Sunday, November 8, 2009

ပျော်ပါစေ

ကောင်းကင်ပြာကို ငေးလို့ဆို
နေ့မှာဖြာတဲ့ နေမင်းကို
ရန်ရှာလာတဲ့ လူတွေလို
ကံကြမ္မာကို စိတ်တွေတို
ပြန်မလာမဲ့ အချိန်တွေကို
ငါထိုင်ငေးကာ အတွေးပို...

လမ်းညွှန်မရှိတဲ့ ဒီလမ်းကို
မျှော်လင့်ခြင်းများနဲ့ လျှောက်လှမ်းလို
လက်တွဲဖြုပ်ခဲ့ နေ့ရက်ကို
ငါ့သမိုင်းမှာ ပြင်စေလို
မာတိကာမရှိတဲ့ ဘ၀ကို
မကောင်းမြင်ကာ အပြစ်ဆို...

ပျော်ရွင်ခြင်းအတွက် ချစ်ခြင်းကို
စတေးတတ်တဲ့ လူတွေလို
တွေးနေခဲ့တဲ့ မင်းစိတ်ကို
သည်းခံပြီးတော့ ချစ်နေလို
ရောက်ရှိလာတဲ့ အချိန်တွေကို
ကြားနေရတဲ့ သတင်းတွေလို
မဖြစ်စေရန် ဆုတောင်း
မင်းသတင်းကောင်းကို မျှော်နေပါရစေ...

P.S "အချစ်နဲ့ ကံကြမ္မာ စီးချင်းထိုးပွဲမှာ နှလုံးသားက ဓားစားခံပေါ့..."


မင်းကိုချစ်တဲ့သူ

3 comments:

  1. ညီရေ...
    ကာရံလေးမိတယ်...
    ဆို ကို လို တို ကို ပို ...
    ကို လို ကို လို ကို ဆို ...
    ကို လို ကို လို ကို လို...

    ReplyDelete
  2. ကြောင်ကလေးNovember 09, 2009

    ဂျေ... နှလုံးသားက ဓါးစာခံ ဆိုရင် လူဆိုးမကြီးက ဘယ်သူလဲ...း)

    ReplyDelete
  3. အင်းးးး
    ဘယ်လို နှစ်သိမ့်ပေးရရင် ကောင်းမလဲ ....

    ReplyDelete