Sunday, September 20, 2009

အချစ်ဆုံးသို့

အရာရာကို သံသယပိုလို့
ဝေဒနာကို ရင်မှာပိုက်တဲ့
ကိုချစ်ရတဲ့ ကောင်မလေး
အကြင်နာကို မယုံတာတွေနဲ့
အကြိမ်တစ်ရာ ဖုံးလွမ်းလို့
အမှန်ကို မရှာဖွေခဲ့
ဆုံချင်တဲ့ စိတ်ကလေးနဲ့
ပြန်ဆုံဖို့ တွေးတွေးနေရင်း
ဝေးဝေးသွားခဲ့ ပြီ
ဒီလိုနဲ့ ချစ်ခဲ့ကြရင်း
ချစ်သက်တမ်း ငါးနှစ်ပြည့်မှာ
အနှစ်သာရမဲ့လို့ အချစ်သာ
ဒဏ်ရာရခဲ့ပြီ.............

အဝေးကပဲချစ်နေမဲ့
"မင်းကိုချစ်တဲ့သူ"

4 comments:

  1. ဒဏ်ရရှိတဲ့ အချစ်က ပို တန်ဖိုးရှိတယ်။ နောက်တစ်ခါ ဒဏ်ရာ မရအောင် သူ သင်ခန်းစာ ပေးခဲ့ပြီလေ

    ReplyDelete
  2. နောင်မွေးဖွားမဲ့အချစ်တွက်
    သံသယကင်းရှင်းစွာ
    ချစ်နိုင်ကြပါစေဗျာ

    ReplyDelete
  3. ကောင်မလေးက
    စိတ်ဆိုးတာ ပြေသေးဘူးလား ..
    သေချာ မချော့လို့ နေမှာပေါ့ ..
    အဟိ ..

    ၅ နှစ်တောင်
    ချစ်ခဲ့ကြပြီပဲ ..
    ဘာလို့ ဒဏ်ရာတွေ ရရမှာလဲ ..??

    အရင်လိုပဲ ပြန်ပြီး
    အချစ်တွေ နဲ့ ပြည့်နေပါစေ
    လို့ ဆုတောင်းပေးသွားပါတယ် .. ။

    ReplyDelete
  4. a tate ka a kyaung tay ko twayy pee sate nyit ma nay par nae tot nor... :) juz think of how can u do ur best in the future ^^

    ReplyDelete