဲ့ နေဖြစ်တဲ့ ဖေဖ၀ါရီလ ၁၄ ရက်နေ့ ၂၀၀၅ မှာ ပန်းစည်း နှင့် Giordano အင်္ကျီလက်ဆောင်ရခဲ့... ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၁၈ နှစ်မြောက်မွေ့နေ့ ရောက်ရှိလာတယ်... လက်စွပ်လေးတစ်ကွင်းနဲ့ ချစ်သူက ကျွန်တော့်ဘ၀ ကို ချုပ်ကိုင်ထားခဲ့တယ်(အမေပြောတဲ့စကား)... ကျွန်တော်တို့ရဲ့ တစ်နှစ်ပြည့်နေမှာတော့ အင်္ကျီဆင်တူဝတ်လို့ သူငယ်ချင်းတွေကို နေ့လည်စာကျွေး တိရစ္ဆာန်ရုံမှာ ပဲ ၁၉.၉.၀၅ ကိုပျော်ရွင်စွာပြီးဆုံးခဲ့...
ချစ်သူဖြစ်တဲ့ ဒုတိယနှစ်
Chirstmas eve  ဒီဇင်ဘာ ၂၄, ၂၀၀၅ မှာတော့ ချစ်သူနဲ့ ပထမဆုံး Hip-Hop ရှိုးကိုသွားကြည့်ခဲ့... New Year မှာတော့ မျှော်စင်ကျွန်းက ရှိုးလေးတစ်ပွဲ ကို ချစ်သူအပါအ၀င် ညီအကိုများစွနဲ့ ကြည့်ခဲ့တယ်...
ဒီလိုနဲ့ ဖေဖ၀ါရီလ ၁၄ မှာ မသိအောင် ပန်းစည်းအပြန်အလှန်ပေး ချောကလက်ကျွေးရင်းနဲ့... ၉ ရက် ၄လ မှာတော့ ချစ်သူမွေးနေ့ လက်စွပ်မောင်းကွင်းလေးပေးခဲ့တယ်... ဒီလိုနဲ့ပဲ ကျွန်တော့်မွေးနေကို တဖန်ပြန်ရောက်လာခဲ့တယ်... ကိတ်မုန့်လေးနဲ့ အကိုတစ်ယောက်အိမ်မှာ အကင်လုပ်စားရင်းပျော်ခဲ့ကြတယ်... ကျွန်တော်တို့ရဲ့ နှစ်နှစ်ပြည့်နေ့မှာတော့ သူငယ်ချင်းတွေကို ခေါ် M3 ကိုသွား သီချင်းဆို... ပျော်ကြပါးကြ သောက်ကြနဲ့ စိမ်းလန်းစိုပြေ ကို သွားခဲ့တယ်...
ချစ်သူဖြစ်တဲ့ တတိယနှစ်
တန်ဆောင်တိုင်မှာတော့ ချစ်သူအိမ်နားက နိဗ္ဗာန်ဈေးကို သွားလည်ရင်း... Christmas နေ့မှာတော့ ရှိုးမသွားခင် မိဘနဲ့မိတ်ဆက်ပေးခဲ့တယ်... New Year ရောက်တော့ မခွဲဖို့ဆုတောင်း ထ၀ရချစ်ကြောင်း တစ်ဦးကိုတစ်ဦး ပြောကြားခဲ့တယ်... Valentine ရောက်တော့ ချော့ကလက်ကျွေး ပန်းစည်းပေးလို့...
သူ့မွေးနေ့မှာတော့ မွေးနေ့လက်ဆောင်အဖြစ် Foot Chain ပေးခဲ့တယ်... ကျွန်တော်မွေးနေ့ရောက် တော့လည်း သူ့စီက ဒုတိယမြောက် မောင်းကွင်းလေးတစ်ခုရရှိခဲ့... ၀မ်းနည်းစရာ ဒီသုံးနှစ်မြောက်နေ့ မှာတော့ တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲကြောင့် စာတွေနဲ့ လုံးပန်းရင် မပျော်ခဲ့ရဘူး... ဒီလိုနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နောက်ဆုံးစာမေးပွဲ ကို အဆုံးသတ်ခဲ့တယ်... သူကကြတော့ မပြီးခဲ့... နောက်ဆုံးနှစ်တနှစ်ကျန်တော့ သူ့ကို ကျောင်းကြိုကျောင်းပို့လုပ်ပေးခဲ့တယ်...
ချစ်သူဖြစ်တဲ့ စတုတ္ထနှစ်
Valentine မှာတော့ Chocolate နဲ့ အရုပ်ပါသော ပန်းစည်းကို လက်ဆောင်ရခဲ့... ဒီနှစ်တော့ကျွန်တော်က ပန်းစည်းမပေးပဲ ဆွဲကြိုးတစ်ကုန်းပေးခဲ့တယ်... ဖေဖ၀ါရီလ ၂၃ မှာတော့ မိခင်... ညီအစ်ကို... တစ်ဦးတည်းသောချစ်သူ နဲ့ ဘွဲ့ နှင်းသဘင်ကိုသွား... ဘွဲ့ယူခဲ့တယ်... ချစ်သူရဲ့  ၂၁ နှစ်မြောက်မွေ့နေ့မှာတော့ အမေနဲ့အတူသွားဝယ်တဲ့ Hand Chain ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တယ်... သြဂုတ်လ ၂၃ မှာတော့  စလုံးကို သွားဖို့ အချိန်ရောက်ခဲ့တယ်... ချစ်သူခမျာ မပြုံးနိုင်... ချစ်သူမျက်နှာကိုကြည့်ပြီးအားပေးခဲ့ တယ်... ဒီလိုနဲ့ စလုံးရောက်လာတော့ အလုပ်ရှာရင်း ချစ်သူနဲ့ Gtalk မှာ တစ်နေ့ ငါးကြိမ်ထက်မနည်းတွေ့ဖြစ် တယ်... ဒီ လေးနှစ်ပြည့်တဲ့နေ့မှာတော့ ဘာမှထွေထွေးထူးထူးမရှိခဲ့ဘူး... ဘုရားမှာ ငွေ ၉၀၀၀ လှူခဲ့တယ်...
ချစ်သူဖြစ်ဖို့ ငါးနှစ်မပြည့်မှီ တပါတ်
အောက်တိုဘာ ၂၂ မှာတော့ အလုပ်ရလို့ ၀မ်းသာမဆုံး ပျော်ရွင်လို့ ပျော်ရွင်ခြင်းကို ချစ်သူနဲ့ ဝေငှခဲ့တယ်... နိုဝင်ဘာ ၁၁ မှာတော့ အလုပ်ခွင်ထဲစ၀င်လို့ အလုပ်ရှုပ် ကံဆိုးမိုးမှောင်ကျတာပဲ... ဒုက္ခရောက် ခေါင်းမထောင်နိုင်အောင်ရုန်းရလို့ လူဘ၀ အဓိပ္ပာယ်ကို စသိခဲ့ရတယ်... Christmas နေ့ကဘာမှမထူးသလို ပဲ... New Year ညတော့ မခံစားဘူးတဲ့ ခံစားချက်လေးပေါ့... နှစ်သစ်ကို နှစ်ခါဆုတောင်းခဲ့တယ်... (မြန်မာစံတော်ချိန် နဲ့ စလုံးကစံတော်ချိန်)... ဇန်န၀ါရီလ ၁၁ ရက်နေ့မှာတော့ မင်းကိုချစ်တဲ့သူနာမည်နဲ့ မင်းအနားမှာ Blog ကိုစရေးခဲ့တယ်... ချစ်သူကိုတော့အသိမပေးခဲ့ (သ၀န်တိုတတ်လို့)... ချစ်သူများနေ့ရောက်တော့လည်း လူကြုံမရှိတာနဲ့ ဘာမှမပေးလိုက်ရဘူး... I LUV U Forever ဆိုတဲ့ ကဒ်လေးနဲ့ ချစ်သူကို နှစ်သိမ့်ခဲ့တယ်... ချစ်သူ မွေးနေ့မှာတော့ New iPod Shuffle ကိုပေးခဲ့တယ်... ကျွန်တော့်မွေးနေ့မှာတော့ မထင်မှတ်ပဲ ချစ်သူထံမှ လက်ဆောင်ရခဲ့တယ်... စက်တင်ဘာလ ၁၂ ရက်နေ့ လွန်ခဲ့တဲ့ စနေနေ့ပေါ့ ညီတစ်ရောက်မွေးနေ့ကို East Coast မှာလုပ်တော့ သွားစားရင် ပြန်မအိပ်တဲ့ အပြစ်နဲ့ မနက် ၃:၀၀ တိတိမှာ လမ်းခွဲဖို့ဆိုခဲ့တယ်... ဆောက်တည်ရာမရဖြစ်လို့ လူလဲ ဆွဲ့ အသွားခဲ့တယ်... ချစ်သူထံမှ မကြားချင်ဆုံး စကားကို ကြားခဲ့ရလို့... လာမည့် ၁၉ ရက် ဆို ငါးနှစ်ပြည့်တော့မယ်... ချစ်သူအတွက် ၀ယ်ထားတဲ့ လက်စွပ်နဲ့ ပေးမဲ့ ဖုန်း ကိုဘာလုပ်ရမလဲ?????????











နေမ၀င်တဲ့ ညများလို
ပြန်ဆုံမဲ့အတွေးတွေနဲ့
သူ့ကိုချစ်တဲ့ အချစ်တွေက
ရင်ထဲမှာ ပြည့်လျှံလို့
နေ့ရက်တွေကလည်း ရင်ခုန်စရာအပြည့်နဲ့
ဖြတ်ကျော်ခဲ့ဖူးတယ်...
နောက်တပတ် စနေနေ့
ကျွန်တော်တို့ရဲ့  ငါ့နှစ်ပြည့်မဲ့နေ့တနေ့
ပျော်ရွင်စွာနဲ့ စောင့်မျှော်ရင်း
မနေ့က စနေမှာ
အပြီးပြတ် ချစ်သူထံမှ
လမ်းခွဲစကား ကြားခဲ့တယ်...
သံသရတွေ ပေါင်းစုလို့
ယုံကြည်မှုက မှေးမှိန်
ပျော်ရွင်မှုတွေက ပြန်မလာတဲ့
အချိန်တွေကို လျစ်လျူရှုခဲ့တယ်...
၅ နှစ်ပြည့်လက်ဆောင် အဖြစ်
လက်စွပ်နဲ့ဖုန်း လက်ခံပေးပါကောင်မလေး
ကျန်တဲ့အရှုံးနဲ့ အမုန်းကိုတော့
ကျွန်တော့်ကို အဖေါ်အဖြစ်ထားခဲ့ပေးပါ...


မျှော်လင့်ခြင်းများစွာနဲ့
မင်းကိုချစ်တဲ့သူ

9 comments:

  1. စောင့်ပါဦးကွယ်.။ရှိထားတဲ့ သံယောဇဉ်လေးက ဒီလောက် အချက်နဲ့ လွယ်လွယ်မပျက်လောက်ပါဘူး

    ..။

    ReplyDelete
  2. အင်းလေ
    မြပြောသလိုပဲ
    ကြိုးစားကြည့်ပါဦး
    အဆင်ပြေပါစေ

    ReplyDelete
  3. bro.. ဒါဆို... အဲ့နေ့က east coast သွားလို့ ပေါ့.. သူကတော့ အဲ့လိုလေးနဲ့တော့ လွယ်လွယ် မပျက်လောက်ပါဘူး.. အဲ့လောက်ချစ်တာကို.. Fighting..

    ReplyDelete
  4. ဘာလုပ်ရမလဲ အကြံလေး တစ်ခုပေးမယ်။
    ဒီနှစ်အတွက် ၀ယ်ထားတဲ့ လက်စွပ်နဲပုဖန်းကို သွားလွှင့်ပစ်လိုက်။ အကိုလိုက်ခဲ့မယ်။ ပြန်ကောက်သိမ်းခဲ့ရအောင်လို့ (ပြန်လာမတောင်းကြေး)။

    စတာပါ ညီလေးရာ။ ချစ်သူသက်တမ်း ငါးနှစ်တောင်ရှိပြီပဲ။ ပြန်အဆင်ပြေသွားမှာပါ။

    အစစအရာရာ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  5. စိတ်ကောက်ချင်ယောင်ဆောင်တာ နေမှာပါ။ ပြန်ပြီး ချော့ချင်ယောင်ဆောင်လိုက်လေ။ နောက်တာနော်။
    ငါးနှစ်ဆိုတဲ့ သံယောဇဉ်ကို ငါးရက်လောက်မေ့ရရင်တောင် ကံကောင်းတယ်မှတ်။
    လောင်းရဲတယ်။ ပြန်အဆင်ပြေသွားမှာပါ။

    ReplyDelete
  6. ငါးနှစ် ဆိုတဲ့ ချစ်သူ သက်တမ်းက
    နည်းတာမှ မဟုတ်တာ ~~~
    ပြန်ချော့လိုက်ပါ ။
    ပြန်အဆင် ပြေသွားမှာပါ ~~
    ငါးနှစ်တောင် ချစ်လာပြီးတာ
    5 မိနစ် အတွင်း စိတ်ပြေသွားမှာပါ ။
    ပျော်ရွှင်ဖွယ် ကောင်းတဲ့
    ချစ်ရက် များကို ဖြတ်သန်းနိုင်ပါစေ ။
    ~~~~
    မင်္ဂလာဆောင်ရင် ဖိတ်နော် ~~~
    လက်ဖွဲ့တွေ လာကူသိမ်းပေးမယ် ..။
    (( ပြီးရင် အိမ်ကို သယ်သွားမယ် ))
    အဟိ ..!

    ReplyDelete
  7. soothe her back. just try again and again like before you got that girl. :)

    ReplyDelete
  8. တခုပြောချင်ပါတယ်...
    ၅ နှစ်လောက်ချစ်ခဲ့တဲ့ သံယောဇဉ်ဟာ
    ဒီလောက်လွယ်လွယ်နဲ့ မပျက်နိုင်ပါဘူး...
    တကယ်ချစ်ခဲ့ကြတာပဲ ...
    ပြန်အဆင်ပြေမှာပါ..
    ဆုတောင်းပေးပါတယ်...ညီ

    ReplyDelete
  9. အကြံပေးတဲ့ လူများကိုကျေးဇူးတင်ပါတယ်... အဆင်ပြေစေချင်တဲ့စိတ်ကိုလဲလေးစားပါတယ်...
    ဒါပေမယ့်... တခါတလေတော့လည်း...
    သံယောဇဉ်နဲ့ အချစ်ဆိုတဲ့အရာက ပတ်ဝန်းကျင် ကိုမလွန်ဆန်နိုင်ပါဘူး...

    "ဘ၀မရှိတဲ့ အချစ်ကအရမ်းသာယာပါတယ်...
    ဘ၀ရှိတဲ့ အချစ်ကတော့ ပူလောင်လွန်းပါတယ်..."

    ReplyDelete