Tuesday, September 29, 2009

အထီးကျန်

အမုန်းအတွက် အချစ်ကိုစတေး
ဘ၀အတွက် အသက်ကိုပေး
အဝေးရောက်နေတဲ့ ငါ့အတွက်
ချမ်းအေးတဲ့နှင်းတောင် ပူလောင်မှုကို
မလွမ်းခြုံပေးနိုင်ပါလား...
ပျော်ရွင်မှုအတွက် မာနကိုစတေး
ကြည်နူးမှုအတွက် ကျေနပ်မှုကိုပေး
ပြန်မရနိုင်တဲ့ အချစ်တွေအတွက်
ကျန်ခဲ့တဲ့အတိတ်က ခြေရာတွေက
အမှတ်တရမဖြစ်နိုင်တော့ပါလား...
အတူလျှောက်ခဲ့တဲ့ အိမ်ပြန်ချိန်
ငါတို့ရဲ့ပျော်ရွင်မှုကို ရှုစားနေတဲ့ နေမင်း
ငါတို့နှစ်ယောက်ကို ခဏတာခွဲတဲ့ လမင်း
အခြေအနေတစ်ခုကြောင့် ပြန်ဆုံနိုင်မဲ့
မျှော်လင့်ချက်ရေးတေးတေးကို ရင်မှာပိုက်
အထီးကျန်လှတဲ့ Singapore Nite မှာ
စိတ်အိုက်လို့ နှလုံးသားကလဲ
ဒဏ်ရာတိုက် ဖြစ်ခဲ့လေပြီ...


P.S     不用擔心太多... 我會一直好好過,,,(dun't worry... i will b ok...)

မင်းကိုချစ်တဲ့သူ
          

1 comment:


  1. အထီးကျန်တယ်ဆိုတာ
    လောကကြီးက ကိုယ့်ကိုမေ့သွားလို့မဟုတ်ဘူး။
    ကိုယ့်က လောကကြီးကို မေ့သွားလို့ဖြစ်ပါလိမ့်မယ်။
    ပတ်ဝန်းကျင်ကိုခံစားကြည့်ပါ။
    အဲဒီထဲက ပျော်ရွှင်မှုကိုရှာဖွေပါ။
    မျှော်လင့်ချက်ဆိုတာ ဆုံမှတ်တခု မဟုတ်ပေမယ့်
    ပန်းတိုင်တခုတော့ဖြစ်လိမ့်မယ်။
    မျှော်လင့်ပါညီ... အရာအားလုံးအဆင်ပြေပါစေ...

    ReplyDelete