အတွေးများနဲ့ အရေးအသားတွေ
အလွမ်းများအား အရာထင်စေ
သံသယတွေနဲ့ မယုံကြည်မှုတွေ
အမုန်းတွေကို အားပေးနေ
ကံကြမ္မာနဲ့ သံသရာတွေ
ဘ၀ပန်းတိုင်ကို ပိတ်ဆို့နေ....
ဟန်ဆောင်ကောင်းတဲ့ လူတွေရဲ့ကြား
ကျင်လည်နေရလည်း အဖော်မွန်ပဲလို့
စိတ်ထဲတွေးထင် အားလုံးကိုအမှန်မြင်ကာ
ဆက်ဆံပေါင်းသင်း ကူညီရင်းနဲ့
ပင်လယ်ဝရောက်မှ သိလိုက်ရတယ်
Colleague ဆိုတဲ့ဝေဟာရရဲ့ အဓိပ္ပာယ်...
ဒီဝင်္ကပါဘ၀ ပျော်ရွင်တာခဏ
မပြည့်စုံမှုတွေနဲ့ လျှောက်နေတဲ့လမ်း
ဖြောင့်သန်းမှုမရှိ ဘယ်ရောက်မှန်းမသိအောင်
ရေနစ်နေလည်း ကယ်ဆယ်သူမဲ့
နှစ်ကိုယ်တူဘ၀ကို လျှောက်ကြမဲ့
ချစ်သူလက်ကို တမ်းတမိခဲ့...
တခါတခါတော့ အိပ်မက်ထဲမှာ
ရောက်ရောက်နေတဲ့ ရန်ကုန်မြို့ရဲ့
ပျော်မ၀တဲ့ တချိန်ကနေ့တွေကို
ပြန်ရောက်ချင်လည်း ပြန်ခွင့်မရတဲ့
ငါတစ်ယောက် မိဘစကားရင်မှာထားရင်း
ချစ်သူနဲ့လည်း အငြင်းပွား ပဋိပက္ခများရလေခြင်း...
မင်းကိုချစ်တဲ့သူ
အကိုလေးရေ ဦးဦးဖျားဖျားဝေဖန်သွားတယ်
ReplyDeleteဟီး အသံထွက်ဖတ်ကြည့်တာ
ဇာတ်ထဲက လူရွှင်တော်တွေ မင်းသမီးခေါ် သလို ဖြစ်သွားတယ်
မငိုနဲ့နော် :P
သြော်
ReplyDeleteနင်ကလဲနော်
း))
အိပ်ခါနီးလေး ကဗျာလာဖတ်သွားတယ်ဗျို့။
ReplyDeleteအရမ်းကောင်းတယ်။အမြဲတမ်းလာတယ်။မနက်လည်း ဒီမှာပဲ။သီချင်းလေးတွေကကို တိုက်ဆိုင်လွန်းလို့လေ။ပျော်ရွှင်ပါစေ။
ReplyDeleteအားပေးနေပါတယ်။
ReplyDeleteအိပ်မက်ထဲမှာ ရန်ကုန် ရောက်ဖို့နေနေသာသာ... အိပ်မက် မမက်တာတောင် တော်တော်ကြာပြီ.... အဟင့်.... ငိုတောင်ငိုချင်လာပြီ... သြော်....ဘဝ ဘဝ.... >.<
ReplyDeleteကဗျာဖတ်ပြီး
ReplyDeleteငိုချင်လာပြီ . . . ။