Friday, September 18, 2009

ထွက်ခွာတတ်သူ

ရင်နာစရာ စိတ်ညစ်စရာတွေကိုပိုက်လို့
ပျော်ရွင်ခြင်းများစွာကို ရှာဖွေစဉ်
အမှတ်မထင် သံယောဇဉ်
ကြိုးတစ်ချောင်းလေးကြောင့်
ဒီတသတ်မတွေ့နိုင်တော့တဲ့
လူတယောက်ကို ပြန်တွေ့ခဲ့တယ်...
စိတ်ညစ်စရာ ခဏမေ့လို့
စိတ်ပျက်စရာကို အိပ်ဆေးခပ်
ပျော်ရွင်စရာကိုပဲ ယူဆောင်ကာ
အမုန်းကမ္ဘာထဲ ကထွက်ခဲ့တယ်...
အချိန်တွေကိုမေ့သွားလောက်အောင်
ကြည်နူးလို့ အဲ့ဒီအချိန်ကို
မကုန်ဆုံးအောင် ဆုတောင်းခဲ့တယ်...
ကျွန်တော့်အတွက်သူက ပျော်ရွင်စရာယူလာပေးသူ
သူ့အတွက်တော့ ကျွန်တော်က အဆိပ်ခွက်လေးပေါ့
ဒီပျော်ရွင်မှုတွေက မထင်မှတ်ချိန်မှာပဲ
ကျွန်တော်မသိအောင် ထွက်သွားတော့မယ်
"သူ့ကိုချစ်တယ်" ကျွန်တော့်စိတ်ထဲမှာ
သူ့ကိုမြင်တိုင်း ပြောဖြစ်ခဲ့တယ်
"သူ့ကိုမြတ်နိုးတယ်" သူ့ကိုတွေ့တိုင်း
စိတ်ထဲမှာ ရေရွတ်မိတယ်
ဒါပေမယ့် သူက ကျွန်တော်မသိအောင် ထွက်ခွာသွားနေမှာ...


P.S. သူကိုမပိုင်ဆိုင်ရတော့လဲ ရပါတယ်... အဝေးကပဲစောင့်ကြည့်တော့မယ်...

မြတ်မြတ်နိုးနိုးနဲ့ချစ်တဲ့
"မင်းကိုချစ်တဲ့သူ"

5 comments:

  1. စိတ်ညစ်စရာ ခဏမေ့လို့.... စိတ်ပျက်စရာ အိပ်ဆေးခပ်မယ်.... ဂျေးရေ ဒိုင်ငါးလုံးလောက် ပေးကွာ...

    ReplyDelete
  2. ဟိုက်ရှာလပတ်ရည်...
    ဘဲကြီးကလည်းဗျာ...နောက်တစ်တွေ.ရင်
    သူထွက်သွားလို့မရအောင် ကြိုးတုတ်ပြီးသာ
    အိမ်ကိုခေါ်လာလိုက်တော့...
    ပေးဆပ်ပြီးချစ်ရတာဟာ အချစ်စစ်လို့မည်ပေမဲ့
    ရင်ထဲမှာဘလောင်ဆူနေတာကို ကိုယ်ပဲသိတယ်လေ...
    နှလုံးသားချင်းအမြန်ဆုံးနီးစပ်နိုင်ပါစေ

    ReplyDelete
  3. မင်္ဂလာပါ...
    အစ်ကိုက member အသစ်ပေါ့...
    ခံစားမှုရှိသူခြင်းတွေ့ဆုံချင်လို့ပါ...

    ဘာမှမသိသေးတဲ့ အချိန်မှာ အဆုံးဆိုတာမရှိပါဘူး...
    ပြန်လည်နီးစပ်နိုင်ပါစေ...

    ReplyDelete
  4. ကျေးဇူးပဲ ဟီးရိုး... မင်းပေးတဲ့အကြံကောင်းတယ်... နောက်ဆိုကြိုးတုတ်ပြီး အိမ်ကိုခေါ်ထားလိုက်မယ်....

    ReplyDelete
  5. a mye ma thi shayy sar so... :PSeptember 20, 2009

    ehhhh... ma loat par nae'... kyout sa yar gyi.... ma hote ka hote ka tay shout a kyan payy nay tel... >.< ... lolz... nout so ma twae' chin 911 ko a yan khaw htar ya mel... :P

    ReplyDelete